အပြောခံရ နည်းနည်းသွားအောင် လုပ်ဖို့အတွက်ပဲ လူငယ်တွေမှာ တာဝန်ရှိတယ်

19 May 2019
အပြောခံရ နည်းနည်းသွားအောင် လုပ်ဖို့အတွက်ပဲ လူငယ်တွေမှာ တာဝန်ရှိတယ်

"LGBT တွေများလာတဲ့အတွက် လူငယ် (LGBT) တွေက အနေအထိုင် ဆင်ခြင်သင့်တယ်။ အဲဒီလိုမျိုး အနေအထိုင်လုပ်ပေးပါလို့။ ပြီးတော့ လွန်လွန်ကျူးကျူးတွေ မဖြစ်ကြဖို့၊ စိတ်တစ်ယူသန်မဖြစ်ကြဖို့ လိုတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေတတ်ကြဖို့ရယ်၊ လူအများ အပြောမခံရအောင် နေတတ်ဖို့ရယ်။ နောက်ပြီး ကျွန်တော်တို့ LGBT အသိုင်းအဝိုင်းဆိုတာ ပြောချင်နေတဲ့ အသိုင်းအဝိုင်းလေ။ ကျွန်တော်တို့ဆိုလည်း ပြောခံနေရတာပဲ။ နောက်လည်း ဆက်ပြောခံနေရမှာပဲ။ အဲဒီထဲကမှ အပြောခံရ နည်းနည်းသွားအောင် လုပ်ဖို့အတွက်ပဲ လူငယ်တွေမှာ တာဝန်ရှိတယ်”~ Fashion Stylist အောင်ကိုမိုး

မေလ ၁၇ ရက်နေ့ဟာ လိင်တူ၊ လိင်ပြောင်းနှင့် လိင်တူလိင်ကွဲနှစ်မျိုးလုံး ချစ်သူများအား ရွံ့မုန်းမှုကို ဆန့်ကျင်သည့် နိုင်ငံတကာနေ့ (IDAHOT) နေ့ဖြစ်ပါတယ်။ ဒီနေ့အတွက် မဇ္စျိမက LGBT တစ်ယောက်ဖြစ်တဲ့ Fashion Stylist အောင်ကိုမိုး နဲ့ တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

ရိုက်ကူး၊ တည်းဖြတ်-ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags