ရက်ပါ Curcial Star နှင့် Heize တို့တွဲနေကြောင်း ထုတ်ဖော်ပြောကြား

ရက်ပါ Curcial Star နှင့် Heize တို့တွဲနေကြောင်း ထုတ်ဖော်ပြောကြား

တောင်ကိုရီးယားရက်ပါ Crucial Star နှင့် Heize တို့ တွဲနေသည်မှာ နှစ်နှစ်ရှိပြီ ဖြစ်ကြောင်း K-pop သတင်းအရင်းမြစ်က ပြောကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာ Osen က သတင်းထုတ်ပြန်သည်။ Heize သည် ပရိတ်သတ် တစ်ဦအနေဖြင့် Crucial Star နှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ရာမှ နောက် ပိုင်းတွင် ချစ်သူဘဝသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

Crucial Star ၏ အေဂျင်စီကလည်း ၎င်းတို့နှစ်ဦး တွဲနေသည်မှာ နှစ်နှစ်ရှိနေပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ Crucial Star သည် ၂၀၁၄ ခုနှစ်က ထွက်ရှိခဲသော Heize ၏ တစ်ကိုယ်တော် တေးသီချင်း အယ်လ်ဘမ် After I’ve Wandered a Bit တေးသီချင်းတွေ featuring ပါဝင် သီဆိုပေးထားသည်။

Heize သည် လက်ရှိအချိန်တွင်Unpretty Rapstar 2 ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် လျက် ရှိပြီး Crucial Star သည် ပြီးခဲ့သည့်နှစ် ဇွန်လက Love Yourself တေးသီချင်း အယ်လ်ဘမ်ကို ထွက်ရှိခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly