ဗိုလ်မင်းရောင်ရုပ်တုကို ဇာတိမြို့တွင် စိုက်ထူဖွင့်လှစ်ခဲ့

ဗိုလ်မင်းရောင်ရုပ်တုကို ဇာတိမြို့တွင် စိုက်ထူဖွင့်လှစ်ခဲ့

မကွေး၊ မေ ၁၈ ။            ။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြို့လုလင်အုပ်စု၊ မြို့လုလင်ကျေးရွာတွင် ယနေ့ မေ ၁၈ ရက်နေ့ နံနက်ပိုင်းက ဗိုလ်မင်းရောင်ရုပ်တု ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့၊ မနောမယဆရာတော် ဦးနန္ဒိယ၏ မတည်ငွေ ငွေကျပ်သိန်း၂၀ နှင့် ဒေသခံပြည်သူများ ထည့်ဝင်ငွေ ကျပ် ၅၀ သိန်း စုစုပေါင်း ရုပ်တုကုန်ကျငွေ ကျပ်သိန်း ၇၀ ကုန်ကျခံတည်ဆောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်မင်းရောင်ရုပ်တုတည်ဆောက်ရေးကော်မတီမှ ၂၀၁၆ ခုနှစ်၊ မေလတွင် စတင် တည်ဆောက်ခဲ့ပြီး၂၀၁၉ ခုနှစ်၊ မေ ၁၁ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ယနေ့ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။  

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီးဦးမြင့်ဆွေ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရုပ်တုမြင်းနှင့်ရုပ်တုမှာ ၆ ပေ ၆ လက်မအမြင့်ရှိပြီး မြင်းနှင့်ကဗ္ဗည်းအုတ်ခုံ အလျားရ ပေ အကျယ်၄ ပေ၊ အမြင့် ၅ ပေ ရှိပြီး အောက်ခြေတမံတလင်း၁၅ ပေ ပတ်လည်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗိုလ်ချုပ်ရုပ်တုများ စိုက်ထူနေကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုး ဖြစ်သူ ဗိုလ်မင်းရောင်၏ ရုပ်တုကို သူ၏ ဇာတိမြို့တွင် စိုက်ထူခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required