အလေ့ကျပေါက်တဲ့ သကြားသီးလေးက ဒီလိုဆေးဖက်ဝင်ပါတယ်

အလေ့ကျပေါက်တဲ့ သကြားသီးလေးက ဒီလိုဆေးဖက်ဝင်ပါတယ်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
ဒီသကြားသီးဆိုတာက ဈေးကွက်ထဲမှာရောင်းချနေတဲ့ သကြားသီးမဟုတ်ပါဘူး။ အလေ့ကျပေါက်ပင်လိုမျိုးတွေ မိမိပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ အသီးနီနီလေးတွေသီးတဲ့ သကြားပင်ရဲ့ အသီးနီနီလေးတွေကို ဆိုလိုချင်တာပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ အခုတစ်ခေါက် ဒီအသီးလေးတွေက ဘယ်လိုဆေးဖက်ဝင်လဲ ဆိုတာကိုပြောပြပေးပါရစေ။ ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။
သကြားသီးနီနီလေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

သကြားသီးက ခန္ဓာကိုယ်ထဲကို ပြင်ပကဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြားသီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ် တဲ့ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေတယ်

သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ သဘာဝအရောင်ကျဆေးတစ်မျိုးလို့လည်းဆိုလို့ရပါတယ်။ သကြားသီးက အရောင်ကျဆေးတွေနီးပါး ထိရောက်မှုရှိ ပါတယ်။ အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။

ဂေါက်ရောဂါကို သက်သာစေနိုင်ပါတယ်

ဂေါက်ရောဂါဆိုတာက အဆစ်တွေရောင်ရမ်းပြီး နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ အဆစ်ထဲကနေ တဆစ်ဆစ်နာပြီး နီရဲရောင်ရမ်းနေတတ်ပါတယ်။

ဂေါက်ရောဂါက အမျိုးသားတွေမှာ အဖြစ်များပြီး အဆစ်တွေ၊အရွတ်တွေနဲ့ အခြားတစ်ရှုးတွေကို ထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကို ဂေါက်ရောဂါသက်သာစေဖို့အတွက် စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကို သကြားသီး ၉ လုံးကနေ ၁၂ လုံးအထိစားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေထိခိုက်နာကျင်တာကို သက်သာစေနိုင်မှာပါ။

ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုကောင်းစေနိုင်တယ်

ဖလေဗာနွိုက်ကြွယ်ဝတဲ့အစားအစာတွေက ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်မှုတွေကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ သကြားသီးမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်ကို ကောင်းမွန်စေပြီး လူကြီးတွေမှာဖြစ်တတ်တဲ့ အသက်အရွယ်ရလာလို့မေ့တတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်

သကြားသီးမှာပါတဲ့ Cytoxic Flavnoids က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ တော်တေ်ာလေးအသုံးဝင်ပါ တယ်။ အသီးတင်မကဘဲ သကြာသီးပင်ရဲ့ အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိ်နေတာပါ။ ရင်သားကင်ဆာကလွဲလို့  အခြားကင်ဆာတွေကိုတိုက်ဖျက်ရာမှာ သကြားသီးက အထောက်အကူပြုပေးပါတယ်။

ယူရစ်အက်ဆစ်ကို လျှော့ချပေးတယ်

သကြားသီးမှာ ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေပိုလျှံနေတာမျိုးမဖြစ်အောင်  ကာကွယ်ရာမှာ အထောက်အကူပြုပေးတဲ့ Anthrosyanin လို့သိကြတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပါတယ်။ သကြားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက  ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကိုကျဆင်းစေနိုင် ပါတယ်။

ကင်ဆာကျိတ်ကို လျော့ပါးစေတယ်

သကြားသီးမှာပါတဲ့ ဖလေဗာနွိုက်က ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ သကြားသီးရဲ့ အရွက်နဲ့ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကို တားဆီးနိုင်တဲ့ အာနိသင်ရှိ်တာပါ။

အစာအိမ်ဝေဒနာကို သက်သာစေနိုင်တယ်

သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းက အစာအိမ်ထဲမှာ လေထတာကိုသက်သာစေနိုင်ပါတယ်။ သကြားသီးက လေသက်စေနိုင်သလို၊ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေ နိုင်ပါတယ်။

ဆီးချိုသက်သာစေတယ်

သကြားသီးက ချိုတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေ နဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်မှာဖြစ်ပါတယ်။

ရာသီလာစဉ်ကိုက်ခဲတာကို သက်သာစေနိုင်တယ်

သကြားသီးရော သကြားသီးပင်ရဲ့ အပွင့်ကပါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

အမျှင်ဓာတ်ရရှိစေနိုင်တယ်

သကြားသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ သကြားသီးက သွေးတွင်းအဆီနဲ့ကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး ဝမ်းလည်းမှန်စေပါတယ်။

အစာအိမ်အနာကို သက်သာစေနိုင်တယ်

အစာအိမ်အနာရှိသူတွေအနေနဲ့ သကြားသီးစားသုံးပေးသင့်ပါတယ်။ သကြားသီးက အစာအိမ်အနာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်ခုပါ။ သကြားသီးပင်က ရောင်ရမ်းနာကျင်မှုကိုလျော့ပါးသက်သာစေနိုင် တာကြောင့် အစာအိမ်ထဲက အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်

သကြားသီးမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးအားနည်းသူတွေလည်းစားသုံးပေးသင့်ပါတယ်။

သကြားသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် အအေးမိ၊ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုး ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံး ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက နှလုံးဆိုင်ရာ ဝေဒနာတွေဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်သက်သာစေတယ်

သကြားသီးရောအရွက်ကပါ အအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင် ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကိုစားပေးတာဖြစ်ဖြစ် အရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲ ခတ်သောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly