ဓာတ်မတည့်ဖြစ်လွယ်တဲ့ လေဒီလေးတွေအတွက် အသင့်တော်ဆုံး အမျိုးသမီးသန့်စင်ဆေးရည် ဘယ်လိုရွေးမလဲ

ဓာတ်မတည့်ဖြစ်လွယ်တဲ့ လေဒီလေးတွေအတွက် အသင့်တော်ဆုံး အမျိုးသမီးသန့်စင်ဆေးရည် ဘယ်လိုရွေးမလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ဓာတ်မတည့်ဖြစ်လွယ်တာက တော်တော်လေးတော့စိတ်ပျက်စရာနော်။ ဓာတ်မတည့်တာက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာဖြစ်နိုင်တာပါနော်။ တော်တော်များများထင်ထားတာက ဓာတ်မတည့်မှုက မျက်နှာနဲ့ ခြေလက်တို့လောက်မှာပဲ အဖြစ်များမယ်လို့ပေါ့။ ဒီလိုမဟုတ်ပါဘူးနော်။ ဓာတ်မတည့်ဖြစ်တာက အချို့လေဒီလေးတွေမှာဆိုရင် မိန်းမကိုယ်မှာတောင်ဖြစ်တတ်ပါတယ်နော်။ ဒီလိုဖြစ်တဲ့အခါ လူကြားထဲမှာ နေရခက်သလို ကိုယ့်ကိကိုယ် ယုံကြည်မှုလည်းကျသွားပါတယ်နော်။ လေဒီလေးမှာ ဒီပြဿနာလေးကြုံနေရတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။
ဓာတ်မတည့်မှုက စိတ်အနှောင့်အယှက်ဖြစ်စေတယ်

မြင်သာတဲ့နေရာမှာ ဓာတ်မတည့်ဖြစ်တာကတောင် နေရခက်သေးရင် မမြင်သင့်မမြင်အပ်တဲ့နေရာမှာ ဓာတ်မတည့်မှုဖြစ်တာက ဘယ်လောက်တောင်ဆိုးရွားလိုက်မလဲနော်။ နေ့စဉ်မှာ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာက သစ္စာရှိရှိ အရိပ်လိုတွယ်ကပ်နေပြီဆိုရင်တော့ နေ့စဉ်အလုပ်တွေကို သေသေချာချာလုပ်နိုင်ဖို့နဲ့ လူအများကြားမှာ ယုံကြည်မှုပြည့်ဝတဲ့ လေဒီလေးဖြစ်ဖို့ အကြီးအကျယ်အခက်တွေ့ပြီပေါ့။ဒီပြဿနာက မွေးထားလို့မကောင်းဘူးနော်။မြန်မြန်ရှင်းနိုင်မှ တော်ကာကျမှာပါ။

ဒါဆိုဘယ်လိုဖြေရှင်းမလဲ။ မစိုးရိမ်ပါနဲ့။ ပြဿနာရှိရင်အဖြေရှိတယ်လေ။ အမျိုးသမီးသန့်စင်ဆေးရည်သုံးမှာပေါ့။ အမျိုးသမီးသန့်စင်ဆေးရည်က သုံးလို့ရပါ့မလား အဆင်ပြေပါမလားလို့တွေးနေလား။ ဆပ်ပြာသုံးလို့ရောမရဘူးလားပေါ့။ ဆပ်ပြာကိုတော့ မိန်းမကိုယ်လေးက နိုးပါတဲ့နော်။ ဆပ်ပြာသုံးရင် မိန်းမကိုယ်လေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်နော်။ ဒါဆိုရွေးစရာကျန်တာက အမျိုးသမီးသန့်စင်ဆေးရည်ပေါ့။ ဒီလိုဆိုတာနဲ့ တွေ့ရာအမျိုးသမီးသန့်စင်ဆေးရည်ကို သုံးလို့လည်းမဖြစ်ပြန်ဘူးလေ။ ဓာတ်မတည့်တတ်သူတွေက အခြားသူတွေထက်ပိုသတိထားရမယ်မဟုတ်လား။ ဒီတော့ ဓာတ်မတည့်တတ်တဲ့ လေဒီလေးတို့အတွက် အမျိုးသမီးသန့်စင်ဆေးရည် ဘယ်လိုရွေးမလဲ ပြောပြမယ်နော်။
ဓာတ်မတည့်တဲ့ လေဒီလေးတို့အတွက် အသင့်တော်ဆုံးဖြစ်မယ့် အမျိုးသမီးသန့်စင်ဆေးရည်

ဓာတ်မတည့်တတ်တဲ့လေဒီလေးတို့အတွက် အသင့်တော်ဆုံးဖြစ်မယ် ့အမျိုးသမီးသန့်စင်ဆေးရည်ဆိုတာ ဒီအချက်တွေနဲ့ပြည့်စုံရပါမယ်နော်။

အနံ့ ကင်းရပါမယ်– သဘာဝ ရနံ့ဖြစ်ရမယ်။ အနံ့မပြင်းရဘူး၊ အနံ့မစူးရဘူး။ အနံ့ပြင်းရင်တော့ ဓာတုပစ္စည်းတွေကို သုံးထားပြီဆိုတာ သိဖို့လိုပြီလေ။

အရောင်ဖျော့ရပါမယ် – ဖြစ်နိုင်ရင်တော့အရောင်အဆင်းကင်းရပါမယ်။ အရောင်တောက်လေလေ ဓာတုပစ္စည်းတွေ ပါဝင်မှုများလေလေဖြစ်တာကြောင့် မိန်းမကိုယ်သန့်စင်ဆေးရည်ရွေးတဲ့အခါ အရောင်ဖျော့တာကိုရွေးပါ။

သဘာဝဆန်တာကိုရွေးချယ်ပါ – သဘာဝဆန်တာတွေ ဓာတ်မတည့်မှုဖြစ်နိုင်ခြေ ကိုနည်းစေပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည်ရွေးချယ်တဲ့အခါ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတာမျိုးကိုရွေးချယ်ပေးပါ။

pH ပမာဏ သင့်တင့်မျှတတာကိုရွေးချယ်ပေးပါ – pH ပမာဏကများလည်း မကောင်းသလို နည်းလွန်းရင်လည်း အဆင်မပြေပါဘူး။ ဒါကြောင့် အစိုဓာတ်ထိန်းပေးပြီး ဘက်တီးရီးယားပေါက်ဖွားမှုတွေကနေ ကာကွယ်ဖို့အတွက် pH ပမာဏ သင့်တင့်မျှတတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကိုရွေးချယ်ဝယ်ယူပေးပါ။

Povidone Iodine ပါတာကိုရွေးချယ်ပေးပါ – Povidone Iodine 10% က ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဒီအချက်လေးကို သတိထားပေးမယ်ဆိုရင် မိန်းမကိုယ်မှာ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေဖြစ်ပေါ်မှုကြောင့် အနံ့အသက်ဆိုးဖြစ်တာကို ကာကွယ်ပေးနိုင်မှာပါ။

Prebiotics (အကျိုးပြုဘက်တီးရီးယားအာဟာရ) ပါဝင်တာကိုရွေးချယ်ပါ – ဘက်တီးရီးယားဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး ။ အကျိုးပြုဘက်တီးရီးယားတွေ ရှိသလို အကျိုးမပြုတဲ့ဘက်တီးရီးယားတွေလည်းရှိပါတယ်။ အကျိုးပြု ဘက်တီးရီးယားလေးတွေက မိန်းမကိုယ်လေးသန့်စင်ကျန်းမာစေဖို့ ကိုယ်ရံတော်လေးတွေဆိုတော့ မေ့ထားလို့ ဘယ်ဖြစ်လိမ့်မလဲ။

Lactic acid ပါတာကိုရွေးချယ်ပေးပါ – Latic acid က သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိသလို pH ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းညှိပေးပြီး ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးသန့်စင်ဆေးရည်ဝယ်ယူ တဲ့အခါ ပါဝင်ပစ္စည်းထဲမှာ Latic acid ပါဝင်တာကိုရွေးချယ်ပေးပါ။

နောက်ဆုံးတစ်ချက်အနေနဲ့ သတိထားရမှာက ဓာတ်မတည့်ဖြစ်လွယ်တယ်ဆိုရင် အမျိုးသမီးသန့်စင်ဆေးရည်ဝယ်ယူတဲ့အခါ အစိုဓာတ်ထိန်းပေးတဲ့အမျိုးအစားမျိုးဖြစ်စေဖို့လည်းသတိထားရပါမယ်။ အရင်က အမျိုးသမိးသန့်စင်ဆေးရည်ဆိုရင် ရွေးချယ်စရာသိပ်မရှိခဲ့ပေမယ့် အခုတော့ ဈေးကွက်ထဲမှာတော်တေ်ာများများရှိနေပါတယ်နော်။ ဒါပေမယ့် များတယ်ဆိုတိုင်း အလျဉ်းသင့်သလိုဝယ်လိုက်လို့ကတော့ အဆင်ပြေဖို့က မလွယ်လှပါဘူး။ ဒီတော့ အဆင်ပြေဆုံးဖြစ်အောင်ရွေးချယ်ဖို့အတွက် တာဝန်အရှိဆုံးကတော့ ကိုယ်တိုင်ပါပဲ။

ဒီလိုပြောလို့ ဘာရွေးရမလဲမသိဘူး။ ခေါင်းတွေနောက်လာပြီလို့တော့ မဖြစ်စေချင်ပါဘူး။ အသုံးပြုရအဆင်ပြေနေတဲ့ အမျိုးသမီးသန့်စင်ဆေးရည်လေးတစ်ခုအကြောင်းပြောပြမှာပေါ့။ Sharing is caring ဟုတ်။ အခုပြောပြမယ့် အမျိုသမီးသန့်စင်ဆေးရည်က မိန်းမကိုယ်ကို ခြောက်သွေ့မှုမရှိအောင် အစိုဓာတ်ထိန်းပေးပြီး pH ပမာဏကို ထိန်းညှိပေးပါတယ်။ အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး မိန်းမကိုယ်ယားယံတာ၊ အနံ့အသက်ဆိုးဖြစ်တာ နဲ့ အဖြူဆင်းတာတွေကို လျော့ပါးသက်သာစေတယ်။ လေဒီတစ်ယောက်နဲ့တစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းက မတူညီကြဘူးဆိုတော့လိုအပ်ချက်ချင်ကလည်း မတူညီနိုင်ဘူပေါ့။ ဒီလိုအပ်ချက်တွေနဲ့အကိုက်ညီဆုံးဖြစ်မှာကတော့Betadine Feminine Wash လို့ပြောပါရစေနော်။ သူ့ရဲ့ အားသာချက်တစ်ခုက ကိုယ့်ရဲ့လိုအပ်ချက်အလိုက်ရွေးချယ်ဝယ်ယူနိုင်တာပါပဲ။ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီအောင်သုံးတတ်မှတော့ ဘာများလိုဦးမလဲနော်။

ကဲ …. စိတ်ညစ်မနေနဲ့တော့နော်။ အခုပြောခဲ့တာလေးတွေကို သတိထားလိုက်ပေါ့။ စိတ်ညစ်စရာအခြေအနေကနေ ကင်းလွတ်ခွင့်ရလို့ ရဲရင့်ထက်မြက်တဲ့လေဒီလေးအဖြစ်နေ့ရက်တိုင်းကို တူတူဖြတ်သန်းရအောင်လား……………….. Are you ready ladies?

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly