မာလီမှာ အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့ပြီး လူ ၁၅ ဦးထက် မနည်း သေဆုံး

မာလီမှာ အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့ပြီး လူ ၁၅ ဦးထက် မနည်း သေဆုံး

မေ ၁၇ ။           ။ အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မာလီမှာ မေလ ၁၆ ရက်က အဆိုးဝါးဆုံးသော ရေကြီးမှု နဲ့ ကြုံပြီး လူ ၁၅ ဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက  ပြောပါတယ်။

မြို့တော် ဘာမာကိုမှာ ခုလို ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့သလို အဆောက်အအုံတွေ ကြီးကြီးမားမား ပြိုကျ ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ရေကြီးမှုအတွင်း လူ ၁၅ ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိထားကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ရေလွှမ်းမိုးမှု ကြုံတွေ့ရာ ဒေသတွေဆီလည်း ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။

ခုလို သဘာဝဘေးနဲ့ ကြုံတွေ့ချိန် ဒေသခံ ပြည်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြရန်လည်း အစိုးရက တိုက်တွန်းသွားခဲ့ပါတယ်။

အာဖရိက အနောက်ပိုင်းက နိုင်ငံတစ်ခုဖြစ်တဲ့ မာလီမှာ ရေကြီးမှုဖြစ်စဉ်တွေကို မကြာခဏ ကြုံတွေ့ရလျက် ရှိကြောင်းလည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly