ဒေါ်လာ သန်း (၅၇၅)တန် ကာတာ ကမ္ဘာ့ဖလား အားကစားကွင်း ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်

ဒေါ်လာ သန်း (၅၇၅)တန် ကာတာ ကမ္ဘာ့ဖလား အားကစားကွင်း ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်

ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကျင်းပပြုလုပ်မယ့် အားကစားကွင်းတွေထဲက တစ်ခုဖြစ်တဲ့ ပရိသတ် (၄၀,၀၀၀) ဝင်ဆံ့ပြီး ဒေါ်လာ သန်း (၅၇၅)တန်တဲ့ အယ်လ်ဝေါ့ကရက် (Al-Wakrah)ကွင်းကြီးကို ပြည်တွင်းဖလားဗိုလ်လုပွဲစဉ်နဲ့အတူ ဖွင့်လှစ်လိုက်ပါတယ်။

စပိန်ကွင်းလယ်လူ ဇာဗီက ကစားသမားဘဝ အနားယူမယူခင် သူ့ရဲ့ နောက်ဆုံးပွဲကို ဒီကွင်းကြီးထဲမှာ ကစားသွားခဲ့ပါတယ်။

ဒီအားကစားကွင်းကို ဗြိတန်-အီရတ်နွယ်ဖွား ဗိသုကာပညာရှင် ဇာဟာ ဟာဒစ်က ရေးဆွဲခဲ့တာဖြစ်ပြီး ဒိုဟာရဲ့ တောင်ဘက် ကမ်းရိုးတန်းမြို့မှာ တည်ရှိပါတယ်။

"ကျနော် ကမ္ဘာတစ်လွှား လည်ပတ်ခဲ့ပြီး ယူကေအပါအဝင် မတူညီတဲ့ မြို့တွေဆီက ကစားကွင်းတွေကို ရောက်ဖူးပါတယ်။"လို့ ဒိုဟာမြို့က အသက် ၃၅  နှစ်ရွယ် ရေနံကုမ္ပဏီသုတေသီ အယ်လ် ဂျေးဘာက ပြောပါတယ်။

"နောက်ဆုံးတော့ ကာတာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အဆင့်မီ အားကစားကွင်းထဲ သွားရောက်ကြည့်ရှုနိုင်ခဲ့ပါပြီ။ ဒါက အလွန်မော်ဒန် ဒီဇိုင်းကျတဲ့ ကွင်းတွေထဲက တစ်ခုပါ။"လို့ ချယ်လ်ဆီးပရိတ်သတ်လည်း ဖြစ်တဲ့ အယ်လ်ဂျေဘာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ကာတာရဲ့ စော်ဘွားတစ်ဦးဖြစ်တဲ့ ရှိတ်တာ တမီးဘင်ဟာမက် အယ်လ်တာထာနီက ဒီအားကစားကွင်းရဲ့ နာမည်ကို "တောင်ပိုင်းရဲ့ အားကစားကွင်း"လို့ အမည်ရတဲ့ "အယ်လ် ယာနုဖ်အားကစားကွင်း (Al Janoub stadium)"လို့ နာမည် ပြောင်းသင့်တယ်လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးတင်ခဲ့ပါတယ်။

ဒီကွင်းရဲ့ အမိုးဟာ ရိုးရာ ငါးဖမ်းရွက်လှေရဲ့ ရွက်လွှင့်တဲ့ ပုံစံကို စိတ်ကူးပုံဖော်ထားတာဖြစ်ပြီး အမိုးကို အဖွင့်အပိတ်ပြုလုပ်နိုင်ပါတယ်။

ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားကစားကွင်း (၈) ခုကို တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်မွမ်းမံခြင်းတွေကိုပြုလုပ်နေပြီး ခါလီဖာအင်တာနေရှင်နယ် (Khalifa International)ကွင်းကိုလည်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ 

ခါလီဖာအင်တာနေရှင်နယ်ကွင်းဟာ ယခုနှစ်ရဲ့ ကမ္ဘာ့ပြေးခုံပစ်ချန်ပီယ့ရှစ်ကို လက်ခံကျင်းပမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly