ကနေဒါနိုင်ငံသား နှစ်ဦးကို တရုတ်က ဖမ်းဆီးထားတာ လက်သင့်ခံစရာ မရှိဘူးလို့ ထရူဒို ပြော

ကနေဒါနိုင်ငံသား နှစ်ဦးကို တရုတ်က ဖမ်းဆီးထားတာ လက်သင့်ခံစရာ မရှိဘူးလို့ ထရူဒို ပြော

ပါရီ၊ မေ ၁၇ ။             ။ တရုတ်နိုင်ငံမှာ ကနေဒါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားတာဟာ လက်သင့်ခံစရာ မရှိဘဲ ဒီလို ဖမ်းဆီးတာအတွက် တရုတ်နိုင်ငံကို ရင်ဆိုင်သွားဖို့ သံန္ဒိဌာန်ချထားကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်းထရူဒိုက ပြောပါတယ်။

“ကျွန်တော်တို့ဟာ ကနေဒါနိုင်ငံသားတွေအတွက် အပြောင်းအလဲ မရှိ ရပ်တည်သွားမှာ ဖြစ်တယ်။ အဓိကကတော့ ထင်သလို ဖမ်းဆီးခံရတဲ့ ဒီ ကနေဒါနိုင်ငံသား နှစ်ယောက်အတွက် အစွမ်းကုန် ရပ်တည်သွားပါမယ်။”လို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို  ရောက်ရှိနေတဲ့ ထရူဒိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျွန်တော်တို့ ဘာကို ဦးတည်ချက် ထားထားလည်းဆိုတော့ ဒီ ဖမ်းဆီးခံ ကနေဒါနှစ်ဦးကို ကူညီပေးနိုင်မယ့် နည်းလမ်းကုန်ကို လုပ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။”လို့ ၎င်းက ပြောပါတယ်။

သံတမန်ဟောင်း မိုက်ကယ်ကော့ဗရတ်ကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ ထောက်လှမ်းယူတယ် သံသယနဲ့ တရုတ်နိုင်ငံက ဖမ်းဆီးထားတာပါ။

နောက်ထပ် တစ်ဦးအဖြစ် စီးပွားရေးသမား မိုက်ကယ်စပါဗာကို နိုင်ငံတော်လျို့ဝှက်ချက်တွေ ခိုးယူပြီး ပြည်ပဆီ ရောင်းချမှုနဲ့ ဖမ်းဆီးတာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လုကန်က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတစ်ဦးဖြစ်တဲ့ မန်ဝန်ကျို့ကို အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန် မေတ္တာရပ်ခံချက်နဲ့ ကနေဒါနိုင်ငံက ဒီဇင်ဘာ ၁ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

ဒီအတွက် တရုတ်နိုင်ငံဟာ ကနေဒါနိုင်ငံသားနှစ််ဦးကို လက်တုံ့ပြန်ပြီး ဖမ်းဆီးထာဖြစ်တယ်လို့ ယူဆစရာ ရှိနေခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကြား သံတမန််ရေး တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly