တာဝန်ရှိခဲ့သည့် ကာလတစ်လျှောက်လုံး မဟုတ်တာ မလုပ်ခဲ့ဟု သူရဦးရွှေမန်းဆို

17 May 2019
တာဝန်ရှိခဲ့သည့် ကာလတစ်လျှောက်လုံး မဟုတ်တာ မလုပ်ခဲ့ဟု သူရဦးရွှေမန်းဆို

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် တာဝန်ရှိခဲ့သည့် ကာလတစ် လျှောက်လုံး မဟုတ်တာမလုပ်ခဲ့ဟု ပုသိမ်ဟိုတယ်တွင်ပြုလုပ်သော ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲတွင် သူရဦးရွှေမန်းက ပြောလိုက်သည်။

“ကာလတစ်လျှောက်လုံး တာဝန်ယူရဲပါတယ်။ ဒီမှာ တိုင်းမှူးဘဝနေသွားတယ်။ ဦးရွှွေှွှွှမန်းဘာတွေများ မဟုတ်တာ လုပ်သွားလဲ။ ဦးရွှေမန်း ဗိုလ်ချုပ်ကြီးဘဝ တပ်မတော်နဲ ့ပတ်သက်ပြီး ဘာတွေများ မတရား လုပ်သွားလဲ။ ဦးရွှေမန်း န.ယ.ကအဖွဲ ့ဝင်ဘာတွေများလုပ်သွားလဲ တရားဝင်ပြောပါ။ လွှတ်တော်ဥက္ကဋ္ဌ လုပ်ခဲ့တယ်။ တာဝန်ယူတယ် တာဝန်ခံတယ်”ဟု သူရဦးရွှေမန်းက ပြောသည်။

သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် မေလ ၁၅ရက်နေ ့တွင် ဖျာပုံ ခရိုင်နှင့်မအူပင်ခရိုင်တို့တွင် လည်းကောင်း မေလ ၁၆ ရက်နေ့တွင် ပုသိမ်တွင်လည်းကောင်း ပါတီဝင် အဆိုပြုလွှာများ လက်ခံခဲ့သည်။

ရိုက်ကူး-စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly