တိုင်းရင်းဆေးအတွက် တရုတ်သို့ မြည်းများ သတ်ဖြတ်တင်ပို့နေတာကို ရပ်တန့်ဖို့ ကင်ညာအား တိုက်တွန်း

တိုင်းရင်းဆေးအတွက် တရုတ်သို့ မြည်းများ သတ်ဖြတ်တင်ပို့နေတာကို ရပ်တန့်ဖို့ ကင်ညာအား တိုက်တွန်း

နိုင်ရိုဘီ၊ မေ ၁၇ ။           ။ တရုတ် တိုင်းရင်းဆေး ထုတ်လုပ်ဖို့အတွက် မြည်းတွေကို သတ်ဖြတ်နေတာ ရပ်တန့်ဖို့ ကင်ညာနိုင်ငံကို တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ မြည်းတွေကို သတ်ဖြတ်ရောင်းချနေတာတွေ များပြားလာပြီး အာဖရိကမှာ မြည်းကောင်ရေ သိသိသာသာ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

သွေးလည်ပတ်မှု ကောင်းမွန်စေတယ်ဆိုတဲ့ အိကျောင်ယိုလို့ ခေါ်တွင်တဲ့ တိုင်းရင်းဆေးအတွက်  မြည်းသားရေတွေကို တရုတ်သို့ တင်ပို့နေတာ ဖြစ်ပါတယ်။

အဲဒီ တိုင်းရင်းဆေးဟာ တစ်ချိန်က တော်ဝင်နန်းသုံးဖြစ်ခဲ့ပေမယ့် လူလတ်တန်းစား ကြီးထွားလာတာနဲ့အတူ ဆေးဝယ်လိုအားလည်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

တိရစ္ဆာန်များအား လူ့ကျင့်ဝတ်နှင့် ဆန့်ကျင်မှု PETA အဖွဲ့က ကင်ညာက သားသတ်ရုံတွေကို ထောက်လှမ်းစုံစမ်းခဲ့ရာမှာ အဲဒီ သားသတ်ရုံတွေမှာ မြည်းတွေကို အလုပ်သမားတွေက လူမဆန်စွာ ရိုက်နှက်ပြီး သတ်ဖြတ်ကြတာလို့ ပြောပါတယ်။

“ကင်ညာအနေနဲ့ အခြားအာဖရိကနိုင်ငံတွေလိုပဲ မြည်းတွေကို သတ်ဖြတ်တာတွေကို တားမြစ်ပေးဖို့ PETA က တောင်းဆိုပါတယ်။”လို့ အဲဒီ အဖွဲ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly