ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့တွင် တူမီး သေနတ်များ ဆက်တိုက် လာရောက် အပ်နှံနေ

ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့တွင် တူမီး သေနတ်များ ဆက်တိုက် လာရောက် အပ်နှံနေ
ဓာတ်ပုံ -  ဒီမိုးသွေး (မြိတ်)

ထားဝယ်၊ မေ (၁၆) ။          ။ ထားဝယ်ခရိုင်၊ ရေဖြူနှင့် လောင်းလုံး မြို့နယ်တို့ရှိ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများတွင် တူမီးသေနတ်များကို ယခုရက်ပိုင််းအတွင်း ဆက်တိုက် လာရောက်အပ်နှံမှုများ ရှိနေကြောင်း သိရသည်။

ကျေးရွာအတွင်း တူမီးသေနတ်များ ကိုင်ဆောင်ခြင်း မပြုရန် သက်ဆိုင်ရာနယ်မြေ ရဲစခန်းများမှ တာဝန် ရှိသူများက စည်းရုံး ဟောပြောခဲ့ပြီးနောက် ယခုကဲ့သို့ ဆက်တိုက် လာရောက် အပ်နှံနေခြင်း ဖြစ်သည်။

“တူမီးသေနတ်တွေက တရားဝင် ကိုင်ဆောင်ခွင့် မရှိပါဘူး။ ဒီအတွက်ကြောင့် ကိုင်ဆောင်ထားခြင်း ရှိပါက သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများကို လာရောက် အပ်နှံဖို့ ပြည်သူတွေ တိုက်တွန်း နိုးဆော်ထားပြီးသား ဖြစ်တယ်”လို့ ကံပေါက်နယ်မြေရဲစခန်းမှူး ရဲအုပ် ဝင်းမြင့်စံက ပြောသည်။

အဆိုပါ တူမီးသေနတ်များလာရောက်အပ်နှံရာတွင် မေလ ၁၁ ရက်နေ့၌ တူမီး သေနတ် ၃ လက်၊ မေ ၁၂ရက်နေ့တွင်  ၄ လက်၊ မေ ၁၃ ရက်တွင် ၅ လက်နှင့် မေ ၁၅ ရက်တွင် ၄၂ လက် စုစုပေါင်း ၅၄ လက်ကို လာရောက် အပ်နှံခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းဖြစ်သော မေလ ၅ ရက်နှင့် ရရက်နေ့တို့တွင်လည်း တူမီးသေနတ် စုစုပေါင်း ၁၀၁ လက်ကို ကံပေါက် နယ်မြေ ရဲစခန်းသို့ လာရောက် အပ််နှံခဲ့သည်။

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly