သင်သတိမထားမိတဲ့ ဒီ အရာတွေက သင့်ကလေးအသားအရေကို ထိခိုက်နိုင်ပါတယ်

သင်သတိမထားမိတဲ့ ဒီ အရာတွေက သင့်ကလေးအသားအရေကို ထိခိုက်နိုင်ပါတယ်

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

နုနုနယ်နယ် ကလေးတွေရဲ့ အသားအရေဆိုတာ အရမ်းကို ဂရုစိုက်ရတဲ့ အရာတစ်ခုပါ။ သူတို့ကလည်း ဘယ်လိုတွေ ခံစားနေရလဲဆိုတာ မပြောတတ်တော့ မေမေတို့ကပဲ သေချာ ဂရုတစိုက် ကြည့်ရှုရမှာပါ။ ဒီတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေကို သိထားဖို့လိုလာပြီပေါ့ ။ ကလေးတွေရဲ့ အရေပြားကို ပြဿနာဖြစ်စေတာကလည်း ကလေးပတ်ဝန်းကျင်မှာရှိနေတဲ့ ပစ္စည်းတွေပဲ ဖြစ်တာကြောင့် ဘယ်လို ပစ္စည်းတွေက ကလေးအရေပြားကို ပြဿာနာ ဖြစ်စေလဲဆိုတာ ကြည့်ရအောင် ။ ။
နေလောင်ကာ လိမ်းဆေးနဲ့ ကလေးအရေပြား ။ ။

နေရောင်ထဲသွားရင် နေလောင်ကာလိမ်းဆေး လိမ်းဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ကလေးတွေ အတွက်ကျတော့ နေလောက်ကာလိမ်းဆေးတွေက ဓာတ်မတည့်ခြင်းတွေဖြစ်စေနိုင်လို့  အရေပြားပေါ် အနီကွက်ထတာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် နေလောင်ကာလိမ်းဆေးတွေဝယ်တဲ့အခါ para-aminobenzoic acid (PABA) မပါတာကို ရွေးချယ်ဝယ်ဖို့လိုပါတယ်။ အသက် ၆လကျော်တဲ့ကလေးတွေအတွက်တော့ para-aminobenzoic acid (PABA) မပါတဲ့ နေလောင်ကာလိမ်းဆေးတွေကို ရွေးဝယ်ပါ။ zinc oxide ပါတဲ့ လိမ်းဆေးသုံးလည်းရပါတယ်။
ပိုးသေစေတဲ့ ကိုယ်တိုက်ဆပ်ပြာနဲ့ ကလေးအရေပြား ။ ။

ပိုးသတ်ဆေးရည်တွေထည့်တားတဲ့ဆပ်ပြာတွေက ပြင်းအားအရမ်းများတာကြောင့် ကလေးအရေပြားကို ထိခိုက်စေတတ်ပါတယ်။ အထူးသဖြင့် သူတို့မှာပါတဲ့ triclosan ပစ္စည်းက ထိခိုက်လွယ်တဲ့ ကလေးအသားအရေတွေကို ဒုက္ခပေးနိုင်ဆုံး အရာတွေပါ။ ဒါ့ကြောင့် ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတွေကိုပိုပြီး သုံးစွဲသင့်တာပါ။
Eczema ( နှင်းခူ)  အရေပြားရောဂါနဲ့ အစိုဓာတ်ထိန်းခရင်မ် ။ ။

ကလေးအရေပြားလေးတွေ မခြောက်သွေ့အောင် အစိုဓာတ်ထိန်းခရမ်ဖြစ်ဖြစ် လိုးရှင်းဖြစ်ဖြစ် လူးပေးတတ်ကြပါတယ်။ ဒါတွေက ပုံမှန်ကလေးတစ်ယောက်အတွက်ဆို ပြဿနာမရှိပေမယ့် အဲဒီ လိုရှင်းတွေမှာ ပါဝင်တဲ့ အမွှေးနံ့က Eczema အရေပြားရောဂါရှိနေတဲ့ ကလေးတွေရဲ့ အရေပြားကို ပြဿာနာဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ့့်ကလေးနဲ့ သင့်တော်တဲ့ လိမ်းဆေးကို သုံးတာသာ အကောင်းဆုံးပါ။
တစ်ရှူးအစို နဲ့ ကလေးအရေပြား။ ။

ကလေးရဲ့ အညစ်အကြေးတွေကို တစ်ရှူအစိုသုံးပြီး သန့်ရှင်းရေးလုပ်ရင် ပိုပြီးသန့်စင်သွားတတ်ပေမယ့် တစ်ရှူးအစိုမှာပါတဲ့  ပါဝင်ပစ္စည်းတွေက ကလေးအရေပြားကို ဓာတ်မတည့်မှုတွေဖြစ်စေပြီး အင်ပြင်တွေပေါ်လာစေ တတ်ပါတယ်။ဒါ့ကြောင့် အသ့င်ထုတ်ထားတဲ့ တစ်ရှူးအစိုတွေကို သုံးမယ့်အစား လျှော်ပြီးသား အဝတ်သန့်သန့်တစ်ထည်နဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
ဆပ်ပြာမှုန့်ကလည်း  ကလေးအသားကို ဓာတ်မတည့်မှုတွေ ဖြစ်စေတတ်တဲ့အရာတစ်ခုပါ။

ဆပ်ပြာမှုန့်ထဲပါတဲ့ ဂျီးချွတ်ဆေးမှုန့်တွေ၊ အစွန်းချွတ်ဆေးတွေဟာ လူကြီးတွေလက်ကိုတောင်လောင်စေတာ ကလေးတွေရဲ့ အရေပြားကိုဆိုပိုပြီးတော့တောင် လောင်စေတဲ့ အစွမ်းရှိပါတယ်။ ဒ့ါကြောင့် ကလေးအဝတ်တွေကို လျှော်ပြီးရင် ဆပ်ပြာသေချာစင်အောင်ဆေးဖို့လိုအပ်ပါတယ်။ အိမ်မှာ eczema ဖြစ်နေတဲ့ကလေးရှိရင်တော့ ထိခိုက်လွယ်တဲ့ အသားအရေတွေ အတွက် သီးသန့်ထုတ်ထားတဲ့့ ဆပ်ပြာမှုန့်တွေ သုံးပေးဖို့လိုပါတယ်။
ခေါင်းလျှော်ရည့်နဲ့ ပျော့ဆေး။ ။

တစ်ချို့ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးထဲပါတဲ့ phthalates, formaldehyde, နဲ့ 1,4 dioxane တို့ဟာ ကလေးဦးရေပြားကို ထိခိုက်စေတတ်ပါတယ်။ ဒါ့ကြောင့် သဘာဝအတိုင်း ထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေကို ကလေးအတွက် ပိုပြီး ဦးစားပေးရွေးချယ်သင့်ပါတယ်။
အခြား ကလေးအသားအရေကို ထိခိုက်နိုင်တဲ့ ပစ္စည်းတွေကတော့

    Fabric softener လို့ခေါ်တဲ့ ပိတ်စပျော့ဆေးရည်၊ အမွှေးဆီတွေ
    အိမ်တိုက်တဲ့နေရာမှာ သုံးတဲ့ ကြမ်းတိုက်ဆေးရည်တွေ နဲ့
    ဖုန်မှုန့်၊ သဲမှုန့် တို့ပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ လူကြီးတွေ အတွက် အရေးမကြီးတဲ့အရာဖြစ်ပေမယ့် နုနယ်တဲ့ ကလေးအသားအရေတွေ အတွက်တော့ ဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ စကားမပြောတတ်သေးတဲ့ ကိုယ့်ကလေးတွေကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ရမှာ မေမေတို့ပဲ ဖြစ်တာကြောင့် ဒါလေးတွေ သိထားဖို့လိုတယ်နော် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly