မန္တလေးကျောက်မီးသွေးစက်ရုံအတွက် ဆန္ဒပြသူများနှင့် အစိုးရတာဝန်ရှိသူများ ဆွေးနွေးနေ

16 May 2019
မန္တလေးကျောက်မီးသွေးစက်ရုံအတွက် ဆန္ဒပြသူများနှင့် အစိုးရတာဝန်ရှိသူများ ဆွေးနွေးနေ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး တည်ဆောက်နေသည့် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူမျာကို အမြန်ဆုံး လွှတ်ပေးရန် အတွက် (ယနေ့)မေလ ၁၅ရက် နံနက်ပိုင်းက အောင်သပြေကျေးရွာမှ ရွာသူရွာသားများက ကျေးရွာအဝင်လမ်းကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိမှာတော့ ယာယီပြေလည်မှုရရှိထားပြီး ကျေးရွာ ဘက်ကဆန္ဒပြသူတွေနဲ့ အစိုးရဌာနဘက်က တာဝန်ရှိသူများဆွေးနွေးလျက်ရှိနေတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်၊မေလ ၁၅ ရက် နံနက်(၄)နာရီခန့်က ဆန္ဒပြခဲ့တဲ့ ရွာသားများကို ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး၊ အဆိုပါပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို သတင်းထောက်တစ်ဦးအပါအဝင် ၃ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံများကဆိုပါတယ်။

ရဲတပ်ဖွဲ့က ရွာသားများကို ဖြိုခွင်းပြီးနောက် ဒေသခံများက မကျေနပ်တဲ့အတွက် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ အတွင်းကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြပါတယ်။ ထိုသို့ မီးရှို့ဖျက်ဆီးတဲ့ အတွက် အဆောက်အအုံအချို့မီးလောင်ကျွမ်းခဲ့ပြီး ကားနှစ်စီး ဆိုင်ကယ်သုံးစီး နဲ့ စက်ယန္တယားအချို့ မီးလောင်ပျက်စီးခြင်းပြီး ထိခိုက်ပျက်ဆီးမှုများဖြစ်ပွားခဲ့ကြောင်း ကနဦးစုံစမ်းသိရှိရသည်။

ရိုက်ကူး - ဘိုဘို မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly