အမြန်လမ်းတွင် ရုတ်တရက် ရပ်လိုက်သောကားအား ခရီးသည်တင်ယာဉ်မှ နောက်မှဝင်တိုက် 

အမြန်လမ်းတွင် ရုတ်တရက် ရပ်လိုက်သောကားအား ခရီးသည်တင်ယာဉ်မှ နောက်မှဝင်တိုက် 
ဓာတ်ပုံ-ရဲဇာနည် 

အမြန်လမ်းတွင် လမ်းအလုပ်သမားများအား ရေဘူးပေးရန် ကား ရုတ်တရက် ရပ်တန့်လိုက်စဉ် နောက်မှပါလာသော ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး ဒဏ်ရာ ရရှိခဲ့သည်။

မေ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၈၁/၃-၄) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော်ဘက်သို့ သာကေတမြို့နယ်၊ (၂၉) ရပ်ကွက်နေ ကိုသက်နိုင်ဦး(၄၁)နှစ် မောင်းနှင်ပြီး နေပြည်တော်နေ မအေးမြသက်(၃၂)နှစ်နှင့် ဒေါ်ထွေးထွေးဝင်း (၅၂)နှစ်တို့(၂)ဦး လိုက်ပါလာသော 1I ×××× LANDCRUISER ယာဉ်သည် လမ်းအလုပ်သမားများအား ရေဘူးပေးရန်အတွက် လမ်းယာဘက်ခြမ်းတွင် ရုတ်တရက် ရပ်တန့် လိုက်စဉ် မတ္တရာမြို့နယ်၊ ရတနာဘုမ္မိရွာနေ ဝဏ္ဏကျော်(၃၅)နှစ်မောင်းနှင်ပြီး ခရီးသည်(၄၄)ဦး လိုက်ပါလာသော 4I/××××YUTONG ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ  ဝင်ရောက်တိုက်မိခဲ့သည်။

တိုက်မိမှုကြောင့် YUTONG ယာဉ်ပေါ်မှ စလင်းမြို့နယ်နေ ဦးမှတ်တင်ပါ  ၇ ဦးနှင့် LANDCRUISER ယာဉ်ပေါ်မှ  သက်နိုင်ဦးပါ (၃)ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း မေ ၁၅ ရက်ညပိုင်းတွင် ရဲဇာနည်မှ ထုတ်ပြန်သည်။

လက်ရှိတွင် သာဂရအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၇/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly