ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် ဖြစ်ခဲ့သူ ရိုးရိုးပါတီဝင် ဖြစ်ပြီးနောက် လွတ်လပ်သွားပြီလို့ဆို

ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် ဖြစ်ခဲ့သူ ရိုးရိုးပါတီဝင် ဖြစ်ပြီးနောက် လွတ်လပ်သွားပြီလို့ဆို

ရန်ကုန်၊ အောက်တိုဘာ ၆။                ။ မဇ္ဈိမ သတင်းထောက် ဟိန်းကိုစိုးနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း၊ အငြိမ်းစား ဗိုလ်မှူးချုပ် ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီ၏ ဗဟိုကော်မတီဝင်မှသည် ရိုးရိုးပါတီဝင် ဖြစ်သွားသူ ဦးအောင်သိန်းလင်းနှင့် မကြာသေးခင်က တွေ့ဆုံမေးမြန်းရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်နေမှုများ၊ ဝန်ထမ်းဘဝ အခြေအနေ၊ ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် အဖြစ်နှင့် တာဝန်ထမ်းဆောင်ခဲ့ရပုံများကို မေးမြန်း ဖြစ်ခဲ့သည်။

ကြံ့ခိုင်ရေးပါတီအတွင်း သြဂုတ်လ ဒုတိယပတ်က ရှုတ်ထွေးမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်  ဗဟိုကော်မတီဝင်မှသည် ရိုးရိုးပါဝင်သို့ ပြောင်းလဲရောက်ရှိသွားသူ ဦးအောင်သိန်းလင်းက လွတ်လပ်သွားပြီဟု ဆိုခဲ့သည်။ အလားတူ ဝန်ထမ်းဘဝတွင်လည်း သူများစိတ်နှင့် ကိုယ့်ကိုယ် လုပ်ခဲ့ရသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ဤအင်တာဗျူးကို ပထမပိုင်းအဖြစ် ဖေါ်ပြခြင်းဖြစ်သည်။

 

အရင်ဆုံး ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လက်ရှိ ဆောက်ရွက်နေတဲ့ ဆောင်ရွက်ချက် လေးတွေပေ့ါ အန်ကယ့် မဲဆန္ဒနယ်အတွင်းမှာ မဲဆန္ဒစည်းရုံးတဲ့ အချိန်ကစပြီး အခုအချိန်အထိ ဘယ်လို မျိုးလေးတွေ ဆောက်ရွက်နေလဲ အရင်ဆုံး ပြောပေးပါ။

ကျွန်တော် ၂၀၁၀ တုန်းကလဲ တောင်ဥက္ကလာက ဝင်ပြိုင်ပြီးတော့ အနိုင်ရခဲ့တာပေ့ါ ၂၀၁၅ မှာလဲ တောင်ဥက္ကလာမှာ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ပြိုင်ဖို့ရှိပါတယ်။ ပြီးတော့ ကျွန်တော့်အနေနဲ့ သာမန်ပြောရမယ် ဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ လွတ်တော်ထဲ ရောက်တဲ့အခါမှာ လွတ်တော်ထဲမှာ ကျွန်တော်ရဲ့ လုပ်ဆောင်ချက်တွေ ကျွန်တော်ရဲ့ပြောဆိုချက်တွေ ဒါတွေအကုန်လုံး ကျွန်တော်တို့ တောင်ဥက္ကလာဘက်က မြို့နယ်သူ မြို့နယ်သားတွေအားလုံး သိကြပြီး ဖြစ်ပါတယ်။

ကျွန်တော်ကလည်း အခါအားလျော်စွာ မြို့နယ်သူ မြို့နယ်သားတွေကို လွှတ်တော်အတွေ့အကြုံ ကျွန်တော် ရှင်းလင်းတဲ့အခါမှာလဲ ပြောပြခဲ့တဲ့အတွက် လွတ်တော်ထဲမှာ ကျွန်တော်ရဲ့ ဆောင်ရွက်ချက် တွေနဲ့ပတ်သက်ပြီးတော့မှ ပြည်သူလူထုက တောင်ဥက္ကလာဘက်က ပြည်သူထု၊ ကျွန်တော်တို့ ကျေနပ်အားရကြပြီးသား ဖြစ်ပါတယ်။

အဲဒီတော့ ဒီ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်က ပြည်သူလူထုကို ကျွန်တော်ဘယ်လို လူစားမျိုးလည်း ဆိုတာ မက်ဆေ့ပေးဖို့ ရှိပါတယ်။ အဲဒီတော့ ကျွန်တော်က ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီတွေအများကြီး ဝင်ပြိုင်ကြမှာပေ့ါ။ အဲဒီတော့ ပါတီတွေ အများကြီး ဝင်ပြိုင်ကြမယ့် အထဲမှာ လူတွေဘာကို ဦးစားပေးရမလဲ။

ဒီပြည်သူ့ ကိုယ်စားလှယ်ဆိုတာ လူထုရှေ့ကနေပြီးတော့မှ ခေါင်းဆောင်ပြီးတော့မှ ပြည်သူ့ရဲ့ အခက်အခဲတွေ ပြည်သူ့ရဲ့ နစ်နာချက်တွေ၊ ပြည်သူ့အတွက် ပြည်သူ့အရှေ့ကနေ ခေါင်ဆောင်ပြီးတော့မှ တွေ့ကြုံလာမယ့် အခက်အခဲတွေကို တွေ့ကြုံလာမည့် စိန်ခေါ်မှုတွေ ဒါတွေကို ရင်ဆိုင်ကျော်လွှားရဲတဲ့ ရင်ဆိုင် ကျော်လွှားနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်ကို ရွေးရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းကို ရွေးမှသာ မြို့နယ်သူ မြို့နယ်သားတွေ အတွက်ကော နိုင်ငံအတွက်ကော ကျွန်တော်တို့အားလုံး လိုလားတဲ့ ဒီမိုကရေစီအရွေ့ကို ကျွန်တော်တို့ ကောင်းကောင်းရွေ့အောင် တွန်းနိုင်မှာဖြစ်တယ်။

 

အခုဒီ ၂၀၁၅ ရွေးကောက်ပွဲအတွက် တောင်ဥက္ကလာမြို့နယ်က ပြည်သူလူထုရဲ့ ထောက်ခံမှုက အန်ကယ်ကော ကြံ့ခိုင်ရေးပါတီ အပေါ်မှာကော ဘယ်လို အနေအထားရှိလဲ အန်ကယ့် အနေနဲ့ကော ပြည်သူလူထုထောက်ခံမှုကို အားရကျေနပ်မှုရှိလား။

ကျွန်တော်နဲ့ သူတို့နဲ့ကျတော့ ကျွန်တော်က ဥက္ကလာသားဗျာ၊ ဒေသသား ဖြစ်ပါတယ်။ မူလကတည်းက ဒေသသံယောဇဉ် ဒေသသား သံယောဇဉ်သူတို့က ရှိကြပြီးသားဖြစ်ပါတယ်။ နောက်ကျွန်တော်က တောင်ဥက္ကလာ အထက(၁) ကျောင်းထွက် ဖြစ်တဲ့အတွက် ဒီတောင်ဥက္ကလာ မြို့နယ်ထဲမှာ ကျွန်တော်တို့ ကျောင်းသားဟောင်းတွေ အများကြီးရှိတယ်ဗျာ။ ကျွန်တော်တို့ ကျောင်းသားဟောင်းတွေရဲ့ မျိုးဆက်တွေလည်း အများကြီးရှိတယ်။

နောက်တစ်ခါ ကျွန်တော် ၂၀၁၀ မတိုင်ကတည်းကလဲ ကျွန်တော်တို့ မြို့နယ်အတွက် လိုအပ်တဲ့ လမ်းတွေကို အစိုးရစီက တောင်းပေးတယ်။ ကျွန်တော်ကိုယ်တိုင် စိုက်ထုတ်ပြီးတော့မှ ပြည်သူနဲ့ ပူးပေါင်းပြီးတော့မှ လမ်းတွေ ဆောင်ရွက်ခဲ့တာ ရှိတယ်။ ၂၀၁၀ လွတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ကျွန်တော်စိုက်ထုတ်ငွေ ကျွန်တော်ကိုယ်ပိုင်ငွေနဲ့ ပြည်သူလူထုငွေ ပူးပေါင်းပြီးတော့မှ တောင်ဥက္ကလာမှာ လမ်းပေါင်း ၃၇ လမ်း ရပ်ကွက်အနှံ့ ကျွန်တော်ခင်းခဲ့တာရှိပါတယ်။

နောက်တစ်ခါ ကျွန်တော် ရေရရှိရေးနဲ့ ပတ်သက်လို့လဲ လိုအပ်တဲ့နေရာမှာ အဝိစိတွင်း တူးပြီးတာ့မှ ဆောင်ရွက်ပေးတာရှိတယ်။ နောက်တစ်ခါ ကျန်းမာရေးနဲ့ ပတ်သက်လို့လည်း ကျွန်တော့်သား ကိုယ်တိုင်က ပြည်ခိုင်ဖြိုးစေတနာ ဆေးရုံမှာ မျက်စိ ခွဲစိတ်တဲ့ ဆရာဝန်ဖြစ်ပါတယ်။ သူကအခမဲ့ခွဲစိတ်ပေးနေတာပါ။

အဲဒီတော့ ကျွန်တော်သားအကူအညီနဲ့ တောင်ဥက္ကလာမြို့နယ်သူ မြို့နယ်သားတွေကို မျက်စိ တိမ်ခွဲတာကို အခမဲ့လုပ်ပေးခဲ့တာ ရှိတယ်။ မကြာခင်လည်း ကျွန်တော်လုပ်ဖို့ရှိပါတယ်။ အဲဒီတော့ ဒီတောင်ဥက္ကလာ မြို့နယ်သူ မြို့နယ်သားတွေကတော့ ကျွန်တော်တို့ ကျောင်းသားဟောင်း ဖြစ်ခဲ့တာတစ်ကြောင်း ဒေသသားဖြစ်တာက တစ်ကြောင်း နောက်သူတို့ရဲ့ လိုအပ်ချက်တွေကို ကိုယ်တတ်နိုင်သလောက် ဆောက်ရွက်ပေးခဲ့တာလဲ ခိုင်ခိုင်မာမာ အထင်အရှားရှိတာ ဖြစ်တဲ့အတွက် မြို့နယ်ပြည်သူလူထုရဲ့ ထောက်ခံချက်ကတော့ အပြည့်အ၀ ကျွန်တော်ရပြီးသားပါ။

 

အဲဒီတော့ နောက်ထပ် ဒီတောင်ဥက္ကလာ မြို့နယ်မှာ နောက်ထပ်ပါတီလည်း ဝင်ပြိုင်တာရှိတယ်၊ တစ်ခြားပါတီလည်း ဝင်ပြိုင်တာရှိတယ်ဆိုတော့ အခု အတိုက်အခံပါတီရဲ့ အင်အားကလည်း ပြည်သူလူထု ထောက်ခံမှုကို အတိုင်းအတာတစ်ခုအထိ ရထားတယ်ပေါ့။ ရထားတော့ ဒီတောင်ဥက္ကလာ အထဲမှာကော ဒီအတိုက်အခံပါတီနဲ့ ဘယ်လိုမျိုးအခြေ အနေထိရောက်အောင် ယှဉ်ပြိုင်ရမယ်လို့ အန်ကယ် တွေးတောထားတာရှိလား။

အတိုက်အခံ ပါတီရယ်လို့တော့ မဟုတ်ဘူးပေ့ါနော်။ သူတို့လည်း ဒါသူတို့ရပိုင်ခွင့်ရတယ်။ ပြိုင်ကြ တာပေ့ါနော်၊ တစ်ယောက်ဘဲရွေးမှာဆိုတော့ အပြိုင်အဆိုင် တွေတော့ ဖြစ်ကြတာပေ့ါ နော်။ အရေးကြီးတာကတော့ ပြည်သူလူထု ထောက်ခံချက် အရေးကြီးပါတယ်။ အဲဒီတော့ ဘယ်သူမှာ လျော့တွက်လို့တော့ မရဘူးပေ့ါဗျာ။ ပြည်သူလူထုရဲ့ ထောက်ခံချက် ပြည်သူလူထုရဲ့ အတွေးအယူအဆ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ကျွန်တော်တို့က အကုန်လုံးတော့ ဟုတ်လား၊ ၂၀၁၀ လောက်တော့ လွယ်လွယ်ကူကူ မဖြစ်ပါဘူး။

၂၀၁၅ မှာ အကုန်လုံးဟာ ပြိုင်ကြမှာ ဖြစ်တဲ့အတွက် ၂၀၁၀ လေက်ကတော့ မလွယ်နိုင်ဘူး။ တော်တော်ကို ကိုယ်လုပ်သင့် လုပ်ထိုက်တာ လုပ်နိုင်တာ သတ်မှတ်ထားတဲ့ ဥပဒေဘောင် ထဲကနေပြီးတော့နော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဘောင်ထဲကနေပြီးတော့ လုပ်သင့်လုပ်ထိုက်တာ၊ မှန်သမျှ အကုန်လုံး မကျန်အောင် လုပ်ရမှာ ၂၀၁၅ က ပိုပြီးတော့မှ ပြင်းပြင်းထန်ထန် ကြိုးစားရမှာ ဖြစ်ပါတယ်။

 

နောက်တစ်ခု ကျွန်တော်တို့ကြားတာ ဒီတောင်ဥက္ကလာမှာ ရှစ်သောင်းကျော်၊ ကိုးသောင်း နီးပါးလောက် မဲစာရင်းပိုတာတွေ ရှိတယ်လို့ပြောတယ်ပေ့ါ။ အဲဒီတော့ အဲဒီမဲစာရင်း ပေါ်ကိုကော အန်ကယ်အနေနဲ့ စိတ်ပူမှု တစ်စုံတစ်ရာရှိလား။

မဲစာရင်း ပိုတာကတော့ ဒီလိုဖြစ်ပါတယ်။ တစ်ချို့တွေက ပြောင်းသွားတယ်။ ဒါပေမဲ့ ပုံ ၆၆ တွေ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့အခါကျတော့ ပြည်ထောင်စု ရွေးကောက်ပွဲရဲ့ ကော်ကရှင်က သတ်မှတ်ချက် အရ ပုံစံ ၆၆ ရှိလို့ရှိရင် သူမဲလာပေးလို့ ရတာပေါ့။ အဲဒီတော့ ဒီကိုးသောင်းကျော် တစ်ခြားကို ရောက်နေတယ်ဆိုတဲ့ သဘောရှိတယ်။ အဲဒီတော့ အဲဒီလူတွေက အရင်လူဟောင်းတွေ ဖြစ်နေတယ်ဆိုရင်တော့ ကျွန်တော်အတွက် စိတ်ပူစရာပေ့ါ။ ဘာဖြစ်လို့လဲဆိုတော့ အခု လူသစ်တွေကလည်း အရင်လူဟောင်းတွေနဲ့စာရင် ကျွန်တော် အကြောင်း သိပ်မသိသေးဘူးလေ။ လူဟောင်းတွေက သိပြီးသားဖြစ်နေတာပေ့ါ။

အဲဒီတော့ သူတို့ပြောတဲ့ မဲစာရင်းက စုစုပေါင်း တစ်သိန်း ခုနှစ်သောင်းကျော်လောက် ရှိတယ်။ အဲဒီတော့ ၂၀၁၀ တုန်းက မဲစာရင်းက တစ်သိန်း နှစ်သောင်းကျော်ရှိတယ်။ အဲဒီတုန်းကတော့ အခုနကပြောသလို ပုံ ၆၆ ရှိတာတွေ မရှိတာတွေ သိပ်ပြီးတော့ မခွဲဘူး။ အခုတော့ သေသေချာချာ စိစစ်လိုက်တဲ့အခါမှာ နာမည်စာရင်းရှိပြီး လူမရှိတဲ့ဟာတွေ၊ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီအထဲမှာ တစ်ချို့တွေကလည်း သေဆုံးကုန်တာတွေ ရှိမယ်လို့ထင်တယ်။ တစ်ချို့ကလည်း ပြောင်းသွားတာတွေ ရှိမယ်ထင်တယ်၊ အဲဒီတော့ ကျွန်တော်တို့ရဲ့ အားနည်းချက်က ဘာလဲဆိုလို့ရှိရင် ဒီလူအင်အား စာရင်းနဲ့ပတ်သက်လို့ အမြဲတမ်း မောနီတာလုပ်နေတဲ့ စနစ်လိုတယ်ဗျ။

ဒါဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒီပြဿနာ ကြုံရဦးမှာဘဲ။ အဲဒီတော့ ပြည်သူလူထုက သူတို့ ပြောင်းသွားပြီး ဆိုရင်လဲ ပုံစံ ၆၆ ပါယူပြီးတော့ ထွက်သွားတဲ့ဟာမျိုး အသစ်ဝင်လာတဲ့ လူတွေကလည်း အသစ်လက်ခံတဲ့ မြို့နယ်ကလည်း ပုံစံ ၆၆ ကိုယူခိုင်းရမယ်။ အဲဒါမျိုး စနစ်တွေတော့ လုပ်ဖို့တော့ လိုတယ်။ အဲဒီတော့ ဟို ကျွန်တော် သိတာကတော့ တစ်သိန်း ခုနှစ်သောင်းကျော် ရှိပါတယ်။ မဲပေးခွင့် ရှိတဲ့လူဦးရေပေ့ါနော်။ အဲဒီအထဲမှာ ပုံ ၆၆ နဲ့ အခုနက ပြောသလို မြို့နယ် မနေတဲ့လူက ကိုးသောင်းကျော် ဆိုတာကတော့ ကျွန်တော်တိတိကျကျ မသိဘူး။ ကိုးသောင်းဆိုရင်တော့ များတာပေ့ါ။

 

အဲဒီပိုနေတဲ့ဆိုတဲ့ မဲစာရင်းတွေက အန်ကယ့်အတွက်ပေ့ါလေ၊ ဥပမာ အန်ကယ်အတွက် ကိုယ်ရရှိမဲ့ မဲတွေ သို့မဟုတ် တစ်ခြားပေ့ါနော် အကြောင်းအရာနဲ့ ပတ်သက်ပြီး မဲတွေဖြစ်လာ နိုင်လို့ရှိရင် အန်ကယ်ထိခိုက်မှု တစ်စုံတစ်ရာ ဘယ်လိုဖြစ်နိုင်လဲ။

အမှန်ကတော့ မဲပေးတဲ့သူရဲ့ စိတ်ရင်းပေါ် အဓိကပေါ့နော်၊ သူက ဘယ်သူ့ကို မဲပေးမယ်ဆိုတာ ပေါ်မှာမူတည်ပါတယ်။ အဲဒီတော့ ဒီပြောင်းသွားတဲ့ လူတွေက အရင်တုန်းကတည်းက ကျွန်တော်ကို ထောက်ခံထားတဲ့ လူတွေဆိုရင်တော့ အခုအခါလည်း ကျွန်တော်ကို မဲပေးမယ်လို့ ယူဆတယ်။ သူတို့ နေရာအနှံ့ ပြောင်းသွားကြတာကိုး။ ဘယ်သူတွေ ဘယ်မြို့နယ်တွေ ရောက်နေပြီ၊ တကူးတကန့် ကိုယ့်မြို့နယ် ကိုယ်ပြန်ပြီးတော့ မဲပေးတဲ့သူလဲ ရှိကောင်းရှိမှာပေ့ါ။ ဒါပေမဲ့ကျွန်တော် ထင်တာကတော့ သူတို့ရောက်တဲ့နေရာမှာ မဲပေးလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီကိုပြန်လာပြီးတော့ မဲမပေးပဲနဲ့  သူတို့ရောက်တဲ့နေရာမှာ ရက်ပေါင်း ၁၈၀ နေလို့ရှိရင် မဲပေးခွင့်ရှိတယ်။ အဲဒီတော့ သူတို့ ၆ လပေါ့ဗျာ၊ အဲဒီတော့ သူတို့ရောက်တဲ့နေရာမှာဘဲ မဲပေးလိမ့်မယ်လို့ယူဆပါတယ်။

 

တစ်ချို့တွေက ပြောနေကြတယ်။ ဒီပိုလျှံနေတဲ့မဲတွေက ကျွန်တော်နည်းနည်း တည့်တည့်ပြောမယ် အာဏာရ ပါတီပေ့ါလေ ဥပမာ ဒီပြည်ခိုင်ဖြိုးအနေနဲ့ ဒီဟာကို အနိုင်ရရှိဖို့ အကွက်တစ်ခုအနေနဲ့ အသုံးပြုကောင်း ပြုနိုင်တယ်လို့ ဝေဖန်ကြတာတွေလည်းရှိတယ်။ အဲဒီအပေါ်ကိုကော အန်ကယ်က ဘာပြောချင်လဲ။

ဘယ်လိုလုပ် အသုံးပြုလို့ရမှာလဲ သူက တစ်နယ်ရောက်နေတယ်ဗျာ၊ တစ်နယ်ကို ရောက်နေတဲ့လူက သူ့စိတ်ထဲမှာ ဘယ်ပါတီကို ကြိုက်နေလဲဆိုတာ ကျုပ် ဘယ်လိုလုပ်သိမလဲ။ ဟုတ်တယ် မဟုတ်လား။ သူ့ကို တကူးတကန့် သွားပြီးတော့မှ ငါတို့ပါတီကို မဲပေးပါ ဆိုပေမဲ့လည်း သူပေးချင်မှပေးမယ်လေ။ မဲရုံထဲမှာ သူ့ဘာသာသူ လျှို့ဝှက်မဲပေးတာ၊ ပါးစပ်က ဘာဘဲပြောခဲ့ပြောခဲ့၊ အပြင်မှာ ဘာဘဲပြောခဲ့ပြောခဲ့ အပြင်မှာဘယ်လောက်ဘဲ Pressure ဘယ်လောက်ဘဲ ထည့်ထားထည့်ထား အထဲမှာသူ လွတ်လွတ်လပ်လပ် သူပေးချင်တဲ့ပါတီကို ပေးလို့ရတယ်။သူဘယ်ပါတီကို မဲပေးတယ် ဆိုတာလဲ ဘယ်သူမှ ကြည့်လို့မရဘူးလေးဗျာ။

အဲဒီတော့ ဒီဟာတွေကတော့ ခုနက ခင်ဗျားပြောတဲ့ ဟာတွေကတော့ ကျွန်တော်တို့ ပါတီကို သက်သက် ပြည်သူလူထု အထင်သေးအောင်လို့ လွှင့်တာ ဖြစ်ပါလိမ့်မယ်။ ဒါက စဉ်းစားကြည့်ရင် အဓိပ္ပါယ်မရှိပါဘူး။ ကြံဖန်ပြီးတော့မှ ကျွန်တော်တို့ပါတီကို မုန်းတီးတဲ့စိတ်နဲ့ လုပ်ကြံတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူဟာသူ အပြင်ရောက်နေတဲ့သူဟာ သူ့စိတ်နဲ့ သူ့ကိုယ်ဘဲ။ ဟုတ်လား ဒီမဲရုံထဲရောက်ရင် သူထည့်ချင်တာ ဟာကိုထည့်တာ ကျွန်တော်တို့က ဥပဒေနဲ့ Pressure နဲ့ လုပ်လို့ရတဲ့ ခေတ်ကြီးမဟုတ်ဘူးလေ။

 

နောက်တစ်ခုက အခု ဒီ၂၀၁၅ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ် (သို့) ဘယ်လို အခက်အခဲတွေရှိမယ် ဆိုတဲ့ဟာကို အန်ကယ်အနေနဲ့ ဘယ်လိုမျိုး ထင်ထားလဲခင်ဗျာ။

လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မယ် မဖြစ်ဘူးဆိုတာကတော့ အဓိကကတော့ ဝင်ပြိုင်တဲ့ လူတွေပေါ်မှာဘဲ မူတည်လိမ့်မယ်။ အဲဒီတော့ လွတ်လပ်ပြီးတော့ တရားမျှတတယ်၊ မမျှတဘူးဆိုတာ ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ကော်မရှင်ဆိုတာ ဖွဲ့ထားတာရှိတယ်။ ကော်မရှင်က ကြီးကြပ်နေတယ်။ အဲဒီတော့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဟာ ဟိုပါတီတော့ နစ်နာစေ၊ ဟိုပါတီတော့ သာစေဆိုတဲ့ဟာမျိုး ရှိလို့ရှိရင် ထောက်ပြကြလေ။

စဉ်းစားရသလောက် ကျွန်တော်တို့ရဲ့ လူနေမှု ပတ်ဝန်းကျင်စနစ် လူနေမှု အနေအထားအရ သူစဉ်းစား ရသလောက် အကုန်လုံးလိုက်ပြီးတော့မှ ဟာကွက်မရှိအောင် တတ်နိုင်သမျှ ရေးဆွဲထားတဲ့နေရာမှာ ဘယ်ဘက်မှ လိုက်တာမရှိဘူး။ ဘယ်သူ့ဘက်မှ လိုက်ထားတာမရှိဘူး။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲ တရာမျှတတာ ရှိခြင်းမရှိခြင်းသည် ကော်မရှင်နဲ့ မဆိုင်ဘူး၊ ကော်မရှင် တာဝန်လည်းမဟုတ်ဘူး။ ကော်မရှင်ကတော့ တရားမျှမျှတတ လွတ်လွတ်လပ်လပ် ဖြစ်အောင် နိုင်ငံတကာကိုလည်း ဖိတ်ခေါ်ပြီးတော့မှ လေ့လာခွင့်ပေးထားတာဘဲ အဲဒီတော့ ဒီအပိုင်းမှာ ဘာမှပြောစရာမရှိပါဘူး။

လွတ်လပ်ပြီး တရားမျှတတယ် မမျှတဘူး ဆိုတာကတော့ ဝင်ပြိုင်တဲ့လူတွေက ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ချိုးဖောက်တာတို့ ဥပမာဆိုရင် ဟိုတစ်နေ့က ကျွန်တော်တု့ိ ရုံးရှေ့မှာဘဲ ပါတီတစ်ခုက ရပ်ပြီးတော့မှ ဟောပြောတာ လုပ်သွားတယ်။ ကားပေါ်မှာရပ် ပြီးဟောပြောတာ လုပ်သွားတယ်။

သာမန်အားဖြင့် ဆိုရင်တော့ ကားပေါ်မှာ လှည့်တဲ့အခါမှာ ရပ်ပြီး ဟောပြောစရာမရှိဘူး။ အဲဒီတော့ ဒါကိုရပ်ပြီးတော့မှ ဟောပြောသွားတယ်ဆိုရင် ကော်မရှင်ဥပဒေနဲ့ ညှိတာပေ့ါဗျာ။ သို့သော် ကျွန်တော်တို့ကတော့ ဘာမှမပြောပါဘူး။ အဲဒီတော့ ဒီလိုမျိုးလေးေတွေဟာ မျှတလား မမျှတဘူးလားဆိုတာ စဉ်းစားကြည့်ပေါ့။ အဲဒီတော့ ဒီမျှတခြင်း မမျှတခြင်း၊ လွတ်လပ်ခြင်း မလွတ်လပ်ခြင်းသည် ဝင်ပြိုင်တဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ လူပုဂ္ဂိုလ်နဲ့ ဆိုင်ပါတယ်။ ကော်မရှင်နဲ့တော့ မဆိုင်ဘူး။

 

ဟုတ်ကဲ့ပါ၊ နောက်တစ်ခုကလေး ဒီပြည်ခိုင်ဖြိုးက အသင်းကြီးကနေမှ တစ်ဆင့် ပါတီအဖြစ်ကို ပြောင်းလာပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သန်းလာတယ်။ ၂၀၁၅ ကို တစ်ခါထပ်ပြီးတော့ ဖြတ်သန်း လာတော့မယ်ဆိုတော့ အသင်းတုန်းကလည်းအသင်းရဲ့ အတွေ့အကြုံတွေအများကြီး ရှိလာတယ်။ ပါတီလည်း အခု ၂၀၁၅ ဆိုရင် အတွေ့အကြုံအများကြီး ရှိလာပြီ။ ပြည်ခိုင်ဖြိုး ပါတီအပေါ် ပြည်သူလူထု ထောက်ခံမှုက ဘယ်လိုအနေအထားရှိတယ်လို့ အန်ကယ်အနေနဲ့ သုံးသပ်မိလဲ။

အဲဒါက ပြည်သူလူထုရဲ့ ထောက်ခံမှုဆိုတဲ့ နေရာမှာ လူထုအခြေခံတွေလည်း ကွာတာရှိတယ်။ ရန်ကုန်မြို့မှာ ဆိုရင် ရန်ကုန်မြို့ရဲ့လူတွေက အကုန်လုံးမျက်စိကြီး နားကြီး၊ အကုန်လုံး မီဒီယာတွေနဲ့ ရင်းနှီးကြုံးဝင်တယ်။ ဟိုးနယ်စွန် နယ်ဖျားကျတော့လည်း ဒါမျိုးအရောက် အပေါက် နည်းတာရှိတယ်။ အဲဒီတော့ ချုံပြောရမယ် ဆိုရင်တော့ ပြည်သူလူထုက မှန်မှန်ကန်ကန် အသိတရားတွေ မှန်ကန်တဲ့ Data တွေ ဘက်မလိုက်တဲ့ Data တွေ တစ်ဖက်စောင်းတဲ့ Data တွေ ရထားရင် အဲဒီတစ်ဖက်စောင်းဘဲ ဖြစ်မှာပေ့ါ။

ဟုတ်တယ်မဟုတ်လား မျှမျှတတ ရှိတယ်ဆိုလို့ရှိရင် သူတို့ နှစ်ဖက်မျှပြီးတော့ Data တွေ သိတယ် ဆိုရင်တော့ သူတို့ မျှတတဲ့စဉ်းစားမှုတွေဖြစ်မယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ မီဒီယာအားနည်း ပါတယ်။ အခုကျွန်တော်တို့ပါတီက ထုတ်တာ ယူနီယမ်ဒေးလီးဆိုတဲ့ သတင်းစာ တစ်စောင်ရှိတယ်၊ ရှေ့ဆောင်ဂျာနယ်စုံ ဒါဘဲရှိတယ်။ ဒီမှာ ဗမာပြည်မှာ ဂျာနယ်ပေါင်း ၇၀၀ လောက်ရှိတယ်။ အဲဒီဂျာနယ်ပေါင်း ၇၀၀ ဘယ်ဘက်ဇောင်းပေးနေတဲ့အခါ အားလုံးသိပါတယ်။

အဲဒီတော့ အဲဒီမီဒီယာ တွေပေါ်မှာ ကြည့်ပြီးတော့မှ လူတွေရဲ့ စဉ်းစားဆုံးဖြတ်ချက်တွေ ပါဘဲ။ ကျွန်တော်တို့ မီဒီယာအားနည်းတယ်။ မီဒီယာ မထိုးဖောက်နိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ ပါတီရဲ့ ရပ်တည်ချက်၊ ကျွန်တော်တို့ပါတီရဲ့ နိုင်ငံကို အနာဂတ် ဘယ်လိုပုံဖော်မဲ့ ဟာတွေက လူထုကြားထဲမှာ မပြန့်နှံ့ဘူး။ ကျွန်တော်တို့ မီဒီယာမရှိဘူး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်၊ ကျွန်တော်တို့က အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိန်း စောက်ရှောက်ရမယ်ဆိုတဲ့ အဲဒါ ရည်မှန်းချက်တစ်ခုရှိတယ်။

အဲဒီတော့ ဒီအမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်မယ် ဆိုတဲ့ဟာကို ဘယ်သူ့မှ ဟိုင်းလိုက် လုပ်မပေးဘူးလေဗျား။ ဟုတ်တယ် မဟုတ်လား အဲဒီတော့ လူထုဆိုတာလည်း အရင်တုန်းက သတင်းစာတွေပေါ်မှာဘဲ မှီခိုခဲ့တယ်။ အဲဒီတော့ သတင်းစာထဲက အစိုးရ သတင်းစာထဲမှာ ပါတဲ့အထဲမှာပဲ ဖတ်ပြီးတော့မှ သူတို့ရဲ့အတွေးတွေ၊ သူတို့ရဲ့ စဉ်းစားချက်တွေက ဖြစ်တာကို။ အဲဒီတော့ အခု ၇၀၀၊ ၈၀၀ လောက် မီဒီယာတွေကို ဖတ်ပြီးတော့မှ သူတို့ရဲ့ အတွေးတွေ သူတို့ရဲ့ စဉ်းစားချက်တွေ ဖြစ်နေတယ်ဆိုတော့ ပါတီတစ်ခုပေါ်မှာ ယုံကြည်ခြင်း မယုံကြည်ခြင်းက ကျွန်တော်ထင်တယ်ဗျ၊ မီဒီယာရဲ့ လွမ်းမိုးမှုပေါ်မှာဘဲ အဓိကကျတယ်။

 

အန်ကယ်ဆိုရင် အရင်ပေ့ါလေ တပ်မတော်အစိုးရ လက်ထက်တုန်းကလဲ မြို့တော်ဝန် အနေနဲ့ ဒီလိုမျိုး အဆင့်မြင့်တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့ဘူးတယ်။ အခုတေ့ာ ဒီ ၂၀၁၀ နောက်ပိုင်းမှာ ကျတော့လည်း လွတ်တော်ထဲက တာဝန်တွေကို ကိုယ်စားလှယ်အဖြစ်နဲ့ ဒီကော်မတီမှာ ဆိုရင် ထဲထဲဝင်ဝင် ပါပြီးတော့ ဆောက်ရွက်ခဲ့တာရှိတယ်။ ရှိတော့ အလိုမျိုးပေ့ါနော် အရင်က တာဝန် ထမ်းဆောက်ခဲ့ရတာနဲ့ ဒီပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ပြီး ပြည်သူ့တာဝန်တွေဘဲဖြစ် ဖြစ် တာဝန်တွေကွာခြားပုံများရှိလာ၊ ဘယ်လိုကွာခြားတယ်လို့ အန်ကယ်ထင်လဲ။

အဓိကကဒါပေ့ါဗျာ၊ အစိုးရဝန်ထမ်း၊ ကျွန်တော်ကအရင်က အဆင့်မြင့်မြင့် တာဝန်ထမ်းတယ် ဆိုပေမဲ့ ကျွန်တော်အထက်မှာ လူကြီးတွေ ရှိသေးတာပေ့ါနော်။ အရင်တုန်းက အစိုးရ တာဝန်ထမ်းဆောင်တယ် ဆိုတာ သူများစိတ်နဲ့ ကိုယ့်ကိုဘဲ အခု လွတ်တော် ကိုယ်စားလှယ်ဆိုတဲ့အခါမှာ ကိုယ့်စိတ်နဲ့ကိုယ်ကို၊ အဲဒီတော့ ကိုယ့်စိတ်နဲ့ကိုယ့်ကို ဆိုတဲ့နေရာမှာလည်း လွတ်တော် ကိုယ်စားလှယ်ဖြစ်နေပေမဲ့ ကျွန်တော့်ပါတီက ကျွန်တော့်ကို Guide လုပ်ထားတယ်။

ဒါပေမဲ့ လွတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့အခါ မှာ ကိုယ့်စိတ်နဲ့ကိုယ်ကို ဆိုပြီးတော့ ကျွန်တော်လုပ်တဲ့အခါမှာ အခုကျွန်တော် CEC မဟုတ်တော့ဘူး လေးဗျာ။ ကျွန်တော် ရိုးရိုး ပါတီဝန်ထမ်းဖြစ်သွားပြီ၊ ကွာတယ်ဆိုတာကတော့ အစိုးရဝန်ထမ်းဆိုတာကတော့ သူများစိတ်နဲ့ ကိုယ့်ကို ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ဆိုတာကတော့ ကိုယ့်စိတ်နဲ့ကိုယ်ကို လို့ပြောရင် မှန်ချင်မှ မှန်မယ်။ ပါတီစိတ်နဲ့ လုပ်ရမှာလေ။

ပါတီရဲ့ Guide Line နဲ့လုပ်ရမှာ။ ကျွန်တော်က လွတ်တော် ကိုယ်စားလှယ် လုပ်တဲ့အခါမှာ ကိုယ့်စိတ်ကိုယ်ကိုကို လုပ်မိတယ်။ ကိုယ့်စိတ်နဲ့ ကိုယ်ကိုယ် ဖြစ်တဲ့အတွက် ဒီကော်မတီတွေမှာ ကော်မရှင်မှာ ကျွန်တော်က ထဲထဲဝင်ဝင် ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် လယ်သမားတွေရဲ့ ခံစားချက်ကို စာနာပြီးတာ့မှ ပြင်းပြင်းထန်ထန်လုပ်တယ်။ ဒါ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် လုပ်တာ။ ကျွန်တော်တို့က အသက် ၆၀ ကျော်ပြီး ဒီအရွယ်ကျမှ တိုင်းပြည်အကျိုး လူမျိုးအကျိုး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကိုယ့်စိတ်နဲ့ကိုယ့်ကိုကို မလုပ်ရရင်၊ ဘယ်မှာလုပ်မှာလဲ။  လွတ်လပ်စွာဘဲ မနေ့ကလည်း အမျိုးစောင့် ဥပဒေအောင်ပွဲ သွားတက်တယ်။ လွတ်လပ်သွားပြီ ရိုးရိုးပါတီဝင်ဘဲ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly