နာမည်ကျော် လစ်ဘာတီ ရုပ်တု ပြတိုက်သစ် ဖွင့်လှစ်

နာမည်ကျော် လစ်ဘာတီ ရုပ်တု ပြတိုက်သစ် ဖွင့်လှစ်

မေ ၁၅ ။         ။ အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေး အထိမ်းအမှတ် လစ်ဘာတီ ရုပ်တုကို ဂုဏ်ပြုသောအားဖြင့် နယူးယော့ခ်မြို့မှာ ပြတိုက်သစ်တစ်ခုကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးနှင့် ကမ္ဘာ့ အကျော်ကြားဆုံး နေရာတစ်ခုဖြစ်သည့် လစ်ဘာတီ ရုပ်တု အတွက် ရည်ရွယ်ဖွင့်လှစ်လိုက်သည့် ပြတိုက်သစ်ကို မေလ ၁၆ ရက်တွင် အများပြည်သူအတွက် တရားဝင် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

အဆိုပါ ပြတိုက်သစ်မှာ လစ်ဘာတီ ရုပ်တု၏ ဇာတ်ကြောင်းနှင့် ယင်း၏ အဓိပ္ပါယ်တို့ကို ပြန်ပြောင်း ပြောပြနိုင်မည် ဖြစ်သည်။

ယင်းအပြင် နှစ်စဉ်နှစ်တိုင်း နယူးယော့ခ်သို့ ခရီးစဉ် လာရောက်လည်ပတ်သည့် လူပေါင်း သန်းချီတို့ကိုလည်း ခံစားချက်မျိုးစုံ ပါဝင်သော အတွေ့အကြုံများ ပေးသွားနိုင်ရန် ရှိနေသည်။

“ ဒီ ပြတိုက်သစ်က လစ်ဘာတီ ရုပ်တု ရဲ့ ဇာတ်ကြောင်းကိုရော၊ နောက်ပြီး ဒါက ဘယ်လို သဘောဆောင်သလဲဆိုတာကိုပါ ပြောပြနိုင်ပါလိမ့်မယ်၊ ဒါက မတူညီတဲ့ လူအမျိုးမျိုးအတွက် မတူညီတဲ့ အဓိပ္ပါယ်အမျိုးမျိုး ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ဒီ ရုပ်တုက တကယ်တော့ ကောင်းတဲ့ အရာတွေဖြစ်တဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ လွတ်မြောက်မှု၊ အားလုံး ပါဝင်နိုင်မှု တို့ကို သဘောဆောင်နေတယ်လို့ ထင်ပါတယ်” ဆိုပြီး လစ်ဘာတီရုပ်တု-အီလစ်ကျွန်း ဖောင်ဒေးရှင်း၏ ဥက္ကဌ စတီဖင် ဘရီဂန်တီက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly