ဆူဒန်တွင် အာဏာလွှဲပြောင်းရေးအတွက် (၃) နှစ်တာအသွင်ကူးပြောင်းရေးကာလ သတ်မှတ်ရန် စစ်တပ်နှင့် အတိုက်အခံအကြား သဘောတူ

ဆူဒန်တွင် အာဏာလွှဲပြောင်းရေးအတွက် (၃) နှစ်တာအသွင်ကူးပြောင်းရေးကာလ သတ်မှတ်ရန် စစ်တပ်နှင့် အတိုက်အခံအကြား သဘောတူ

မေ ၁၅ ။           ။ နိုင်ငံမှာ အရပ်သားအစိုးရတစ်ရပ်ထံ အာဏာလွှဲပြောင်းပေးနိုင်ရေးအတွက် သုံးနှစ်တာ အသွင်ကူးပြောင်းရေး ကာလတစ်ခု သတ်မှတ်လုပ်ဆောင်သွားရန် ဆူဒန် စစ်ခေါင်းဆောင်များနှင့် အတိုက်အခံ ဆန္ဒပြခေါင်းဆောင်များအကြား သဘောတူညီချက် ရရှိခဲ့ပြီ ဖြစ်သည်။

ဆူဒန် အတိုက်အခံ မဟာမိတ်အုပ်စုအနေဖြင့် ဥပဒေပြုကောင်စီတစ်ရပ်တွင် နေရာ သုံးပုံ ပုံ နှစ်ပုံ ရရှိမည်ဖြစ်ကြောင်း ဆူဒန် အသွင်ကူးပြောင်းမှုဆိုင်ရာ စစ်ကောင်စီ TMC က ကြေညာသည်။

အာဖရိကအရှေ့မြောက်ပိုင်းက နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဆူဒန်တွင် ပြီးခဲ့သည့်လက သမ္မတ အိုမာ အယ်လ် ဘာရှား အား စစ်တပ်က အာဏာသိမ်းဖြုတ်ချပြီးနောက်ပိုင်း ယင်းနိုင်ငံကို စစ်ကောင်စီက အုပ်ချုပ်နေလျက် ရှိသည်။

သမ္မတ အယ်လ် ဘာရှား ပြုတ်ကျရေးအတွက် တောက်လျှောက် ဆန္ဒပြလာခဲ့ကြသည့် ဆန္ဒပြသမားများသည် ၎င်း ပြုတ်ကျသွားသည့်တိုင် အရပ်သားအစိုးရထံ အာဏာလွှဲပေးရန် စစ်ကောင်စီသို့ တောင်းဆိုနေခဲ့သည်။

ယခုအခါ စစ်ကောင်စီနှင့် အတိုက်အခံဆန္ဒပြသူများအကြား အာဏာလွှဲပြောင်ရေးဆိုင်ရာ အသွင်ကူးပြောင်းမှု ကာလတစ်ခုအတွက် သဘောတူညီချက်တစ်ရပ်ကို မေလ ၁၅ ရက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly