အိမ်အကူဒေါ်ကရင်မ သေဆုံးမှုနှင့် ပတ်သက်ပြီး မိခင်က အမှုရုပ်သိမ်းပေးရန် တင်ပြ

15 May 2019
အိမ်အကူဒေါ်ကရင်မ သေဆုံးမှုနှင့် ပတ်သက်ပြီး မိခင်က အမှုရုပ်သိမ်းပေးရန် တင်ပြ

အိမ်အကူ ဒေါ်ကရင်မ သေဆုံးခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး အမေဖြစ်သူက ဒီအမှုကို ပြန်လည် ရုပ်သိမ်းပေးဖို့အတွက် ရုပ်သိမ်းလွှာကို ခရိုင်ဥပဒေရုံးကို ဧပြီလအတွင်းက တင်ပြထားတယ်လို့ သိရပါတယ်။

" ဒီဥစ္စာနဲ့ ပတ်သက်လို့လည်း တရားရုံးက အမိန့်တစ်စုံတစ်ရာ ချရဦးမှာ။ အမှုက ပြတ်လည်း မပြတ်သေးဘူး။ တရားခံလည်း မစစ်ရသေးဘူး။ အဲ့ဒီတော့ နည်းနည်းလည်း သတိရအောင်က အောင်ရဲထွေးအမှုနဲ့ အလား သဏ္ဍာန်တူနေတယ်။ ဒါပေမယ့် တရားရုံးက မဆုံးဖြတ်ရသေးဘူးလေ။ အလားသဏ္ဍာန်တူတယ်ဆိုတာက ရုပ်သိမ်းလွှာတင်ပုံတင်နည်းလေးက အဲ့ဒီလိုမျိုးလေး တူတယ်ဆိုတာလေကို ဥပဒေပေးတာပါ။ အောင်ရဲထွေး အမှုလိုမျိုးတော့ အဆုံးသတ်မှာ မဟုတ်ပါဘူး "

 သေဆုံးသူ ဒေါ်ကရင်မ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly