GALA Concept သံစုံ တီးဝိုင်း ဂီတဖျော်ဖြေပွဲ ကျင်းပ ပြုလုပ်မည်

GALA Concept သံစုံ တီးဝိုင်း ဂီတဖျော်ဖြေပွဲ ကျင်းပ ပြုလုပ်မည်
ဘာလင်မြို့မှ တယောဆရာ Iskandar Widjaja

ရန်ကုန်၊ အောက်တိုဘာ ၆ ။ ။ Goethe-Institut မှ ကြီးမှူး ကျင်းပမည့် GALA Concept သံစုံ တီးဝိုင်း ဂီတဖျော်ဖြေပွဲကို အောက်တိုဘာလ ၈ ရက်တွင် ရန်ကုန်မြို့ရှိ The Strand hotel ၏ Ballroom ၌ ကျင်းပသွားမည် ဖြစ်သည်။

ထို ဖျော်ဖြေပွဲတွင် ဟန်းဘတ်မြို့မှ ကျော်ကြားသည့် စန္ဒရားဆရာ Oliver Kern နှင့် ဘာလင်မြို့မှ တယောဆရာ Iskandar Widjaja တို့သည် Thai Philharmonic Orchestra Bangkok မှ ရှစ်ကြိုးတပ် တူရိယာ တီးခတ်သူများ ၊ AOC(Attachment of Clouds) Orchestra Yangon ဂျာမန် တယော ပညာရှင် တစ်ဦး ဖြစ်သည့် Sebastian Reimann တို့ နှင့်အတူ Tuebingen / Germany မှ ဂီတမှူး Gudni A.Emilsson ၏ ညွှန်ပြမှု အောက်တွင် အတူတကွ ဖျော်ဖြေကြမည် ဖြစ်သည်။

ဟန်းဘတ်မြို့မှ ကျော်ကြားသည့် စန္ဒရားဆရာ Oliver Kernသည် ငါးနှင် အရွယ်တွင် စန္ဒရားတီးခြင်းကို စတင် လေ့လာခဲ့ပြီး ဂီတနှင့် ဖျော်ဖြေမှု အနုပညာ စတုဂတ်ပြည်နယ် တက္ကသိုလ်မှ ပို့ချသည့် စန္ဒရား၊ သံစုံတီးဝိုင်း နှင့် သံပြိုင်တေးဂီတ ညွှန်ကြားခြင်း ပထမတန်းစား ဒီဂရီဘွဲ့ ရရှိခဲ့သည်။ ၎င်းသည် အာရှ၊ ဥရောပ နှင့် အမေရိက တိုက်များရှိ ထင်ရှားလှသည့် ဂီတ ခန်းမများ၌ ကျင်းပသည့် အရေးကြီးသော ပွဲတော်များတွင် ပါဝင် ဖျော်ဖြေတင်ဆက်ခဲ့ပြီး တေးသံသွင်းမှုပေါင်း မြောက်မြားစွာကို ပြုလုပ်ခဲ့သည်။

ဘာလင်မြို့မှ ထူးထူး ခြားခြား ပါရမီကြီးမားသည့် တယောဆရာ Iskandar Widjajaသည် တယောထိုးခြင်းကို လေးနှစ် အရွယ်တွင် စတင်ခဲ့ပြီး ဘာလင်မှ ကျော်ကြားလှသည့် Hochschule fur Musik တွင် ပညာသင်ကြား ပြီးမြောက်ခဲ့သည်။ ၎င်းသည် GALA Concept တွင် ဖျော်ဖြေရန် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။

AOC(Attachment of Clouds) Orchestraကို ၂၀၀၃ ခုနှစ်တွင် လူငယ် ဆဲလို တယောကြီး တီးခတ်သူ နှင့် ဂီတမှူး Saw James တို့မှ တည်ထောင် ခဲ့သည်။ ထိုအချိန်မှီစပြီး ဘုရားကျောင်း ဝတ်ပြု ဆုတောင်းမှုများ၊ ပုဂ္ဂိလက အခမ်းအနားများနှင့် အများပြည်သူဆိုင်ရာ တေးဂီတ ဖျော်ဖြေပွဲများတွင် ဖျော်ဖြေရန် တက်ကြွသည့် လူငယ် သံစုံတီးဝိုင်းအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။

Sebastian Reimann သည် ကိုလုံးမြို့ အနီးတွင် နေထိုင်သည့် ဂျာမန် တယောပညာရှင် တစ်ဦး ဖြစ်သည်။ ၎င်းသည် ဒေါ့မွန်မြို့မှ Philharmonic Orchestra အပါအဝင် ဂျာမနီမှ သံစုံတီးဝိုင်း တော်တော်များများတွင် အလုပ်လုပ်ခဲ့ဖူးသည်။ ဂျာမနီမှ ဂီတဆရာအဖြစ် နှစ်ပေါင်းများစွာ အတွေ့အကြုံများဖြင့် AOC Orchestra တွင် ပုံမှန် အလုပ်ရုံ ဆွေးနွေးပွဲများ ပေးရန်နှင့် သင်ခန်းစာများ ပို့ချရန် အတွက် ရန်ကုန်သို့ ရောက်ရှိ လာခြင်း ဖြစ်သည်။

Thai Philharmonic Orchestra သည် ဘန်ကောက်အနီးရှိ Salaya မှ Mahidol ဂီတပညာ တက္ကသိုလ်၏ တေးဂီတ အဖွဲ့ အနေဖြင့် ၂၀၀၅ ခုနှစ်တွင် တည်ထောင် ခဲ့သည်။ သံစုံတီးဝိုင်း တည်ထောင်သူ Dr.Sugree Charoensook သည် မကြာသေးမီ နှစ်များအတွင်း မြန်မာပြည်မှ လူငယ် ဂီတ ပညာရှင် အမြောက်အမြားကို သူ၏ ဂီတပညာ တက္ကသိုလ်မှ ပညာသင်ဆုများ ပေးအပ်ခြင်းဖြင့် ထောက်ပံ့ ကူညီ ခဲ့သည်။

ဂီတမှူး Gudni A.Emilssonသည် ဥရောပရှိ များစွာသော အရေးပါသည့် သံစုံတီးဝိုင်းများနှင့်အတူ အခြား ပါဝင် ဖျော်ဖြေမIများ အပြင် ၎င်းသည် လွန်ခဲ့သော ဆယ်နှစ်အတွင်း ဘန်ကောက်ရှိ Thai Philharmonic Orchestra၏ ခေါင်းဆောင် ဂီတမှူး အနေဖြင့် ဆောင်ရွက်ခဲ့သည်။

GALA Concept သံစုံတီးဝိုင်း ဂီတဖျော်ဖြေပွဲ အတွက် လက်မှတ်များကို yangon.goethe.org ၌ အခမဲ့ ရယူနိုင်ပြီး မည်သူမဆို ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly