သိမ်းယူထားသော ကုန်တင်သင်္ဘောကို ပြန်ပေးရန် မြောက်ကိုရီးယားက အမေရိကန်အား တောင်းဆို

သိမ်းယူထားသော ကုန်တင်သင်္ဘောကို ပြန်ပေးရန် မြောက်ကိုရီးယားက အမေရိကန်အား တောင်းဆို

မေ ၁၄ ။                     ။ အမေရိကန်တို့ သိမ်းယူထားသော ကုန်တင်သင်္ဘောကို မိမိတို့ လက်ထဲ ချက်ချင်း ပြန်ပို့ပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုလိုက်ပါတယ်။

အဆိုပါ သင်္ဘော သိမ်းယူမှု လုပ်ရပ်ဟာ ဥပဒေနဲ့မညီတဲ့ လုယက်မှု တစ်ခုအဖြစ် ပြုံယမ်းဘက်က တံဆိပ်ကပ်လိုက်ပါတယ်။

မြောက်ကိုရီးယား မှတ်ပုံတင်ထားတဲ့ ကျောက်မီးသွေးတင် ကုန်တင်သင်္ဘော M/V Wise Honest ကို မိမိတို့ လက်ဝယ် သိမ်းယူထားကြောင်း ပြီးခဲ့တဲ့အပတ်က အမေရိကန် တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ယင်း သင်္ဘောကတော့ ယမန်နှစ် ၂၀၁၈ ဧပြီလက အင်ဒိုနီးရှားမှာ ကနဦး သိမ်းယူခံထားရတဲ့ သင်္ဘောလည်း ဖြစ်ပါတယ်။

ပြုံယမ်းအစိုးရအနေနဲ့ ကျောက်မီးသွေး တင်ပို့မှုအတွက် ဒီ သင်္ဘောတွေကို အသုံးပြုပြီး နိုင်ငံတကာ ဆန်ရှင်တွေကိုချိုးဖောက်နေကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက တစ်ပြိုင်နက်တည်း စွပ်စွဲခဲ့ပါတယ်။

ဒါဟာ ဆန်ရှင်ချိုးဖောက်မှုနဲ့ပတ်သက်လို့ မြောက်ကိုရီးယား သင်္ဘောတစ်စင်းကို အမေရိကန်ဘက်က ပထမဆုံးအကြိမ် သိမ်းယူလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒီလို သင်္ဘော သိမ်းယူမှုအပေါ် ကန့်ကွက်ကြောင်း၊ ဒါဟာ ဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအန်းအကြား ၂၀၁၈ ထိပ်သီးအစည်းအဝေး သဘောတူညီချက်ရဲ့ အနှစ်သာရကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားတို့က ထုတ်ပြန်ပြောဆိုထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly