ကြုံတောင်ကြုံခဲ နွေရာသီကာလ လေထုညစ်ညမ်းမှု သတိပေးချက် အိန္ဒိယ ထုတ်ပြန်

ကြုံတောင်ကြုံခဲ နွေရာသီကာလ လေထုညစ်ညမ်းမှု သတိပေးချက် အိန္ဒိယ ထုတ်ပြန်

မေ ၁၄ ။        ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကြုံတောင်ကြုံခဲအဖြစ် နွေရာသီကာလ လေထုညစ်ညမ်းမှု သတိပေးချက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဖုန်မှုန့် မုန်တိုင်းတွေနဲ့ အပူချိန်မြင့်မားမှုကြောင့် အိန္ဒိယမြောက်ပိုင်းမှာ မီးခိုးမြူတွေကို အန္တရာယ်ရှိ လယ်ဗယ်တွေဆီ ရောက်ရှိထားစေခဲ့ပါတယ်။

ကမ္ဘာ့ လေထုညစ်ညမ်းမှု အဆိုးဆုံး မြို့တော်မှာ ဆောင်းရာသီကာလအများစုအတွင်း ကားအိတ်ဇောငွေ့တွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွင်း မီးရှို့ရာကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေ၊ စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် အဆိပ်အတောက်ပါ မြူခိုးငွေ့တွေနဲ့ ဖုံးလွှမ်းနေလေ့ ရှိတယ်ဆိုပေမယ့် နွေရာသီကာလတွေမှာတော့ ပုံမှန်အားဖြင့် သိပ်ပြင်းထန်လေ့ မရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့် ယခု နွေကာလမှာတော့ ကြုံတောင့်ကြုံခဲအဖြစ် လေထုအရည်အသွေး ဆိုးရွားနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်က အိန္ဒိယအစိုးရရဲ့ လေထု အရည်အသွေး ညွန်းကိန်းဟာ အလွန် ဆိုးဝါးနေတယ်လို့ သိရပြီး PM 2.5 အမှုန် လေထုထဲ ပါဝင်မှုဟာ တစ် ကုဗမီတာလျင် ၁၅၄ မိုက်ခရိုဂရမ် ထိ ရှိနေခဲ့လို့ ဒါဟာ သာမန် စိတ်ချရတဲ့ အတိုင်းအတာထက် ငါးဆ ပိုများနေတာဖြစ်ပါတယ်။

မြို့တွင်း လမ်းမတွေတစ်လျှောက် အမှုန်တွေ ဖုံးလွှမ်းနေလျက် ရှိတာကြောင့် ပြည်သူအများစုဟာ ဆောင်းကာလမှာသာ သုံးရလေ့ရှိတဲ့ mask တွေကို ယခု နွေကာလမှာ တပ်ဆင်သွားလာနေရလျက် ရှိကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly