ONE: For Honor ပြိုင်ပွဲ၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ပွဲ ၅ ပွဲ

ONE: For Honor ပြိုင်ပွဲ၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ပွဲ ၅ ပွဲ

ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာအဖွဲ့အစည်းကြီးဖြစ်သောONEChampionship သည် မေလ ၃ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့၌ ONE:FOR HONOR ပြိုင်ပွဲကြီးအား အောင်မြင်စွာကျင်းပခဲ့ပြီး
 ကမ္ဘာ့အားကစားပရိသတ်များကို ထိပ်တန်းအဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲများ၊ မွေထိုင်းပြိုင်ပွဲများ အား တင်ဆက်ခဲ့သည်။

ဤပြိုင်ပွဲတွင်အဓိကတွဲဆိုင်းမှာ ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ်ထိုးသတ်ခဲ့သော အသက် ၃၅ နှစ်ရှိသူ ဂန္တဝင်မွေထိုင်းကမ္ဘာ့ချန်ပီယံ Sam-A Gaiyanghadao နှင့် တက်သစ်စကြယ်ပွင့်တစ်ပွင့်ဖြစ်သည့် Jonathan Haggerty တို့၏ယှဉ်ပြိုင်မှုဖြစ်ခဲ့သည်။

ယခင်ပြိုင်ပွဲများကဲ့သို့ပင်ယခုပြိုင်ပွဲတွင်လည်း ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံအားကစားသမားများသည်  ၎င်းတို့၏ ထိပ်တန်းအဆင့် ကျွမ်းကျင်မှုများကို ပြသယှဉ်ပြိုင်သွားခဲ့ကြသည်။ ထူးခြားချက်အနေဖြင့် ဂျပန်ကိုယ်ခံပညာ အားကစားနာမည်ကျော်တစ်ဦးဖြစ်သော Yushin Okami သည် ၎င်း၏ပထမဆုံးသော ONE Championship ပြိုင်ပွဲအဖြစ်အခြားသောနာမည်ကျော် အားကစားသမားများ ဖြစ်သည့် ONE Championship ဖယ်သာဝိတ် ကမ္ဘာ့ချန်ပီယံဟောင်း Marat Gafurov၊ မွေထိုင်းကမ္ဘာ့ချန်ပီယံ Yodpanomrung Jitmuangnon နှင့်  နာမည်ကျော် အမျိုးသမီး အင်ဒိုနီးရှား အားကစားသမား Priscilla Hertati Lumban Gaol တို့နှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ONE:For Honor ပြိုင်ပွဲကြီးတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ တွဲဆိုင်း ၁၀ ပွဲနှင့် ONE Super Series တွဲဆိုင်း ၄ပွဲပါဝင် ကျင်းပခဲ့သည်။

အကြိတ်အနယ်ရေကုန်ရေခမ်းယှဉ်ပြိုင်ခဲ့ရသောကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအပါအဝင် ONE: For Honor ပြိုင်ပွဲကြီး၏ အကောင်းဆုံးသော ထိုးသတ်ယှဉ်ပြိုင်ပွဲ ၅ပွဲကို ပရိသတ်များအတွက် ဖော်ပြမည်ဖြစ်သည်။

AyidengJumayi ကို လက်သီးမိုးဖြင့်အနိုင်ယူခဲ့သော Dae Hwan Kim   

တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့မှ အသက် ၃၂နှစ်ရှိသူ တိုက်ကွန်ဒိုခါးပတ်နက် အဆင့် ၄ ဖြစ်သူ DaeHwan Kim သည် ယခုကျင်းပခဲ့သော ONE: For Honor ပြိုင်ပွဲကြီးတွင်ပြိုင်ဘက် တရုတ်နိုင်ငံမှ ကိုယ်ခံပညာ အားကစားသမား AyidengJumayi ကို ပထမအချီတွင် ဒိုင်ပွဲရပ်ဖြင့်အနိုင်ရခဲ့သည်။Kim အတွက် ONE Championship တွင် ၆ပွဲမြောက် အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုပွဲစဉ်တွင်အနိုင်ရရှိခဲ့ခြင်းကြောင့် Dae Hwan Kim ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံမှတ်တမ်းမှာ ၁၅ပွဲနိုင်၊ ၄ ပွဲ ရှုံး၊ ၁ပွဲသရေဖြစ်လာခဲ့သည်။ ဝါရင့်တိုက်ကွန်ဒို အားကစားသမားတစ်ဦးဖြစ်သော Dae Hwan Kim သည် KAMMA  ဘန်တန်ဝိတ်ကမ္ဘာ့ချန်ပီယံတစ်ဦးလည်း ဖြစ်သည်။

ပထမအချီစတင်ချိန်တွင်Dae Hwan Kim နှင့် Ayideng Jumayi တို့နှစ်ဦးသည် အပြန်အလှန်အကဲစမ်းထိုးသတ်နေခဲ့ရာမှာ အချီပြည့်ရန်စက္ကန့်ပိုင်းသာ လိုတော့သည့်အချိန်တွင် ကျွဲနှစ်ကောင်ခတ်သကဲ့သို့ အပြန်အလှန် လက်သီးမိုးများရွာခဲ့ကြရာမှ ပြိုင်ဘက် Ayideng Jumayiမှာ တောင်ကိုရီးယား အားကစားသမား၏ လက်သီးချက်ထိမှန်ပြီး ယိုင်ထွက်သွားခဲ့သည်။ ထို့နောက် ကြိုးဝိုင်းထောင့်တွင် ပိတ်မိပြီး ခုခံရန်လုံးဝမစွမ်းနိုင်တော့ သည် Ayideng Jumayi ကို Dae Hwan Kim က လက်သီးတွဲလုံးများဖြင့် မနားတမ်းထိုးနှက်တိုက်ခိုက်ခဲ့ရာ ဒိုင်လူကြီးမှ ပွဲအားရပ်တန့်စေခဲ့သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပရိသတ်များအနက် လုံးထွေးချုပ်ကိုင် အလဲထိုးခြင်းထက် အပြန်အလှန် ထိုးနှက်၍ ရေကုန်ရေခမ်းယှဉ်ပြိုင်မှုများအား ကြိုက်နှစ်သက်သည့် အားကစားပရိတ်များအတွက် ယခုပွဲသည်  စိတ်ကြိုက် ပွဲတစ်ပွဲဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

အသည်းမာမာဇွဲပါပါဖြင့်အနိုင်ယူခဲ့သူThanh Le  ဗီယက်နမ်အားကစားသမားThanhLe သည် ရုရှမှပြိုင်ဘက်YusupSaadulaev နှင့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားဖယ်သာဝိတ်တန်းပြိုင်ပွဲအဖြစ် ONE: For Honor ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ထိုးနှက်တိုက်ခိုက်မှု တွင် အထူးကျွမ်းကျင်သည့် Thanh Le သည် ၂၀၁၈ခုနှစ်၊ မေလအတွင်းက ကျင်းပခဲ့သော LFA 40 ပြိုင်ပွဲတွင် Kevin Aguilar အား အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ယခု ပြိုင်ပွဲသည်၎င်းအတွက် စိတ်ဓါတ်ခွန်အားများပြန် လည်ရရှိစေခဲ့သောပွဲတစ်ပွဲဖြစ်ခဲ့သည်။

အနိုင်ပွဲ၈ပွဲစလုံးတွင် အလဲထိုးအောင်ပွဲခံခဲ့သော Thanh Le သည် ပြိုင်ပွဲအတော်များများကို ချုပ်ကွက်ဖြင့် အလဲထိုး အနိုင်ယူခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ၅ ပွဲဆက်တိုက်အနိုင်ရထားသည့် ရုရှားမှ Yusup Saadulaev နှင့် ONE Championship ပွဲဦးထွက်ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အရပ်အမောင်း၅ပေ ၆လက်မသာ ရှိသည့် Yusup Saadulaev သည် ထိုးနှက်တိုက်ခိုက်မှု အားကောင်းလှပြီး မိမိထက်အရပ်အမောင်းသာသော ပြိုင်ဘက် Thanh Le လား လုံးထွေးချုပ်ကိုင်ရန် ဗျုဟာခင်းကျင်းခဲ့သည်။ ၎င်း၏ဗျုဟာအတိုင်း Thanh Le ကို ပထမချီပွဲချိန်တစ်ဝက်ခန့်တွင် အလစ်အငိုက်ဖမ်း ဝင်လုံးထွေးချုပ်ကိုင်ခဲ့သည်။ ပြိုင်ဘက်၏ချုပ်ကိုင်ဖိအားပေးမှုမှာ များစွာပြင်းထန်ကြီးမားခဲ့ရသည့် Thanh Le အနေဖြင့် ကျန်ရှိနေသော ပွဲချိန်အား အသည်းမာမာဖြင့် ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။

ဒုတိယအချီစတင်၍၁၂စက္ကန့်သာရှိသေးသည့်အချိန်တွင် ဝင်လုံးရန် အကောင်းဆုံးအနေအထားဟု Yusup Saadulaevက ယူဆပြီးဒိုင်ဗင်ပစ်ဝင်ခဲ့ရာလျင်မြန်လှသည့်ThanhLe၏ဒူးချက်နှင့်တိုက်ရိုက်ထိမှန်လဲကျသွားခဲ့ရပြီး အလဲထိုးခံသွားခဲ့ရသည်။

ခွန်အားအပြည့်သုံးပြီး အနိုင်ယူခဲ့သူ Marat Gafurovဖယ်သာဝိတ်ချန်ပီယံဟောင်းMaratGafurov သည် ဂျပန်ပြိုင်ဘက်Tetsuya Yamada နှင့် ONE: For Honor ပြိုင်ပွဲကြီးတွင် ကတ်ချ်ဝိတ်တန်းပြိုင်ပွဲအဖြစ်
 ယှဉ်ပြိုင်ခဲ့ရာ ၎င်း၏ သန်မာလှသည့် ခွန်အားကိုအပြည့်အဝအသုံးချ၍ မြေပြင်နည်းစနစ်များအား ပိုင်ပိုင်နိုင်နိုင်စွမ်းဆောင်ခဲ့သည်။

ရုရှားအားကစားသမားMarat Gafurov သည် မကြာသေးမီက အလဲထိုးခံရသည့်ပွဲများရှိခဲ့သော်လည်း သတ္တိပြောင်မြောက်စွာဖြင့် တဖက်ပြိုင်ဘက်အား ချုပ်ကိုင်ဖိအားပေး၍ အသာစီးမှ ကစားသွားခဲ့သည်။ ပြိုင်ပွဲအနေအထားအရ Yamada သည် ပိုမိုကောင်းမွန်သာလွန်သည့် ထိုးနှက်တိုက်ခိုက်သူဖြစ်ပုံပေါ်သော် လည်း Gafurovသည် ပြိုင်ဘက်အား လှဲချချုပ်ကိုင်နိုင်ခဲ့သည်။ သုံးချီစလုံး၏ ပွဲချိန်အတော်များများတွင် အပေါ် စီးမှနေ၍ ချုပ်ကိုင်ဖိအားပေးကစားနိုင်ခဲ့ခြင်းကြောင့် ဒိုင်လူကြီးများက တညီတညွှတ်တည်းအမှတ်ဖြင့်အနိုင်ပေး ခဲ့ကြသည်။

ယခုပြိုင်ပွဲတွင်အနိုင်ရရှိခဲ့ခြင်းကြောင့် Marat Gafurov သည်  ချန်ပီယံ Martin Nguyen အားစိန်ခေါ်ခွင့်ရရှိရန် ခြေတစ်လှမ်းစာပိုမိုနီးကပ်သွားခဲ့ပြီဟု ဆိုရပါမည်။

နာမည်ကျော်Yushin Okami အား အလဲထိုးအနိုင်ယူခဲ့သူ Kiamrian Abbasov

ဂျပန်ဂန္တဝင်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား YushinOkami သည် ONE Championship ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်ယှဉ်ပြိုင်မှုအဖြစ်ONE: For Honor ပြိုင်ပွဲကြီးတွင် ကာဂျစ်စ္စတန်မှအားကစားသမား KiamrianAbbasov နှင့် ယှဉ်ပြိုင်ခဲ့သည်။

ဂျပန်နာမည်ကျော်အားကစားသမားYushin Okami သည် ပွဲဦးထွက်၌ပင် အနိုင်ရရှိကာ ONE Championship ကမ္ဘာ့ချန်ပီယံအား စိန်ခေါ်နိုင်လိမ့်မည်ဟု ပြိုင်ပွဲအကြိုခန့်မှန်းချက်များထွက်ပေါ်ခဲ့သော်လည်း  အဆိုပါ ယူဆချက်များ မှားယွင်းကြောင်း Kiamrian Abbasov က သက်သေပြခဲ့သည်။

တကယ်တမ်းယှဉ်ပြိုင်ခဲ့ကြရာတွင်ကာဂျစ်ကစ္စတန် ဝဲလ်တာဝိတ်အားကစားသမားက ၎င်း၏ကစားသမား သက်တမ်းတစ်လျှောက် အကြီးမားဆုံး အနိုင်ပွဲအဖြစ် ဒုတိယအချီ အစောပိုင်းမှာပင် ပြိုင်ဘက် Yushin Okami ကို အလဲထိုးအနိုင်ယူသွားခဲ့သည်။

WSOF နှင့် UFC ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်ဖူးသူ Yushin Okami အား ONE ဝဲလ်တာဝိတ်တန်း ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမား ကာဂျစ်စ္စတန်မှ အားကစားသမား Kiamrian Abbasov က ပြင်းထန်အားပါသော ညာလက်သီးချက်ဖြင့် ပြိုလဲကျအောင်ထိုးနှက်ခဲ့သည်။ ထို့နောက် အားပါသေသပ်သော လက်သီးတွဲလုံးများဖြင့်Kiamrian Abbasov က ပြိုင်ဘက်အား ပွဲသိမ်းပေးခဲ့သည်။

ပထမအချီတွင်အင်အားပြင်းထန်စွာဖြင့် တိုက်စစ်ဆင်ခဲ့သော Yushin Okami အား Kiamrian Abbasov သည် လှည့်ပတ်ရှောင်တိမ်းနေခဲ့ရာမှ ခြေကန်ချက်ဖြင့် တန်ပြန်တိုက်စစ်ဆင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော်တကယ်တမ်းတွင် နာမည်ကျော်ပြိုင်ဘက် Yushin Okami အားထိခိုက်စေခဲ့သည်မှာ ၎င်း၏ ညာလက်သီးချက် ဖြစ်ခဲ့သည်။

ယခုအနိုင်ပွဲကြောင့်Kiamrian Abbasov သည် ဝဲလ်တာဝိတ်တန်းတွင် အလယ်အလတ်တန်းပြိုင်ပွဲဝင်တဦးဖြစ် လာခဲ့ပြီး ပြိုင်ပွဲမှတ်တမ်းအနေဖြင့် အနိုင်ပွဲ ၂၁ပွဲ - ရှုံးပွဲ ၄ပွဲဖြစ်လာခဲ့သည်။ Yushin Okami အနေဖြင့်မှု နိုင်ပွဲ ၃၅ ပွဲ၊ ရှုံးပွဲ ၁၃ပွဲမှတ်တမ်းဝင်သွားခဲ့ပြီး လာမည့်အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံ၊တိုကျိုမြို့၌ ကျင်းပမည့် ONE Championship ၏ ပြိုင်ပွဲတွင် ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ ထိုးသတ်ရန်ဟုသည့် ၎င်း၏ရည်မှန်းချက် ပျောက်ဆုံးသွားခဲ့ရသည်။

ကမ္ဘာ့ချန်ပီယံဘွဲ့လွှဲပြောင်းပေးလိုက်ရသည့် Sam-A Gaiyanghadao

ONE:For Honor ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းဖြစ်သည့် ဖလိုင်းဝိတ် မွေထိုင်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲကို ထိုင်းနိုင်ငံအရှေ့မြောက်ဘက် ဘူရီရမ်ပြည်နယ်သားSam-AGaiyanghadao သည် ကမ္ဘာ့ချန်ပီယံဘွဲ့ ကာကွယ်ရန် အင်္ဂလန်မှတက်သစ်စကြယ်ပွင့်တစ်ပွင့်ဖြစ်သော JonathanHaggerty ၏ စိန်ခေါ်မှုအား လက်ခံထိုးသတ်ခဲ့ခြင်းဖြစ်သည်။

အသက်၂၂နှစ်အရွယ်ရှိ Jonathan Haggerty သည် ဂန္တဝင်မွေထိုင်းကမ္ဘာ့ချန်ပီယံ Sam-A အား သတ္တိ ပြောင်မြောက်စွာဖြင့် ထိုးသတ်ခဲ့ပြီး ပွဲအတွင်း ပြိုင်ဘက် Sam-A ကို ကြမ်းပြင်ပေါ် နှစ်ကြိမ်တိုင်လဲကျသည့်အထိ ထိုးသတ်နိုင်ခဲ့သည်။

Haggertyသည် အဖွင့်အချီကတည်းက ၎င်း၏ဗျုဟာအား ရှင်းလင်းပေါ်လွင်စွာထုတ်ဖော်ခဲ့ပြီး ပြင်းထန်အား ပါသော ကန်ချက်များဖြင့် တိုက်စစ်ဆင်ခဲ့သည်။ Sam-A သည် ပြိုင်ဘက်၏ တရစပ် တိုက်စစ်ကြောင့် ဖိအား ရှိပုံမရသော်လည်း အထနှေးသည့်အချက်ကြောင့် Haggerty သည် အစောပိုင်းပြိုင်ပွဲ အခြေအနေအား ဦးဆောင်နိုင်ခဲ့သည်။

အချီဒုတိယပိုင်းတွင်Sam-A သည် တိုက်စစ်ဆင်ကစားခဲ့သော်လည်း Haggerty သည် ခွန်အားကို  ထိန်းချုပ် ပြီး အလိုက်သင့်ကစားသွားနိုင်ခဲ့သည်။

ဒုတိယအချီတွင်မှု ပြိုင်ဘက်နှစ်ဦးစလုံး တိုက်စစ်အားတင်၍ ကစားလာခဲ့ရာ ပရိသတ်အားပေးသံများ ကျယ်လောင်စွာထွက်ပေါ်နေသည့် Istora Senayan အားကစားရုံအတွင်း ပြင်းထန်လှသော အလယ်ပိုင်းခြေခတ်ချက်များက ပဲ့တင့်သံထွက်နေသည့်အလား ဖြစ်ခဲ့ရသည်။

အင်္ဂလန်မှHaggerty သည် ရှေ့သို့ဖိအားပေးတက်ရန် ကြိုးစားသော်လည်း ထိုင်းပြိုင်ဘက် Sam-A က ပိုမို ပြင်းထန်ကြမ်းတမ်းသည့် တိုက်စစ်ဆင်မှုနှင့် တုံ့ပြန်ခဲ့သည်။

Sam-Aက ပြင်းထန်အားပါသော လက်သီးချက်များ၊ တံထောင်ရိုက်ချက်များဖြင့် ပြိုင်ဘက် Haggerty အား  တိုက်စစ်ဆင်ခဲ့သော်လည်း Roar Combat လိဂ် ကမ္ဘာ့ချန်ပီယံ Haggerty အတွက် အဆိုပါထိုးနှက်မှုများမှာ ထိရောက်မှုမရှိဖြစ်ခဲ့ရသည်။

ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲပီသလှသည့်အဆိုပါယှဉ်ပြိုင်မှုတွင် Sam-A နှင့် Haggerty တို့သည် ဘတပြန်ကျား တပြန်ယှဉ်ပြိုင်ခဲ့ကြပြီး Haggertyသည် ကမ္ဘာ့ချန်ပီယံအား နှစ်ကြိမ်တိုင်ကြမ်းပြင်ပေါ်လဲကျပြီး အမှတ်စဉ်ရေ တွက်ခံရသည့်အထိ ထိုးနှက်နိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသည်၂၀၁၉ခုနှစ်၏ အကောင်းဆုံးပြိုင်ပွဲများတွင် တစ်ပွဲအပါအဝင်ဖြစ်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ဒိုင်လူ ကြီးများက Haggerty အား အနိုင်ပေးခဲ့ခြင်းဖြင့် ONE Championship ၏ ဖလိုင်းဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံ အသစ်တဦး ပေါ်ထွန်းခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly