အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားရုံများ

အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားရုံများ

အာရှတိုက်သည် ရှေးယခင်ကတည်းက ကိုယ်ခံပညာ ထွန်းကားခဲ့ရာဒေသ ဖြစ်သည်နှင့်အညီနိုင်ငံအလိုက် မတူညီသော ကိုယ်ခံပညာ၊ သိုင်းပညာ အသီးသီးတို့ကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သည်။ ယနေ့အချိန်တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ရေပန်းစားလာသည့်အခါ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံနှင့် လေ့ကျင့်သင်ကြားပေးသည့် အားကစားရုံများ
 ဖွင့်လှစ်လာကြသည်။

ယင်းအားကစားရုံများမှ ကမ္ဘာ့ချန်ပီယံများ ပေါ်ထွက်လာစေသည်အထိ လေ့ကျင့်သင်ကြားပေးပြီးကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားတိုးတက်အောင် ပံ့ပိုးပေးလျက်ရှိသည်။ အရှေ့တောင်အာရှ နိုင်ငံအချို့၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားရုံများ အကြောင်း ဗဟုသုတ အနေဖြင့် စုစည်းဖော်ပြ လိုက်ရပါသည်။

စင်္ကာပူစင်္ကာပူနိုင်ငံသည်ONEChampionship ၏ အခြေစိုက်ရာနိုင်ငံဖြစ်သလို ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစား လေ့ကျင့်နိုင်သည့် အားကစားရုံလည်း ပေါများသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထို့ပြင် စင်္ကာပူနိုင်ငံမှ မွေးထုတ်ပေးလိုက်သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမားများသည်လည်း ကမ္ဘာ့ချန်ပီယံခါးပတ်များ သိမ်းပိုက်နိုင်သည်အထိ အောင်မြင်ကြသည်။

စင်္ကာပူ၏ အအောင်မြင်ဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားရုံမှာEvolveဖြစ်ပြီး UFC လိုက်ဝိတ်တန်း ချန်ပီယံ Rafael Dos Anjos၊ ONE ၏ အက်တမ် ဝိတ်တန်း အမျိုးသမီး ချန်ပီယံAngelaLee၊ လိုက်ဝိတ်တန်း ချန်ပီယံShinyaAoki၊ ဝယ်လ်တာဝိတ်တန်း ချန်ပီယံBenAskren၊ စတောဝိတ်တန်း ချန်ပီယံDejdamrong Sor Amnuaysirichoke တို့ ထွက်ပေါ်ရာ အားကစားရုံ ဖြစ်သည်။အာရှ၏ အကောင်းဆုံး အားကစားရုံစာရင်းတွင်လည်း မကြာခဏ ထည့်သွင်းဖော်ပြခြင်း ခံရလေ့ရှိသည်။

စင်္ကာပူ၏ အခြား နာမည် ကျော်ကြားသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားရုံများမှာ Juggernaut Fight Club၊ Impact၊ Fight G Academy၊ Team Highlight Reel စသည်တို့ ဖြစ်ကြသည်။

ဖိလစ်ပိုင်စင်္ကာပူကဲ့သို့ပင် အကောင်းဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားရုံများပေါ်ထွက်ရာ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံမှာ ဖိလစ်ပိုင် ဖြစ်သည်။ ဖိလစ်ပိုင်၏ အအောင်မြင်ဆုံးနှင့် လူသိအများဆုံး အားကစားရုံမှာ
TeamLakay ဖြစ်ပြီး ONE Championship ၏ ကမ္ဘာ့ချန်ပီယံကစားသမား အများအပြားထွက်ပေါ်ရာ အားကစားရုံလည်း ဖြစ်သည်။

ONE ၏ လိုက်ဝိတ်တန်း ချန်ပီယံEduardFolayang၊ ဘန်တန်ဝိတ်တန်း ချန်ပီယံKevinBeingon၊ စတောဝိတ်တန်း ချန်ပီယံJoshuaPacio ၊ ဖလိုင်းဝိတ်တန်း ချန်ပီယံGejeEustaquio ၊ ဖယ်သာဝိတ်တန်း ချန်ပီယံHonorioBanario၊ Brave ၏ ဘန်တန်ဝိတ်တန်း ချန်ပီယံ StephenLoman တို့ကို မွေးထုတ်ပေးခဲ့ရာ အားကစားရုံ ဖြစ်သည်။

ဖိလစ်ပိုင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားဟောင်းကြီး MarkSangiao ဦးစီးတည်ထောင်ထားသည့် Team Lakay သည်ဝူရှူးအားကစားကို အခြေခံကာလေ့ကျင့်သင်ကြားပေးသည့် နေရာလည်းဖြစ်သည်။ ဖိလစ်ပိုင်၏ အခြားနာမည်ကြီး အားကစားရုံ များမှာ Alliance Training Centre ၊ Catalan Fighting System ၊ Elorde ၊ Mindanao Ultimate တို့ ဖြစ်ကြသည်။

မလေးရှားမလေးရှားနိုင်ငံတွင် အကောင်းဆုံး အားကစားရုံတစ်ခုတည်းက စိုးမိုးထားခြင်းမရှိဘဲအားကစားရုံများ အပြိုင်အဆိုင်တည်ရှိကြသည်။ ထင်ရှားသည့် အားကစားရုံများမှာ ONE Championship ၏ ကစားသမား
Agilan“Alligator” Thani ၊EvTing ၊GianniSubba တို့ ပုံမှန် လာရောက် လေ့ကျင့်လေ့ရှိသည့် Monarchyအားကစားရုံ၊ Eric Kelly၊ Peter Davis နှင့် Richard “Notorious” Corminal တို့ လေ့ကျင့်နေသည့် Muay Fit၊ ဘန်တန်ဝိတ်တန်း ကစားသမား Saiful “The Vampire” Merican ဖွင့်လှစ်ထားသည့် Merican Muay Thai၊ AJ “Pyro” Lias Mansor ၏ Borneo Tribal Squad၊ Melvin “Overkill” Yeoh၏ Ultimate Academy တို့ ဖြစ်ကြသည်။ အဆိုပါ အားကစား ရုံများသည် မွေထိုင်း၊ ဘရာဇီးလ် ဂျူဂျစ်ဆု၊ ကရက်ဗ်မက်ဂါ စသည့် ကိုယ်ခံပညာများ သင်ကြားပေးသလို ကျန်းမာရေးအတွက် ကိုယ်ကာယ လေ့ကျင့်ခန်းကစားလိုသူများကိုလည်း လေ့ကျင့်ပေးနေသည်။

ထိုင်းမွေထိုင်းအားကစား၏ မိခင်မြေဖြစ်သော ထိုင်းနိုင်ငံတွင်မူ အားကစားရုံများသည်ကိုယ်ခံပညာ သိုင်းပေါင်းစုံကို သီးသန့်လေ့ကျင့်ပေးခြင်း မဟုတ်ဘဲ ယခင်မွေထိုင်း အားကစားရုံများမှ တိုးချဲ့လေ့ကျင့် သင်ကြားပေးခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အကြီးဆုံး၊ အအောင်မြင်ဆုံးနှင့် အထင်ရှားဆုံး အားကစားရုံမှာTigerMuay Thai အားကစားရုံ ဖြစ်သည်။

ယင်းအားကစားရုံမှTiffanyTeo၊Pongsiri Mitsatit၊Shannon Wiratchai၊Rika Ishige၊Emilio Urrutia နှင့်KairatAkhmetov အစရှိသည့် ONE Championship ကစားသမားများကိုမွေးထုတ်ပေးခဲ့သည်။ အခြားနာမည်ကျော် အားကစားရုံမှာ စတောဝိတ်တန်း အမျိုးသမီး ချန်ပီယံXiong Jing Nan နှင့် မစ်ဒယ်ဝိတ် ချန်ပီယံဟောင်းVitaly Bigdash တို့ လေ့ကျင့်ဖူးခဲ့သည့် Phuket Top Team ဖြစ်သည်။ Team Quest Thailand၊ Wild Card Gym TU၊ Bangkok Fight Club စသည့် အားကစားရုံများမှာလည်း ကျော်ကြားသည်။

အင်ဒိုနီးရှားအင်ဒိုနီးရှား နိုင်ငံတွင် လတ်တလော ရေပန်း အစားဆုံး ဖြစ်နေသည့် အားကစားရုံမှာ BaliMMA ဖြစ်သည်။ အဆိုပါ အားကစားရုံကို ONE Championship၏ ကစားသမားများဖြစ်ကြသော Andrew
 Leone နှင့် ၎င်း၏အစ်ကို Anthony Leone တို့က ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားဟောင်းများနှင့် ပူးပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။ ONE Champion ၏ စတောဝိတ်တန်း အမျိုးသမီး ချန်ပီယံ
XiongJing Nan လတ်တလော လေ့ကျင့်နေသည့် အားကစားရုံဖြစ်သလိုStefer Rahardian၊RiskiUmar နှင့် Gianni Subba တို့လည်း လေ့ကျင့်လျက်ရှိသည်။

အဆိုပါ အားကစားရုံတွင် မြန်မာကစားသမားများ ဖြစ်ကြသောဘိုဇီနာအန်တိုနီယာ နှင့် ပုညစိုင်းတို့လည်း လေ့ကျင့်နေကြောင်းသိရသည်။ ၎င်းနှင့်အပြိုင် နာမည်ကြီးသည့် အားကစားရုံမှာ Jakarta Muay Thai ဖြစ်သည်။ ယင်းအားကစားရုံကိုလည်း Leone ညီအစ်ကို တည်ထောင်ခဲ့ခြင်းဖြစ်ကာ လက်ရှိပိုင်ရှင် Steven Suryadinata က ၎င်းတို့ထံမှ ပြန်ဝယ်ထားခြင်းဖြစ်သည်။ Siam Tigershark၊ Gorilla Fight Club၊ Synergy စသည့်
 အားကစားရုံ များလည်း ထင်ရှားသည်။

မြန်မာမြန်မာနိုင်ငံတွင် ပထမဆုံးကိုယ်ခံပညာ သိုင်းပေါင်းစုံသီးသန့်အားကစားရုံကို ONE ၏ ကစားသမားတစ်ဦးဖြစ်သော ဖိုးသော်က တည်ထောင်ခဲ့ပြီး Team PT ဟု အမည်ပေး ခဲ့သည်။ Team PT သည် ထိုင်း၊ ကမ္ဘောဒီးယား၊ အမေရိကန်နိုင်ငံတို့မှ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မျိုးဆက်သစ်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားများ မွေးထုတ်ပေးနိုင်စေရန်
 ကြိုးပမ်းလျက် ရှိသည်။

Yangon Fight Club၊ BJJ Myanmar (Transcend) စသည့် ကိုယ်ကာယလေ့ကျင့်ရေးအားကစားရုံ များကလည်း မျိုးဆက်သစ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားများကို ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် လေ့ကျင့်သင်ကြားပေးနေသည်။ ရိုးရာ လက်ဝှေ့ကို အဓိက သင်ကြားပေးသည့် တောင်ကလေး၊ မြိုင်ကလေး၊ အဖြူရောင်သွေးသစ်၊ ရွှေဖူးစသည့် လက်ဝှေ့ ကလပ်များမှ ရိုးရာ လက်ဝှေ့သမား များသည်လည်း
 ONE Championship ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly