အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးမယူနိုင်ခဲ့သော တိုင်စာများအတွက် မေးခွန်းထုတ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးမယူနိုင်ခဲ့သော တိုင်စာများအတွက် မေးခွန်းထုတ်

နေပြည်တော်၊ မေလ ၁၃ ။          ။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် တိုင်စာများ၏ ၂၅ ရာခိုင်နှုန်းကို အရေးယူဆောင် ရွက်နိုင်မှု မရှိသည့်အပေါ် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက မေးခွန်းထုတ်ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် ၂၀၁၈ခုနှစ်အတွင်း တိုင်းကြားစာပေါင်း ၁သောင်းကျော် ရှိသည့်အနက်မှ ၅ဝရာခိုင်နှုန်းကို အကြံပြုစာများ ပြန်လည်ပေးပို့ခဲ့ပြီး ၂၅ရာခိုင်နှုန်းကိုတော့ အရေးယူ ဆောင် ရွက်နိုင်ခြင်း မရှိနိုင်ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောကြားခဲ့သည်။

 “တိုင်ကြားစာတွေရဲ့ ၂၅ရာခိုင်နှုန်းကို ကျတော့ အရေးယူဆောင်ရွက်လို့ မရဘူးလို့ ဆိုပါတယ်။ ဒါလည်း သိပ်မရှင်းပါဘူး။ ဘာကြောင့်ဆောင်ရွက်လို့ မရတာလဲဆိုတာ ပြည်သူတွေသိခွင့်ရှိသလောက် ရှင်းရှင်း လင်း လင်း ထုတ်ပြန်ပေးသင့်ပါတယ် ။ တတိယက ဌာနဆိုင်ရာနဲ့ ပြည်နယ်တိုင်းတွေကို ပြန်လွှဲပို့တာကို တိုင်စာ အားလုံးရဲ့ ၁ရရာခိုင်နှုန်း ကျော်ရှိပါတယ်။ ဒီသုံးမျိုးပေါင်းလိုက်ရင် ၉၃ ရာခိုင်နှုန်းကျော်Talentက ၆ရာခိုင်နှုန်း နီးပါးဆိုတော့ ကော်မရှင်က လက်ခံ ဆောင်ရွက်နိုင်တာ တိုင်စာတွေရဲ့ ၁ရာခိုင်နှုန်းတောင် မရှိပါဘူး”ဟု ၄င်းက ပြောကြားခဲ့သည်။

မေလ ၁၃ရက်နေ့ (ယနေ့ )ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂ဝဝရခုနှစ်မှ ၂၀၁၂နှစ်အတွင်း မြန်မာနိုင်ငံသည် အကျင့်ပျက်ခြစားမှုအများဆုံး နိုင်ငံ ၁၈၀ ၏ စာရင်းတွင် အဆင့် ၁၇၆တွင် ရှိခဲ့ပြီး  ၂၀၁၂ခုနှစ်မှ ၂၀၁ရခုနှစ် အတွင်း၌ အကျင့်ပျက်ခြစားမှုအဆင့် ၁၃ဝသို့ ရောက်ရှိခဲ့ သည်။
၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံသည် အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံများ၏ အညွန်းကိန်း ၁၃၂သို့ ပြန်လည် လျော့ကျသွားသောကြောင့် အကျင့်ပျက်ခြစားမှုများ ပြန်လည် မြင့်တက်ခဲ့ကြောင်းနှင့် အကျင့်ပျက်ခြစားမှုများ လျော့ကျမသွားသည့် အခြေအနေကို သက်သေထူနေကြောင်းဦးမျိုးဝင်းက ထောက်ပြပြောကြားခဲ့သည်။

“အချို့သော တိုင်စာများဟာ အောက်မှာ ဘယ်လိုမှ ဆောင်ရွက်လို့ မရတော့လို့ ကော်မရှင်ဆီ တက်လာ တာဖြစ်ပြီး အဲ့ဒီ စာတွေကို ကော်မရှင်က ဌာနဆီ ပြန်လည်လွှဲပို့မိတယ် ဆိုရင်တော့ ကော်မရှင်ကိုယ်တိုင် ဒီအမှုကို မပေါ်အောင် လုပ်လိုက်တယ် ဖြစ်သွားတယ်ဆိုတာကိုလည်းပဲ သတိချပ်စေလိုပါတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

ထို့ပြင် တိုင်ကြားသူများကို အကာကွယ်ပေးရန်အတွက် ထိရောက်သည့် ဥပဒေတစ်ရပ်ကိုလည်း အလျင် အမြန် ရေးဆွဲနေရန် လိုအပ်နေကြာင်း နှင့် ဦးမျိုးဝင်းကိုယ်တိုင် တိုင်ကြားခဲ့ဖူးသည့် ဥပမာတစ်ခုနှင့် နှိုင်းယှဉ်ကာ ပြောကြားခဲ့သည်။

“ကျွန်တေ်ာစာပို့တာကို မြို့နယ်အဆင့်က သိနေတာလည်းပဲ အင်မတန်အ့ံသြစရာ ကောင်းပါတယ်။ ကြောက်ကြောက်နဲ့ တိုင်တဲ့ ပြည်သူ တစ်ဦးဆိုရင်သွေးပျက်နေမှာ သေချာပါတယ်။ ဒီလိုဖြစ်နေတာကြောင့် သစ်မှောင်ခို၊ လောင်းကစား ၊ မူးယစ်ဆေး ကိစ္စ မျိုးတွေမှာ ဒီအန္တရာယ်ကြောင့် ဌာနဆိုင်ရာကို လူတွေ မတိုင် ရဲကြတာ ဖြစ်ပါတယ်။ ကော်မရှင်မှာ တိုင်စာ တစ်သောင်းကျော် ပိုများလာရတာကလည်းပဲ ကော်မရှင်က လျှို့ဝှက်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့်တိုင်ကြားသူနဲ့ သတင်းပေးသူကို အကာအကွယ် ပေးနိုင်မယ့် ဥပဒေမျိုး ဒီနိုင်ငံမှာ အလျင်အမြန်ပြဋ္ဌာန်းဖို့ လိုနေပြီ ဆိုတာကိုလည်းပဲတိုက်တွန်းလိုပါတယ်”ဟု ၄င်းက ပြောကြား ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ် ပြောကြားခဲ့သည့် အရေးယူခြင်းမရှိသည့် တိုင်ကြားစာ ၂၅ရာခိုင်နှုန်းနှင့် ပတ်သက်၍ ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ညွှန့်က “လွှတ်တော်ကိုယ်စားလှယ်များရဲ့ မေးခွန်းများကို တစ်ခုချင်း၊ တစ်ခုချင်းအလိုက် ဥက္ကဋ္ဌကြီး ဦးအောင်ကြည်က လွှတ်တေ်ာထဲမှာ ပြန်လည်ဖြေကြားမညဖြစ်ပါတယ််” ဟု ပြောကြားသည်။

လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ကို၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့တွင် ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly