မတရားအသင်းပုဒ်မနှင့် တရားစွဲခံထားရသော နာဂလက်နက်ကိုင်ခေါင်းဆောင် ၅ ဦးကို ၅ကြိမ်မြောက် ရုံးထုတ်

မတရားအသင်းပုဒ်မနှင့် တရားစွဲခံထားရသော နာဂလက်နက်ကိုင်ခေါင်းဆောင် ၅ ဦးကို ၅ကြိမ်မြောက် ရုံးထုတ်

ခန္တီး၊ မေ ၁၃ ။        ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊  မြို့နယ်တရားရုံးတွင် မတရားအသင်းပုဒ်မနှင့် တရားစွဲခံထားရသော နာဂ လက်နက်ကိုင်(NSCNK) ခေါင်းဆောင် ၅ ဦးကို မေလ ၁၃ရက်က ၅ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့သည်။

အဆိုပါ(၅)ဦးသည် ကသည်း/အာသံ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်သဖြင့် မတရားအသင်း ပုဒ်မ၁၇/၁ ဖြင့် တပ်မတော်က တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ယခု ၅ကြိမ်မြောက် ရုံးချိန်း ကြားနာမှုများအရ သိရသည်

“တပ်မတော်ရဲ့ စွပ်စွဲမှုအပေါ် အမှုမပြီးသေးတဲ့အတွက် ဘာမှမပြာနိုင်သေးဘူး”ဟု နာဂငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်က မဇ္စျိမကို ပြောသည်။

မေလ ၁၃ရက်နေ့ ရုံးချိန်းတွင် စွပ်စွဲခံရသူ ၅ ဦး၏ တရားဥပဒေအရာရှိသည် လေယာဉ်ခရီးစဉ် ပျက်သွား သောကြောင့် လာရောက်နိုင်ခြင်းမရှိဘဲ တရားလိုဘက်မှ သက်သေတင်သွင်းလာမှုနှင့် ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် ငြင်းခုံမှုများ ရှိခဲ့ကြောင်း သိရသည်။

နာဂလက်နက်ကိုင် အဖွဲ့မှ  ၅ ဦးကို မတရားအသင်းပုဒ်မ ၁၇/၁ဖြင့် ယခုနှစ် မတ်လ ၉တွင် ခန္တီးအခြေစိုက် ခလရ တပ်နယ်ရိပ်သာ၌ ဖမ်းဆီးခဲ့ပြီး ခန္တီးမြို့မရဲစခန်း၌ မတ် ၂၆ ရက်တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၅ဦးအတွက် နောက်တစ်ပတ်ရုံးချိန်းကို မေ ၂၀ ရက်သို့ ထပ်မံချိန်းဆိုလိုက်ပြီး နာဂဒေသအတွင်း တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့သည့် ကသည်း/အာသံ လက်နက်ကိုင် ၂၄ ဦး ကိုလည်း မေလ ၁၅ ရက် နေ့တွင် အပြီးသတ် အမိန့်ချသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required