ရေပြတ်လပ်မှုဖြစ်နေသော လပွတ္တာမြို့နယ်ရှိ ကျေးရွာများကို ရေများ ဖြန့်ဝေ

ရေပြတ်လပ်မှုဖြစ်နေသော လပွတ္တာမြို့နယ်ရှိ ကျေးရွာများကို ရေများ ဖြန့်ဝေ

ပုသိမ်၊ မေ ၁၃ ။      ။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ရေပြတ်လပ်မှု ဖြစ်ပွားနေသော ကျေးရွာ ၃၈ ရွာ သို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေများဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“ရေငံပိုင်ဒေသတွေမှာ ကန်ရေသုံးရတဲ့ရွာတွေမှာ အများဆုံးဖြစ်တာတွေ့ရပါတယ်။ ကန်ရေဆိုတော့ ဒီနှစ် ကလည်း ပူလောင်တာဖြစ်တဲ့အတွက် ရေခန်းခြောက်မှုတွေကြောင့် ဖြန့် ဝေရတဲ့အနေထားဖြစ်တယ်”ဟု ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှညွန်ကြားရေးမှူးဦးနေထက်ရှိန်က ပြောသည်။

မူလခန့်မှန်းချက်အရ မြို့နယ် ၇ မြို့နယ်ရှိ ကျေးရွာ ၄၈ ရွာတွင် ရေရှားပါးမှုဖြစ်နိုင်ကြောင်း ခန့်မှန်းချက်အရ ကြိုတင်စီမံချက်များဖြင့် လုပ်ခဲ့ကြောင်း ဧပြီလ၂၃ရက်နေ့မှ စတင်ကာ မေလ၁၂ရက်နေ့ အထိ ဧရာဝတီ တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ် ၊ ကျေးရွာ ပေါင်း ၅ရရွာ၊ အိမ်ခြေပေါင်း ၉၇၉၆ စု၊လူဦးရေ ၄၀၅၂၈ အတွက် ရေဂါလံ ၁၁၀၉၂၀ ဖြန် ့ဝေပေးထားကြောင်း ဧရာဝတီတိုင်း ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။

အဆိုပါ ရေပြတ်လပ်ဖြစ်ပွားနေသော ကျေးရွာများသို့ ရေများ ဖြန့်ဝေရာတွင် သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲရေး ဦးစီးဌာ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အလှူရှင်များက ပေးဝေနေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၂၀၃ဝတွင် ကျေးရွာအားလုံး သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရည်မှန်းချက် ထား၍ ဆောင်ရွက်နေကြောင်း သိရသည်။

“ရေဖြန့်ဝေမှုကို နည်းလမ်းသုံးခုနဲ့လုပ်ဖို့စီစဉ်ထားပါတယ်။ မြို့ပေါ်ကရှိတဲ့ရေတွေကို ရေရှားပါးတဲ့ ကျေးရွာ တွေကို ကားတွေ စက်လှေတွေနဲ့သွားဖြန့်တဲ့နည်းလမ်း၊နောက်တစ်ခုက ရေတော့ရှိတယ်။ သန့်ရှင်းတဲ့ရေ မဟုတ်တဲ့အခါကျတော့ သောက်သုံးဖို့မဖြစ်နိုင်တဲ့နေရာတွေကို ကားလမ်းရှိရင် ရေသန့်စက်ကားနဲ့ဖြန့် ဝေမယ့် အစီအစဉ်တွေ ဆောင်ရွက်ထားပါတယ်”ဟု ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ညွန်ကြားရေးမှူး ဦးနေထက်ရှိန်က ပြောသည်။

ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ရေသန့်စက်ကားဖြင့် ရေဖြန့်ဝေမှုအား ပုသိမ်၊ ငပုတော၊ သာပေါင်း နှင့်ကန်ကြီးထောင့် မြို့နယ်များတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required