အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ရုပ်ချင်းဆင်သူအမျိုးသား ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်နေ

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ရုပ်ချင်းဆင်သူအမျိုးသား ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်နေ

မေ ၁၃ ။         ။ အဖြူရောင် မုတ်ဆိတ်မွှေးတွေကို သပ်သပ်ရပ်ရပ် ရိတ်တိထားပြီး အိန္ဒိယရိုးရာရှပ်အင်္ကျီပေါ်ကနေ အင်္ကျီလက် မပါတဲ့ ဂျက်ကပ်ကို ထပ်ဝတ်ထားတဲ့ အိန္ဒိယနိုင်ငံသား အက်ဘ်ဟင်နန်ဒန် ပါသက်ခ် ကတော့ လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ ရုပ်ချင်း အတော်ဆင်သူတစ်ဦး ဖြစ်ပါတယ်။

အရပ်အမောင်း၊ ခန္ဓာကိုယ် အချိုးအစားနဲ့ ယုစွအဆုံး လမ်းလျှောက်ပုံခြင်းမှာတောင် ဝန်ကြီးချုပ် မိုဒီနဲ့ အတော်ဆင်တူတဲ့ ပါသက်ခ် ကတော့ လက်ရှိမှာ မိုဒီကို ထောက်ခံအားပေးသူတစ်ယောက်တော့ မဟုတ်ပါဘူး။

မိုဒီရဲ့ မအောင်မြင်တဲ့ ကတိကဝတ်တွေအပေါ် စိတ်ပျက်နေတဲ့ ပါသက်ခ်ကတော့ ယခု ကျင်းပနေတဲ့ အိန္ဒိယ မာရသွန် ရွေးကောက်ပွဲမှာ မိုဒီရဲ့ BJP ပါတီနဲ့ အပြိုင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်နေလျက် ရှိသူတစ်ဦးဖြစ်ပါတယ်။ ထောက်ခံမှု အများအပြားလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ အကြီးဆုံး ရွေးကောက်ပွဲဖြစ်တဲ့ အိန္ဒိယ ရွေးကောက်ပွဲကတော့ သီတင်းပတ်များစွာကြာ မဲဆွယ်မှုတွေ၊ မဲဆန္ဒရှင် သန်း ၉၀၀ လောက်ရဲ့ မဲပေးမှုတွေနဲ့အတူ မေလ ၁၉ ရက်မှာ အပြီးသတ်တော့မှာလည်း ဖြစ်ပါတယ်။

“ မိုဒီအပေါ် ပြည်သူတွေ ဒေါသထွက်နေတာက တကယ်ပါ၊ ဒါကို ကျွန်တော် သွားတဲ့ နေရာတိုင်းမှာ ခံစားရပါတယ်” လို့ အသက် ၅၈ နှစ်အရွယ် ပါသက်ခ်က ပြောပါတယ်။

၂၀၁၄ မိုဒီ ပထမဆုံး ရွေးကောက်ခံရတုန်းက ပါသက်ခ်ဟာ ၎င်းအပေါ် ထောက်ခံသူတစ်ဦးဖြစ်ခဲ့ပါတယ်။ “ အဲဒီတုန်းက မိုဒီနဲ့ ရုပ်တူလို့ ဆိုပြီး ကျွန်တော့်ကို လူတွေက ချစ်ကြပါတယ်၊ လာဖက်ကြတယ်၊ ၊ဓာတ်ပုံတွေ အတူရိုက်ကြပါတယ်” လို့ ပါသက်ခ်က  ပြောပါတယ်။

“ ခုကျတော့ သူတို့ ကျွန်တော်တို့ မြင်တိုင်း ဒေါသထွက်နေကြပါတယ်။  နေ့ကောင်းရက်ကောင်းတွေ ဘယ်တော့ ရောက်လာမှာလဲ လို့ သူတို့ ကျွန်တော့်ကို တွေ့တိုင်းမေးကြပါတယ်” ဆိုပြီး ပါသက်ခ်က ပြောပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်က မိုဒီ ရွေးကောက်ပွဲ မဲဆွယ်ဆောင်ပုဒ်ဖြစ်တဲ့ “ကောင်းတဲ့ နေ့ရက်တွေ ရောက်လာတော့မယ်” ဆိုတာကို ရည်ညွန်းသွားတာဖြစ်ပါတယ်။

ခုချိန်မှာတော့ ပါသက်ခ်ဟာ မိုဒီ အစိုးရအပေါ် စိတ်ပျက်နေပြီး ယခုရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်နေလျက် ရှိကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly