ကိန်း ရုပ်ရှင်ပွဲတော် အတွက် အကြို ပြင်ဆင်မှုများ လုပ်ဆောင်နေ

ကိန်း ရုပ်ရှင်ပွဲတော် အတွက် အကြို ပြင်ဆင်မှုများ လုပ်ဆောင်နေ

မေ ၁၃ ။         ။ မကြာမီ ကျင်းပတော့မယ့် (၇၂) ကြိမ်မြောက် ကိန်း ရုပ်ရှင်ပွဲတော် ဖွင့်ပွဲမတိုင်ခင် အကြို ပြင်ဆင်မှုတွေ လုပ်ဆောင်နေလျက်ရှိပြီး ယခုနှစ် ရုပ်ရှင်ပွဲတော်အတွက် တရားဝင် ပိုစတာကိုလည်း ထုတ်ဖော်ပြသထားပြီး ဖြစ်ပါတယ်။

ယခုနှစ် ကိန်း ရုပ်ရှင်ပွဲတော်ကိုတော့ မေလ ၁၄ ရက်ကနေ မေလ ၂၅ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မက္ကဆီကို ရုပ်ရှင်ရိုက်ကူးသူ အလီဂျန်ဒရို ဂွန်ဇာလက်အီနာရစ်တူက ယခုနှစ်  ဂျူရီအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။

ယခုနှစ် ကိန်းရုပ်ရှင် ပွဲတော်မှာတော့ အမေရိကန် ရုပ်ရှင် ဒါရိုက်တာ ဂျင် ဂျာမက်ရှ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား “The Dead Don’t Die” ကို ပွဲတော်  အဖွင့် ရုပ်ရှင်အဖြစ် ပွဲဦးထွက်တင်ဆက်ပြသမှာဖြစ်ပါတယ်။

ဒါရိုက်တာ အိုလီဗီးယား နာကာချီနဲ့ အီရစ် တိုလီဒါနိုတို့ ရိုက်ကူးတဲ့ “The Specials” ဇာတ်ကားကိုတော့ ရုပ်ရှင်ပွဲတော် အပိတ် ရုပ်ရှင်အဖြစ် ပြသသွားမှာ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံ ကိန်းမြို့မှာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ အဆိုပါ ရုပ်ရှင်ပွဲတော်ကတော့ ကမ္ဘာ အရပ်ရပ်က ရုပ်ရှင်ဇာတ်ကားသစ်တွေကို ပြသမြည်းစမ်းပြီး ဆုချီးမြှင့်လေ့ ရှိတဲ့ အထင်ကရ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

နှစ်စဉ် မေလ ထဲဲမှာ ပြုလုပ်လေ့ ရှိပြီး ဘာလင်ရုပ်ရှင်ပွဲတော်၊ ဗင်းနစ် ရုပ်ရှင် ပွဲတော်တို့နဲ့အတူ ထင်ရှားတဲ့ ရုပ်ရှင်ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly