အစိုးရဖွဲဖို့ အချိန် ပိုတိုးပေးရန် သမ္မတထံ တောင်းဆိုမယ်လို့ နေတန်ယာဟု ပြော

အစိုးရဖွဲဖို့ အချိန် ပိုတိုးပေးရန် သမ္မတထံ တောင်းဆိုမယ်လို့ နေတန်ယာဟု ပြော

ဂျေရုဆလင်၊ မေ ၁၃ ။       ။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြီးခဲ့တဲ့ အားလပ်ရက် ရုံးပိတ်ရက်တွေနဲ့ ဂါဇာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာတွေရယ်ကြောင့် ညွှန့်ပေါင်းအစိုးရသစ်ဖွဲ့နို်င်ဖို့ အချိန်တိုးပေးရန် သမ္မတထံ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

နေတန်ယာဟုရဲ့ လီကွတ်ပါတီဟာ ဧပြီ ၉ ရက် ရွေးကောက်ပွဲမှာ ပါလီမန်အမတ်နေရာ ၁၂၀ မှာ ၃၅ နေရာ အနိုင်ရပြီး ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းခွင့် ရထားတာပါ။

ဧပြီ ၁၇ ရက်မှာ သမ္မတ ရူဗန်းရီဗလင်းက နေတန်ယာဟုကို အစိုးရဖွဲ့ဖို့ ပြောဆိုခဲ့တာပါ။ ဥပဒေအရ ၂၈ ရက်အတွင်း အစိုးရဖွဲ့ရမှာ ဖြစ်ပေမယ့် တောင်းဆိုမှုရှိရင် ၁၄ ရက် အချိန် ထပ်တိုးပေးနိုင်တာလည်း ဖြစ်ပါတယ်။

“အစိုးရဖွဲ့ဖို့ရာမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကြောင့် ကျွန်တော်အနေနဲ့ သမ္မတထံ ရက်ထပ််တိုးပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”လို့ သီတင်းပတ် ကက်ဘိနက်အစည်းအဝေးမှာ နေတန်ယာဟုက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၄ ရက်မှာ ဟားမတ်စ်နဲ့ အစ္စလာမ္မစ်ဂျီဟတ်တွေဟာ ဂါဇာကမ်းမြောင်ကနေ အစ္စရေးဖက်ခြမ်းကို ဒုံးကျည် ရာပေါင်းများစွာနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးက လက်တုံ့ပြန်ပြီး ဟားမတ်စ်ပစ်မှတ် ဒါဇင်များစွာကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ပါတယ်။ နှစ်ရက်ကြာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ ဟားမတ်စ်စစ်သွေးကြွ  ၁၁ ဦး အပါအဝင် ပါလက်စတိုင်း ၂၉ ဦး သေဆုံးပြီး အစ္စရေးဖက်က အရပ်သား လေးဦး သေဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly