Evening Primrose Oil လေးရဲ့ အသုံးဝင်ပုံ

Evening Primrose Oil လေးရဲ့ အသုံးဝင်ပုံ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

လေဒီလေးတွေ တော်တော်များများ အလှအပအတွက်သောက်ကြတဲ့ Evening Primrose အကြောင်းလေးနည်းနည်းလောက်ပြောပြချင်တာပါ။ Evening Primrose ကအလှအပအတွက်ပဲ အသုံးဝင်တာလားဆိုတော့ မဟုတ်ပါဘူး။ အခြားအသုံးဝင်တာတွေလည်းရှိပါသေးတယ်နော်။ ဒီဆောင်းပါးလေးကနေတဆင့် Evening Primrose လေးရဲ့ အသုံးဝင်ပုံလေးကိုပြောပြပေးပါရစေနော်။
Evening Primrose Oil ကိုဘယ်ကရ

ပန်းဝါဝါလေးတွေပွင့်တဲ့ မြောက်အမေရိကမျိုးရင်းဝင်အပင်ရဲ့ အစေ့ကနေထုတ်ယူထားတဲ့ အဆီပါ။ လေဒီလေးတို့အတွက် သဘာဝကပေးတဲ့ဆေးတစ်မျိုးပေါ့။ အများဆုံးတွေ့ရတာက  Evening Primrose Oil ကို Omega 6 fatty acid နဲ့ရောစပ်လို့ လေဒီလေးတို့ ကျန်းမာရေးအတွက်သောက်သုံးကြတာများပါတယ်။ တကယ်တော့  Evening Primrose Oil ကလေဒီလေးတို့ရဲ့ အလှအပအတွက်တင်မဟုတ်ဘဲ အခုလိုလေးတွေလည်း ဆေးဖက်ဝင်ပါသေးတယ်။
Evening Primrose Oil ရဲ့ ဆေးဖက်ဝင်ပုံက

သဘာဝအဆီအနှစ်တစ်ခုဖြစ်တဲ့ Evening Primrose Oil  လေးက အခုလိုမျိုးဆေးဖက်ဝင်ပါတယ်နော်။

ဆီးချိုရှိသူတွေမှာ အာရုံကြောထိခိုက်ပျက်စီးတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်

ဆီးချိုရှိသူတွေအနေနဲ့ နေ့စဉ် Evening Primrose Oil  ကိုတစ်လုံးစီသောက်သုံးမယ်ဆိုရင် ဆီးချိုကြောင့် အာရုံကြောတွေထိခိုက်တာကို သိသိသာသာသက်သာလာစေမှာပါ။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုလို့ရပါတယ်။

အရိုးပွတာကို ကာကွယ်ပေးတယ်

ငါးကြီးဆီ၊ ကယ်လ်ဆီယမ်တို့လိုမျိုးပဲ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။ အသက်ကြီးတာကြောင့်ဖြစ်တဲ့ အရိုးဆုံးရှုံးမှုတွေကို ကာကွယ်ပေးသလို အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်နော်။

အရေပြားပြဿနာတွေ သက်သာစေတယ်

အရေပြားမှာဖြစ်တတ်တဲ့ ယားနာ၊ နှင်းခူတို့လိုမျိုး အရေပြားပြဿနာတွေကို သက်သာစေပြီး အသားအရေကို စိုပြည်လှပလာစေနိုင်ပါတယ်။ အသားလှချင်တဲ့ လေဒီလေးတို့အတွက်ကတော့ မိတ်ဆွေကောင်းပေါ့။

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေကိုလျော့ပါးစေတယ်

ဝက်ခြံတွေထွက်၊ ကုတ်မိဖဲ့မိလို့ အမာရွတ်တွေဖြစ်နေတာကြောင့် စိတ်ညစ်နေလား လေဒီ Evening Primrose Oil  လေးရဲ့ အကူအညီယူလိုက်ပါနော်။ ဝက်ခြံတွေထွက်တာကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကို တဖြည်းဖြည်းချင်းလျော့ပါးလာစေမှာပါ။

သွေးမဆုံးခင်လက္ခဏာတွေကို သက်သာစေနိုင်တယ်

သွေးမဆုံးခင်မှာခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ သွေးဆုံးအကြိုလက္ခဏာအနေနဲ့ ခံစားရလေ့ရှိတဲ့ အသားတွေ ပူစပ်ပူလောင်ဖြစစ်တာ၊ အသားအရေနဲ့ဆံသားခြောက်သွေ့တာတွေကိုပါသက်သာစေနိုင်တာပါ။

အိပ်ပျော်စားဝင်စေတယ်

ညညကောင်းကောင်းအိပ်မပျော်တာက အလှပျက်စေသလို နေ့စဉ်လုပ်ဆောင်မှုတွေကိုလည် ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာတွေက ကင်းဝေးပြီး ညတိုင်း ကောင်းမွန်စွာ အိပ်ပျော်ချင်တယ်ဆိုရင်တော့ Evening Primrose Oil လေးက အသုံးဝင်ပါတယ်။

ခေါင်းအစခြေအဆုံးလှပစေဖို့ Evening Primrose Oil လေးကို အသုံးပြုပြီး အခုပဲ အကောင်အထည်ဖော်လိုက်ရအောင်လား …………….

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly