နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဗီယက်နမ် ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဗီယက်နမ် ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေး
ဓာတ်ပုံ- Myanmar President Office

မေ ၁၂ ။          ။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ မေလ ၁၁ ရက်က ဗီယက်နမ် ဝန်ကြီးချုပ် ငုရင် စမ်းဖု နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

အဆိုပါ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံအကြား ကာကွယ်ရေးပိုင်းတွင် တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ဒေသတွင်း လုံခြုံရေး နဲ့ပတ်သက်တဲ့ အမှုအခင်းတွေ တိုက်ဖျက်ရေးတို့လည်း တိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။

တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက ပြောကြားရာမှာ ၎င်းရဲ့ သက်တမ်းအတွင်း ဗီယက်နမ်နဲ့အကြား ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်နိုင်ရန် လုပ်ဆောင်မှာဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့အပိုင်းမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အလားတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ယင်းနေ့ မေလ ၁၁ ရက်မှာပဲ ဗီယက်နမ်ရဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ  ငုရင် သီကင်မ်ငန် နဲ့လည်း သီးခြား တွေ့ဆုံဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly