ခရီးသွားရာသီပြင်ဆင်မှုအဖြစ် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မြိတ်) စတင် ဖွဲ့စည်း

ခရီးသွားရာသီပြင်ဆင်မှုအဖြစ် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မြိတ်) စတင် ဖွဲ့စည်း

မြိတ်၊ မေ ၁၂ ။           ။ တနင်္သာရီတိုင်းသို့ ၂၀၁၉ - ၂၀၂၀ ခုနှစ် ခရီးသွားရာသီတွင် ပြည်တွင်း/ ပြည်ပမှ ခရီးသွားဧည့်သည်များ ထပ်မံ ဝင်ရောက်ရေး ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း (မြိတ်) ကို မြိတ်မြို့၌ ဖွဲ့စည်းလိုက်သည်။

 “ကျွန်တော်တို့ ဒီအသင်းကို ဖွဲ့ဖြစ်တာက မြိတ်ဒေသမှာ ဒေသရဲ့အစားစာကို တစ်နိုင်ငံလုံး လူသိများ လာအောင် လုပ်ဆောင်ဖို့ရယ်၊ ဒေသတွင်းမှာရှိနေတဲ့ လုပ်ငန်းရှင်လေးတွေ အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်း ပေးနိုင်အောင်နဲ့ ဘေးကင်းတဲ့ အစားအသောက်တွေကို  ထုတ်လုပ်ရောင်းချနိုင်ဖို့ ရည်ရွယ်ပြီး၊ ဖွဲ့စည်း ဖြစ်တာတယ်” ဟု မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မြိတ်) ၏ ဥက္ကဋ္ဌ ဦးကြည်ထွေးက ပြောသည်။

 မြိတ်အခြေစိုက် စားသောက်ဆိုင် လုပ်ငန်းရှင်များ အဖွဲ့ဝင် ၅၀ ဦးကျော်ဖြင့် မေ ၁၁ ရက်နေ့က ကန်ဖျား လမ်းမကြီး ရှိ Regent Hotel ၌ စတင် ဖွဲ့စည်းလိုက်ကြောင်း သိရပြီး တနသာင်္ရီတိုင်း အစိုးရအဖွဲ့ဝင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို တက်ရောက်သည်။

 “ကျွန်တော်တို့ မြိတ်ဒေသရဲ့ စားသောက်ကုန် လုပ်ငန်းနှင့် ဒေသရိုးရာအစားအသောက်တွေ တစ်နိုင်ငံလုံးနဲ့ ကမ္ဘာက သိလာနိုင်အောင်လို့ အဖွဲ့တွေကို လက်တွဲကူညီသွားမယ်၊ လိုအပ်တဲ့ နည်းပညာတွေကိုလည်း ကူညီပေးဖို့ ရှိတယ်”ဟု မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မြိတ်)  အဖွဲ့ဝင် ဦးသိန်းထွေးက ပြောသည်။

 
မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)၏ ကြီးကြပ်မှုဖြင့် ယင်းသို့ ဖွဲ့စည်းလိုက်ပြီး  ခရီးသွားရာသီအတွက် ဒေသရိုးရာအစား အသောက်များ ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။

 တနင်္သာရီတိုင်းသည် ယခုနောက်ပိုင်း ခရီးသွားလာမှုများလာပြီး ပြည်တွင်းခရီးသွားများလည်း ပိုမိုလာရောက်ကြသော နေရာတစ်ခု ဖြစ်လာသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly