ကုန်စည်ခွန် တိုးမြှင့်ခြင်းအတွက် အမေရိကန်ကို လက်တုန့်ပြန်မည်ဟု တရုတ် ကြုံးဝါး

ကုန်စည်ခွန် တိုးမြှင့်ခြင်းအတွက် အမေရိကန်ကို လက်တုန့်ပြန်မည်ဟု တရုတ် ကြုံးဝါး

မေ ၁၀ ။      ။ ကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်တွေအပေါ် အမေရိကန်ဘက်က အခွန်တိုးမြှင့်ကောက်ခံမှုက ယနေ့ မေလ ၁၀ မှာ တရားဝင် အသက်ဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ယင်း  အခွန်တိုးကောက်မှုနဲ့ပတ်သက်လို့ ပြန်လည် လက်တုန့်ပြန်သွားမယ်လို့ ပေကျင်းအစိုးရက မေ ၁၀ ရက်မှာပဲ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၉ ရက် ညသန်းခေါင်ယံ မတိုင်ခင် နှစ်ဘက်အကြား ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု ရဖို့ လိုကြောင်း၊ မရခဲ့ပါက အခွန်တိုးကောက်မှာဖြစ်ကြောင်း ပြောဆိုထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယမန်နေ့ မေလ ၉ ရက် နောက်ဆုံး deadline အထိ နှစ်ဘက်အကြား သဘောတူညီချက် မရခဲဲ့့တာကြောင့် အမေရိကန်တို့ဘက်က တရုတ်ကုန်စည် ဒေါ်လာ ၂၀၀ ဘီလီယံဖိုးအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းကို တိုးမြှင့်ကောက်ခံလိုက်ပြီ ဖြစ်ပါတယ်။

ခုလို အမေရိကန်ဘက်က အခွန်တိုးကောက်မှုအပေါ် တရုတ်ဘက်က များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ ဒါပေမယ့်လည်း လိုအပ်တဲ့ တန်ပြန်လုပ်ဆောင်ချက်တွေနဲ့ လက်တုန့်ပြန်မှာဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာန Xinhua က ထုတ်ပြန်သွားပါတယ်။

ဘာပဲဖြစ်ဖြစ် နှစ်ဘက်စလုံးအနေနဲ့ ပူးပေါင်း ညှိနှိုင်းတိုင်ပင်မှုတွေကနေတဆင့် ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက လည်း ထုတ်ပြန်ထားပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly