ကာတာနိုင်ငံဟာ ဗုဒ္ဓဟူးနေ့က မြေအောက်သယ်ယူပို့ဆောင်ရေးစနစ်သစ်ရဲ့ ပထမဆုံးအပိုင်းကို ဖွင်လှစ်ခဲ့ပြီးနောက် ဒိုဟာမှာ မောင်းသူမဲ့ မြေအောက်ရထားကို ယူရို (၅၀)ဆင့်တည်းနဲ့ စီးနင်းသွားလာလို့ ရပြီဖြစ်ပါတယ်။
ပင်လယ်ကွေ့နိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပဖို့ ပြင်ဆင်တဲ့ တစ်ရပ်မှာ ဒီစီမံကိန်းကိုလည်း ထည့်သွင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အခုဖွင့်လှစ်လိုက်တဲ့ ပထမအပိုင်းဟာ မြို့တော် ဒိုဟာရှိ al-Qassar ခရိုင်ကနေ al-Wakrah ရဲ့ တောင်ပိုင်းမြို့ဆီ ပြေးဆွနေတာဖြစ်ပါတယ်။
al-Wakrah ကနေ မြောက်ပိုင်းရှိ Lusail မြို့ကို ဆက်သွယ်ထားတဲ့ ၄၀ ကီလိုမီတာ Red Line လမ်းကြောင်းပေါ်က ဘူတာ ၃၀ ထဲမှ ဘူတာရုံ ၁၈ ခုဟာ လက်ရှိမှာ လုပ်ငန်းလည်ပတ်နေပါတယ်။
ကာတာနိုင်ငံဟာ ၂၀၂၀ မှာ ရထား ၇၅ စီးပြေးဆွဖို့၊ ဘူတာရုံ ၃၇ ခု ပြီးစီးဖို့နဲ့ နောက်ထပ် Green နဲ့ Gold Line နှစ်ခုနဲ့ လည်ပတ်ပြေးဆွဲဖို့ ရည်ရွယ်နေပါတယ်။
ဂျပန်နိုင်ငံကနေ တင်သွင်းခဲ့တဲ့ တစ်နာရီ အမြန်နှုန်း ၈၀ ကနေ ၁၀၀ ကီလိုမီတာနဲ့ မောင်းနှင်းမယ့် မောင်းသူမဲ့ရထားတွေဟာ ရိုးရိုးတန်း၊ မိသားစု အခန်းနဲ့ Gold Club ဆိုပြီး (၃)ပိုင်း ခွဲခြားထားပါတယ်။
ဒိုဟာ မထရို (Doha Metro) တည်ဆောက်မှုကို ၂၀၁၃ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယအဆင့် တည်ဆောင်အပိုင်းမှာ နောက်ထပ် Blue line တစ်လိုင်းနဲ့ ဘူတာရုံ ၆၀ ကျော်ပါဝင်မှာဖြစ်ပြီး ဒီအဆင့်ကို ၂၀၂၆ ခုနှစ်မှာ ပြီးစီးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Ref; EFE-EPA, Aljazeera