မန်းရွှေစက်တော်သို့ အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ဖူးမြော်

မန်းရွှေစက်တော်သို့ အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ဖူးမြော်

မကွေး၊ မေ ၉ ။           ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မန်းရွှေစက်တော်ဘုရားကြီးသို့ မေလ (၉) ရက် နံနက်(၈နာရီ)အချိန်က လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

မေလ ၉ ရက် မနက်ပိုင်းက မကွေးလေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မကွေးလေဆိပ်မှတဆင့် ရဟတ်ယာဉ်ဖြင့် မန်းရွှေစက်တော်ဘုရားသို့သွားရောက် ဖူးမြော်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပထမဦးဆုံး အောက်စက်တော်ရာဘုရားကို ဝင်ရောက်ဖူးမြော်ပြီး အထက် စက်တော်ရာသို့ ဆက်လက်ဖူးမြော်ခဲ့ကြောင်း အလှူငွေ(၅)သိန်းကျပ်လှူဒါန်းခဲ့ကြောင်း မန်းရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။

ယင်းနောက် မန်ရွှေစက်တော်ဂေါပကအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး မန်းရွှေစက်စက်တော်ဘုရားကြီးတွင် နှစ်စဉ် ရေကြီးမှုကြုံတွေ့ရခြင်းနှင့်ပတ်သက်၍ ကာကွယ်နိင်ရေးအတွက် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း ဂေါပကအဖွဲ့ဝင် ဦးခင်မောင်စိုးက ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီစဉ်တွင် မန်းရွှေစက်တော်ဂေါပအလှူခံဌာနရုံး၌ တိုင်ကြားစာဌာနဖွင့်လှစ်ထားခဲ့ပြီး တိုင်ကြားစာ(၉)စောင် လက်ခံရရှိကြောင်း သိရသည်။ အဆိုပါတိုင်ကြားစာများမှာ စလင်းမြို့နယ်မှ (၅)စောင် မင်းဘူးမြို့နယ်မှ (၂) စောင် ငဖဲမြို့နယ်မှ (၁)စောင် ပွင့်ဖြူမြို့နယ်မှ (၁) စောင် လာရောက်တိုင်စာပို့ခဲ့ကြောင်း မင်းဘူးစကုမြို့နယ်မှ အုပ်ချုပ်ရေးမှူး ဦးကြည်မင်း ကပြောသည်။

မန်းရွှေစက်တော်ဘုရားဖူးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် မန်းရွှေစက်တော်အနီးရှိ ဆင်စခန်း၊ ရွှေသမင်ခြံနှင့် မြန်မာ့ကြယ်လိပ်တို့ ထားရှိရာ ခြံသို့သွားေရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါခရီးစဉ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တာဝန်ရှိသူများ လိုက်ပါသွားခဲ့ကြောင်းသိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မန်းရွှေစက်တော်ဘုရားဖူးခရီးစဉ်တွင် မင်းဘူး၊ စကု ၊ ပွင့်ဖြူ ၊ စလင်း ၊ ငဖဲမြို့နယ်မှ ဒေသခံပြည်သူများကကြိုဆိုခဲ့ကြောင်းသိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မကွေးမြို့ဒေသခံပြည်သူများနှင့်  ယနေ့ညနေပိုင်းတွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly