မိန့်ခွန်းပြောနေစဉ် ပိုးဟပ် နှောင့်ယှက်လို့ ကသိကအောက် ဖြစ်ခဲ့ရတဲ့ ဒူတာတေး

မိန့်ခွန်းပြောနေစဉ် ပိုးဟပ် နှောင့်ယှက်လို့ ကသိကအောက် ဖြစ်ခဲ့ရတဲ့ ဒူတာတေး

မေ ၉ ။    ။ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး မိန့်ခွန်းပြောနေစဉ် ၎င်းရဲ့ အင်္ကျီပေါ် ပိုးဟပ်တစ်ကောင် တက်လာခဲ့လို့ အနည်းငယ် ကသိကအောက် ဖြစ်ခဲ့ရပါတယ်။

မေလ ၈ ရက်က ဘိုဟောလ် ဒေသမှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဒူတာတေး တက်ရောက် မိန့်ခွန်းပြောနေချိန်မှာပဲ ပိုးဟပ်တစ်ကောင်က ၎င်းရဲ့ အင်္ကျီ ပခုံံးနေရာကို တွယ်တက်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ယင်းအချိန်မှာ ၎င်းရဲ့ လုံခြုံရေး ဝန်ထမ်း အမျိုးသမီးက တွေ့ပြီး  ယင်း ပိုးဟပ်ကို လာပြီး ဖယ်ပေးဖို့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ယင်းနောက် ဒူတာတေးကိုယ်တိုင် ယင်းပိုးဟပ်ကို မောင်းထုတ်ရတဲ့အတွက် မိန့်ခွန်းပြောဆိုမှု ခေတ္တခဏ ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ခုလိုမျိုး ဖိလစ်ပိုင်သမ္မတ ဒူတာတေး မိန့်ခွန်းပြောချိန် အင်းဆက်တစ်ကောင်ကြောင့် အနှောင့်အယှက်ဖြစ်ရတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ကာလက မာရီကီနာ မြို့ လူထုတွေ့ဆုံပွဲတစ်ခုမှာ ဒူတာတေး မိန့််ခွန်းပြောနေစဉ် ပြောလက်စ စကားကို ရုတ်တရက် ရပ်ပြီး ခြင်ရိုက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ထားခဲ့သေးတယ်လို့ သိရပါတယ်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly