ဆူပူမှုဖြစ်ပွားနေသော ရွှေဘိုထောင်သို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် လာရောက်

ဆူပူမှုဖြစ်ပွားနေသော ရွှေဘိုထောင်သို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် လာရောက်

စစ်ကိုင်း၊ မေ ၉ ။   ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်အတွင်း ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က ထောင်တွင်း ဆူပူမှု ဖြစ်ပွားခဲ့ရာ ယနေ့ မေ ၉ ရက်နေ့၊ နံနက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ရွှေဘိုအကျဉ်းထောင်သို့လာရောက်ပြီး အကျဉ်းသားများနှင့်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ယမန်နေ့ မေ ၈ ရက်၊ ညပိုင်းအချိန်တွင် အကျဉ်းထောင်ဝန်ထမ်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အချုပ်သား ၂ ဦး ဒဏ်ရာရ၍ အကျဉ်းသား များ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသားများက အကျဉ်းထောင်အတွင်းသို့ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့များအား ဝင်ခွင့်မပေးသောကြောင့် လက်ရှိအခြေနေတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်တပ်များ ရောက်ရှိပြီး အထဲသို့ဝင်ရောက်စီးနင်းရန် ကြိုးပမ်း လျက်ရှိသည်ဟု သိရသည်။  

အကျဉ်းသားများမှ နိုင်ငံတော်သီချင်းသီဆိုပြီး တန်းတူညီမျှအခွင့်ရေး ရရှိရေးများ သံပြိုင်အော်ဟစ်၍ ဆန္ဒပြလျက်ရှိသည်ဟု လတ်တလောအခြေအနေအရ သိရသည်။

မေလ ၈ ရက် ညနေ ၄ နာရီအချိန်ခန့်လောက်မှစတင်၍ လွတ်ငြိမ်းမပါ၍ ထောင်တွင်း ဆူပူမှုများ ဖြစ်ပွားခဲ့ရာ ထောင်တွင်း ဆူပူမှုဖြစ်ပေါ်သည့် ဗီဒီယိုရုပ်သံများ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ လွတ်ငြိမ်းတွင် မပါ၍ ရွှေဘိုထောင် သည် လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင်လည်း ဆူပူမှုဖြစ်ပွားခဲ့သည်။
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly