ရေဖြူမြို့တွင် ဒေသသုံး တူမီးယမ်းထောင်သေနတ် ၁၀၁ လက် ရဲစခန်းသို့ လာရောက်အပ်နှံ

ရေဖြူမြို့တွင် ဒေသသုံး တူမီးယမ်းထောင်သေနတ် ၁၀၁ လက် ရဲစခန်းသို့ လာရောက်အပ်နှံ

ထားဝယ်၊ မေ ၈ ။          ။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးရွာနေ ဒေသခံ ပြည်သူများ ကိုင်ဆောင်ထားသည့် လက်လုပ် တူမီးယမ်းထောင်း သေနတ်အလက် ၁၀၀ ကျော် ယခု ရက်ပိုင်းအတွင်း ကံပေါက်် နယ်မြေ ရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးရွာ အလိုက် ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများအား ခေါ်ယူ၍ ပညာပေး ဟောပြောရာမှ လက်လုပ် တူမီးသေနတ်များကို လာရောက် အပ်နှံခဲ့သည်ဟု ကံပေါက်နယ်မြေ ရဲစခန်းရုံးထံမှ သိရသည်။

“ရွာတွေမှာက ဒေသခံတွေ မဲလိုက်တဲ့အလေ့အထ ရှိတော့ တချို့ အိမ်တွေမှာဆိုရင် တူမီးသေနတ်တွေ ကိုင်ဆောင်နေတာ တွေ့ရပါတယ်၊ ဒါကို ကျွန်တော်တို့က ဥပဒေအရ ကိုင်ဆောင်ခွင့် မရှိဘူး၊ ယမ်းဗုံးတွေ မတော်တဆ ပေါက်ကွဲနိုင်သလို ခိုက်ရန် ဖြစ်ပွားရင်လည်း ပြဿနာတွေ ဖြစ်နိုင်တာကြောင့် မိမိတို့ အသိစိတ်ဖြင့် လာရောက် အပ်နှံကြရန် ရွာသားတွေကို စည်းရုံးခဲ့တယ်”ဟု ကံပေါက်နယ်မြေ ရဲစခန်းမှူး ရဲအုပ် ဝင်းမြင့်စံက ပြောသည်။

ထိုသို့ လာရောက် အပ််နှံခဲ့သည့် တူမီးသေနတ်များမှာ အိန္ဒာရာဇာကျေးရွာနှင့် မင်းသားကျေးရွာတို့မှ ဒေသခံများက မေလ ၅ ရက်နေ့တွင် ၇၆ လက်၊  ၇ ရက်တွင် ၂၅ လက် စုစုပေါင်း ၁၀၁လက် ကို ကံပေါက်နယ်မြေရဲစခန်းသို့ လာရောက် အပ််နှံခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly