ပါကစ္စတန် လာဟိုးမြို့မှာ ပေါက်ကွဲမှုဖြစ်၍ လူသုံးဦးသေဆုံးကာ တစ်ဒါဇင်ကျော် ဒဏ်ရာရ

ပါကစ္စတန် လာဟိုးမြို့မှာ ပေါက်ကွဲမှုဖြစ်၍ လူသုံးဦးသေဆုံးကာ တစ်ဒါဇင်ကျော် ဒဏ်ရာရ

လာဟိုး၊ မေ ၈ ။               ။ ပါကစ္စတန်ရဲ့ သက်တမ်းအရှည်ဆုံးနဲ့ အထင်ရှားဆုံး ဆူဖီဗိမာန်တွေမှာ ပေါက်ကွဲမှုဖြစ်ပြီး သုံးဦးကာ ၁၅ ဦး ဒဏ်ရာရကြောင်း နိုင်ငံပိုင်သတင်းက ထုတ်ပြန်ပါတယ်။

နိုင်ငံတွင်းမှာ မွတ်စလင် ရာမာဇန်ဥပုသ်လအတွက် ဥပုသ်စောင့်တည်မှုတွေ လုပ်ဆောင်နေကြချိန် အရှေ့ပိုင်းလာဟိုးမြို့က ဗိမာန်မှာ ပေါက်ကွဲမှု ဖြစ်တာပါတယ်။

အရှေ့တောင်အာရှရဲ့ အကြီးဆုံးဆူဖီဗိမာန်တွေမှာ အပါအဝင်ဖြစ်တဲ့ ၁၁ ရာစု လက်ရာ ဒက်တာဒါဘာဗိမာန်ရဲ့ အမျိုးသမီးဧည့်သည်တွေအတွက် ဝင်ပေါက်ဂိတ်မှာ ပေါက်ကွဲမှု ဖြစ်တာပါ။

ပေါက်ကွဲရတဲ့ အကြောင်းကို စုံစမ်းစစ်ဆေးနေကြောင်း ရဲဌာနက ပြောပါတယ်။

အဲဒီ ဗိမာန်ကို  အရင်ကလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရဖူးပါတယ်။ ၂၀၁၀ ခုနှစ်အတွင်းက အသေခံတိုက်ခိုက်တာကြောင့် လူပေါင်း ၄၀ သေဆုံးခဲ့ရတဲ့ အဲဒီဗိမာန်မှာ လုံခြုံရေး ထူထပ််စွာ ချထားတဲ့ကြားက ပေါက်ကွဲမှု ဖြစ်တာပါ။

ပေါက်ကွဲမှုဖြစ်တဲ့အကြောင်းကို လာဟိုးမြို့ရဲဌာနက အတည်ပြုပေမယ့် သေဆုံးသူစာရင်း ထုတ်ပြန်တာ မရှိပါဘူး။ PTV ရုပ်သံက ပျက်စီးနေတဲ့ ကားတွေနဲ့ အရေးပေါ်အမှုထမ်းတွေ အခင်းဖြစ်ရာမှာ ရောက်ရှိနေတာကို ထုတ်လွှင့်ပြသပါတယ်။

လုံခြုံရေးယာဉ်ကို ပစ်မှတ်ထားတဲ့ အသေခံတိုက်ခိက်မှုဖြစ်မယ်လို့ ဌာနေရဲတာဝန်ရှိသူ မိုဟာမတ်ကာရှစ်က ပြောပါတယ်။

“ကျွန်တော်တို့ အခင်းဖြစ်ရာကနေ အသေးစိတ် အချက်အလက်တွေ ရဖို့ ကြိုးစားစုံစမ်းနေဆဲ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly