မော်လိုက် ကလေးထောင်တွင် အကျဉ်းသားများ ဆူပူမှုဖြစ်ပွား

မော်လိုက် ကလေးထောင်တွင် အကျဉ်းသားများ ဆူပူမှုဖြစ်ပွား

ကလေး၊ မေ ၈ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မော်လိုက်ကလေးအကျဉ်းထောင်တွင် မေလ ၈ ရက် နံနက်ခင်းက အကျဉ်းသားများ ဆူပူမှုဖြစ်ပွားခဲ့သည်။

မေလ ၈ရက်၊ နံနက် ၈ နာရီခွဲတွင် အကျဉ်းထောင်သို့ နယ်သာလန်နိုင်ငံကောင်စစ်ဝန်ရောက်ရှိကာ နယ်သာလန် နိုင်ငံသား အကျဉ်းသားတစ်ဦးနှင့်တွေ့ဆုံပြီး ကောင်စစ်ဝန်မှပြန်လည်ထွက်ခွာအပြီး၌ အကျဉ်းသားအား အကျဉ်းစခန်းအတွင်းပြန်လည်ထည့်သွင်းစဉ် ဆူမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"အဓိကတော့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးနဲ့ လူအခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေကို တောင်းဆို တာဖြစ်တယ်"ဟု ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီကပြောသည်။

အကျဉ်းကျခံနေသူများနှင့်အချုပ်သား (၂၀၃၁) ဦးတို့မှ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရှိရေး၊ မီဒီယာများ နှင့်ချက်ချင်းတွေ့ဆုံပေးရေး ၊လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံပေးရေး၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ပေးရေး ဆိုသည့် စာသားများဖြင့် အော်ဟစ် တောင်းဆိုခဲ့ကြသည်။

လက်ရှိအချိန်တွင် ဒေသအာဏာပိုင်များ၊ ထောင်မှတာဝန်ရှိသူများနှင့် အကျဉ်းသားများ တွေ့ဆုံ နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly