လာအိုနိုင်ငံက အပြည်ပြည်ဆိုင်ရာလေဆိပ် လေးခု တည်ဆောက်ရန်လိုအပ်

လာအိုနိုင်ငံက အပြည်ပြည်ဆိုင်ရာလေဆိပ် လေးခု တည်ဆောက်ရန်လိုအပ်

လာမည့်ဆယ်စုနှစ်များအတွင်း ကျယ်ပြန့်ကြီးထွားလာနေသည့် လေကြောင်းသယ်ယူ ပို့ဆောင်ခြင်းနှင့် အညီတည်ရှိသည့် ဝတ်တေး၊ လုအန်ပရာဘန်၊ ဆာဝန်နှင့် ပတ်စီလေဆိပ်များက ပြည့်မီအောင် ဝန်ဆောင်မှု မပေးနိုင်ဘဲရှိလာမည်ဖြစ်ရာ လာအိုနိုင်ငံအနေဖြင့် နိုင်ငံတကာလေဆိပ်သစ်လေးခု တည်ဆောက်ရန် လိုအပ်ကြောင်း ဝန်ကြီးတစ်ဦးက ကက်ဘိနက်အစည်းအဝေးတွင် ပြောသည်။

ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဘွန်ချန်ဆင်သာဗွန့်က အစိုးရဝန်ကြီးများ၊ ဗက်တီအန်မြို့တော်ဝန်နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများကြား လေဆိပ်ဖွံ့ဖြိုးမှုဆိုင် မဟာဗျူဟာဆွေးနွေးခြင်း တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

စီစဉ်ထားသည့် ဝတ်တေးအပြည်ပြည်ဆိုင်ရာလေဆိပ် ခရီးသည်ဆိုက်ရောက်ရာ တိုးချဲ့ခြင်းက တစ်နှစ်လျှင် ခရီးသည် သုံးသန်းနီးပါး ဝင်ဆံ့စေမည်ဖြစ်ပြီး ကြီးထွားလာသည့် လေကြောင်းသယ်ယူ ပို့ဆောင်ရေးကို ၂၀၁၈ ခုနှစ်တိုင်အောင် ကိုင်တွယ်စီမံစွမ်းရှိမည်ဟု ဝန်ကြီးက ပြောသည်။

လက်ရှိတွင် အဆိုပါလေဆိပ်၌ လေယာဉ် ၄၈ စီး ရပ်နားနိုင်ပြီး ခရီးသည် ၃၅၀ ဆံ့လေယာဉ်ကြီးများပါ ဆင်းသက်နိုင်သည့် လေဆိပ်ဖြစ်သော်လည်း မြို့ဗဟိုအနီးရှိ၍ နောက်ထပ်တိုးချဲ့ရန် မဖြစ်နိုင်ပေ။

ထိုပြင် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးမားကျယ်ပြန့်လာသည်ကို ကိုင်တွယ်ဖြေရှင်းရေးအတွက် နိုင်ငံတကာလေဆိပ် သစ်ကြီးဆောက်ရန် အစိုးရအနေဖြင့် လိုအပ်သည်။

"နိုင်ငံတကာလေဆိပ်သစ်က မြို့ပြင်ဖက်မှာ တည်ဆောက်ရလိမ့်မယ်။ ၂၀၂၅ နှစ်စမှာ စတည်ဆောက်ဖြစ်မှာဖြစ်ပြီး ၂၀၃၀ မှာ ပြီးစီးမယ် မျှော်လင့်တယ်။"ဟု ၎င်းက အစည်းအဝေးတွင် ပြောခဲ့သည်။

"တည်ဆောက်လေဆိပ်သစ်ကို ၂၀၃၀ မှာ စတင်ပြီး အသုံးပြုနိုင်ပါလိမ့်မယ်။"ဟုလည်း ၎င်းက ပြောသည်။

အဆိုပါ လေဆိပ်သစ်က Boeing 747၊ Airbus 330 သို့မဟုတ် အလားတူအကြီးစားလေယာဉ်ကြီးများပါ ဝင်ဆံ့နိုင်အောင် တည်ဆောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly