အင်ဒိုနီးရှား ဆူမားတြားကျွန်းပေါ်မှာ မီးတောင်ပေါက်ကွဲ

အင်ဒိုနီးရှား ဆူမားတြားကျွန်းပေါ်မှာ မီးတောင်ပေါက်ကွဲ

မေ ၇ ။            ။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်က ဆီနာဘောင် မီးတောင်ဟာ ယနေ့ မေလ ၇ ရက်မှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေနဲ့ မီးခိုးတွေ လေထုထဲ အမြင့်ပေ မီတာ ၂,၀၀၀ ( ပေ ၆,၅၀၀) အထိ မှုတ်ထုတ်နေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆီနာဘောင် မီးတောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ တုန်းကလည်း တစ်ခါ ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုပါ မီးတောင် လှုပ်ရှားမှုတွေ ရှိခဲ့ပြီး ယခုအခါ ပေါက်ကွဲကာ မီးတောင်ပြာတွေ ပန်းထုတ်နေခဲ့တာဖြစ်ပါတယ်။

ယခု တစ်ကြိမ် မီးတောင်ပေါက်ကွဲမှုဟာ လေကြောင်းခရီးစဉ်တွေအပေါ် ထိခိုက်နိုင်ခြေ ရှိသော်ငြား ယခုအချိန်ထိတော့ ယင်း ဧရိယာတစ်ဝိုက် လေယာဉ်တွေ ရှောင်ဖို့ တရားဝင် ထုတ်ပြန်ချက် မထုတ်ရသေးဘူးလို့ အင်ဒို သဘာဝဘေး အေဂျင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်း မီးတောင်ဝအနီး မြစ်ကြောင်းတွေ တစ်လျှောက် နေထိုင်တဲ့ ဒေသခံတွေကိုတော့ ချောရည်တွေ စီးကျလာနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်လို့ သတိပေးချက်ထုတ်ထားကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly