ခြေလှမ်း (၁၀) လှမ်း လမ်းလျှောက်တင်ဆက်မှုနဲ့ ထိုင်းဆင်တွေက ဘုရင်သစ်ကို ဂါရဝပြု

ခြေလှမ်း (၁၀) လှမ်း လမ်းလျှောက်တင်ဆက်မှုနဲ့ ထိုင်းဆင်တွေက ဘုရင်သစ်ကို ဂါရဝပြု

မေ ၇ ။         ။ ထိုင်းဘုရင် မဟာ ဝီဇယလောင်ကွန်းရဲ့ နန်းတက်ပွဲအပြီး ယင်းနိုင်ငံမှာ မေလ ၇ ရက်က ဆင်တွေ ညီညီညာညာ တန်းစီပြီး ခြေလှမ်း ဆယ်လှမ်း လမ်းလျှောက်မှုကို တင်ဆက်ပြသကာ ဘုရင်သစ်ကို လာရောက်ဂါရဝပြုခဲ့ကြပါတယ်။

ယင်း အခမ်းအနားမှာတော့ ဆင်တွေဟာ အထိမ်းအမှတ် အဝါရောင် အဆင်အယင်တွေနဲ့အတူ ထိုင်းဘုရင်ရဲ့ ပုံတူကားချပ် ရှေ့မှာ ညီညာစွာ ဒူးထောက် ဂါရဝပြုခဲ့ကြပါတယ်။

ယင်းအပြင် ချက္ကရီမင်းဆက်ရဲ့ ၁၀ ဆက်မြောက် ဘုရင်ဖြစ်တဲ့ မဟာဝီဇယလောင်ကွန်းကို ရည်ညွန်းပြီး ခြေလှမ်း ဆယ်လှမ်း ဆင်လမ်းလျှောက်မှုကိုလည်း တင်ဆက်ပြသသွားခဲ့ပါတယ်။

“ ခု ဒီအခမ်းအနားမှာ ဘုရင် ရာမ (၁၀) ကို ဂါရဝပြုဖို့ ဆင်တွေကို ကျွန်တော်တို့ ခေါ်လာခဲ့တယ်၊ ဒီမှာ ဆင်တွေက ခြေ ဆယ်လှမ်း လမ်းလျှောက်မှုကို တင်ဆက်ပါတယ်၊ နောက်ပြီး ဘုရင့် ပုံတူကားချပ်ရှေ့မှာ ဆင်တွေ ဒူးထောက်ပြီး ဦးညွတ်အရိုအသေပြုကြပါတယ်၊နောက်ပြီး ဆင်တွေ အော်ကြပါတယ်၊ ဒီ အော်သံကတော့ ဆင်ဘာသာစကားနဲ့ဆို ဘုရင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေလို့ ပြောတာနဲ့အတူတူပဲ ဖြစ်ပါတယ်”  အယုဒ္ဓယ ဆင် အိမ်တော်က ဒါရိုက်တာ ရီအန်းသောင်ဘက် မီပွန်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly