အစွန်းရောက် တိုက်ခိုက်ခံရတဲ့ သီရိလင်္ကာမှာ စာသင်ကျောင်းတွေ ပြန်မဖွင့်ခင် ဗုံးရှင်းလင်းရေး ဆောင်ရွက်

အစွန်းရောက် တိုက်ခိုက်ခံရတဲ့ သီရိလင်္ကာမှာ စာသင်ကျောင်းတွေ ပြန်မဖွင့်ခင် ဗုံးရှင်းလင်းရေး ဆောင်ရွက်

ကိုုလံဘို၊ မေ ၇ ။          ။ သီရိလင်္ကာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့ဝင် အမှုထမ်း ထောင်သောင်းများစွာကို တနင်္လာနေ့ အစိုးရပိုင်ကျောင်းတွေ ပြန်မဖွင့်ခင် ဗုံးရှင်းလင်းရေး ဆောင်ရွက်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၁ ရက် ခရစ်ယာန်ဘာသာရေးပွဲတော် အီစတာပွဲတော်မှာ အသေခံတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် ခုလို အမိန့်ထုတ်ပြန်ပြီး စာသင်ကျောင်းတွေမှာ ဗုံးရှင်းလင်းရေး လုပ်ဆောင်ခိုင်းထားတာ ဖြစ်ပါတယ်။
အိုင်အက်စ်အဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့တဲ့ ဒီ ဧပြီ ၂၁ ရက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ချိန်ကစပြီး သီရိလင်္ကာအစိုးရဟာ အစ္စလာမ်ဘာသာရေးဆရာ ၂၀၀ အပါအဝင် နိုင်ငံခြားသား ၆၀၀ ကျော်ကို နိုင်ငံတွင်းက နှင်ထုတ်ခဲ့ပြီးနောက်မှာ ခုလို စာသင်ကျောင်းတွေကို ဗုံးရှင်းလင်းရေး လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

“ရဲနဲ့ စစ်သားတွေဟာ စာသင်ကျောင်း ပရိဝဏ်တွေအနှံ့မှာ ရှာဖွေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။ ကလေးငယ်တွေ ဘေးအန္တရာယ် မကျရောက်ဖို့ ခုလို လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။”လို့ ရဲဌာန ပြောခွင့်ရသူ ရူဝန်ဂန်နက်ဆီကီရာက ပြောပါတယ်။

ခရစ်ယာန်ဘုရားရှိခိုးကျောင်း သုံးကျောင်းနဲ့ ဟိုတယ်ကြီး သုံးခုမှာ အီစတာပွဲတော်နေ့က တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကို ထိန်းသိမ်းပြီး တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်မှုအဖြစ် အစိုးရဟာ သီရိလင်္ကာနိုင်ငံတွင်းက ပြည်ပအစ္စလာမ္မစ်ဘာသာရေးဆရာတွေကို နိုင်ငံတွင်းက ထွက်ခွာခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အီစတာပွဲတော် အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ သီရိလင်္ကာနိုင်ငံအတွက် ဆယ်စုနှစ်တွေအတွင်း အဆိုးဝါးဆုံး အသေအဆုံးများတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။
အိုင်အက်စ်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုတွေမှာ လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ဆက်နွယ်ပြီး သီရိလင်္ကာအစိုးရဟာ လူပေါင်း ၁၅၀ ခန့်ကို ဖမ်းဆီးစစ်ဆေးလျက် ရှိနေပါတယယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly