ကားအင်ဂျင်ဟောင်း၊ လန်ချားဘီးရယ် မိုးကာဖျင်တွေနဲ့ ကိုယ်ပိုင်လေယာဉ် တည်ဆောက်တဲ့ ပါကစ္စတန် ပေါက်ပေါက်ဆုပ် စျေးသည်

ကားအင်ဂျင်ဟောင်း၊ လန်ချားဘီးရယ် မိုးကာဖျင်တွေနဲ့ ကိုယ်ပိုင်လေယာဉ် တည်ဆောက်တဲ့ ပါကစ္စတန် ပေါက်ပေါက်ဆုပ် စျေးသည်

ကရာချိ၊ မေ ၆။          ။ အင်ဂျင်တွေက ကားဟောင်းကားပျက်ဆီက၊ အတောင်ပံတွေကတော့ မိုးကာဖျင်တွေ ဖြစ်ပြီး ဘီးတွေက လန်ချားတစ်စီးကနေ ငှားရမ်းပြီး တပ်ဆင်ထားတာဖြစ်တဲ့ ကိုယ်ပိုင်လေယာဉ်ကို တည်ဆောက်သူ ပြောင်းဖူးပေါက်ပေါက်စျေးသည်ကို ပါကစ္စတန်လေတပ်က စိတ်ဝင်တစားနဲ့ အရေးတယူ တွေ့ဆုံခဲ့ရပါတယ်။

ဒီလို ကိုယ်ပိုင်လေယာဉ်တည်ဆောက်သူ ပေါက်ပေါက်ဆုပ်သည် မိုဟာမတ်ဖေးယက်ဇ်ရဲ့ သတင်းကတော့ ပါကစ္စတန်နိုင်ငံတစ်ဝန်းမှာ ဂုဏ်သတင်း မွှေးပျံ့သွားခဲ့ရပြီး သူလို ပညာဆုံးခန်းတိုင်အောင် မသင်ကြားရတဲ့ သန်းပေါင်းများစွာသော ပြည်သူအတွက် စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ရပါတယ်။

“ကျွန်တော်က ဝေဟင်လေပြင်မှာပဲ စိတ်ဝင်စားသူပါ။ အခြား ဘာကိုမှ စိတ်ဝင်စားမှု မရှိဘူး။”လို့ ရုပ်သံဗီဒီယိုတွေနဲ့ အွန်လိုင်းက ဒီဇိုင်းမူကြမ်းတွေကို ကြည့်ပြီး ကိုယ်ပိုင်လေယာဉ်ကို ပထမဆုံး ပျံသန်းတဲ့ ဖေးယက်ဇ်က ပြောပါတယ်။

ပါကစ္စတန်နိုင်ငံအနေနဲ့က ဒီလို တီထွင်မှုတွေနဲ့ ပတ်သက်ပြီး အရင်ကလည်း ဇာတ်လမ်းတွေ ရှိခဲ့ပါတယ်။ ၂၀၁၂ က အင်ဂျင်နီယာတစ်ဦးဟာ သူက ရေပေါ်မှာပါ ပြေးတဲ့ ကားတစ်စီးကို တီထွင်ထားလိုက်ပြီဖြစ်တယ်လို့ ပြောပေမယ့် သိပ္ပံပညာရှင်တွေရဲ့ ကဲ့ရဲ့မှုနဲ့ ဇာတ်လမ်းအဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖေးယက်ဇ်ကတော့ သူတီထွင်ထားတဲ့ ယာဉ်ဟာ ပျံသန်းနိုင်ကြောင်းနဲ့ လေတပ်က တော်တော်လေး စိတ်ဝင်တစား လာရောက်လေ့လာကြောင်း ပြောပါတယ်။

ဖေးယက်ဇက်က သူထံ လေတပ်တာဝန်ရှိသူတွေက အလေးအနက်ထားပြီးကို အကြိမ်ကြိမ်ကို လာရောက်ကြောင်း ပြောပြီး သူရဲ့ လုပ်ရည်ကိုင်ရည်အတွက် အသိအမှတ်ပြု လက်မှတ်တောင် ထုတ်ပေးခဲ့တယ်လို့ ဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly