ရုရှား လေယာဉ်တစ်စီး အရေးပေါ်ဆင်းသက်ရာမှ မီးလောင်ပြီး လူ ၄၁ ဦး သေဆုံး

ရုရှား လေယာဉ်တစ်စီး အရေးပေါ်ဆင်းသက်ရာမှ မီးလောင်ပြီး လူ ၄၁ ဦး သေဆုံး

မော်စကို၊ မေ ၆ ။    ။ ရုရှားနိုင်ငံ မော်စကိုမြို့က လူစည်ကားတဲ့ လေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရာမှာ မီးလောင်မှုဖြစ်ပြီး ကလေး နှစ်ဦးအပါအဝင် လူ ၄၁ ဦး သေဆုံးပါတယ်။

Sheremetyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မေ ၅ ရက်က Aeroflot လေကြောင်းလိုင်းရဲ့ Sukhoi Superjet 100 လေယာဉ်ဟာ အရေးပေါ် ဝမ်းဗိုက်နဲ့ ရှပ်တိုက်ဆင်းခဲ့ရတာဖြစ်ပါတယ်။

လေယာဉ်ပြေးလမ်းတစ်လျှောက် အရှိန်နဲ့ ရှှပ်တိုက်ဆင်းရတာကြောင့် ရှှပ်တိုက်ဆင်းရတာကြောင့် ပွတ်တိုက်မှုဖြစ်ကာ မီးလောင်ပြီး မီးခိုးလုံးတွေ လိမ့်တက်နေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုမီဒီယာမှာ ပြန့်နှံ့နေပါတယ်။

မီးတောက်လောင်နေတဲ့ လေယာဉ်ထဲကနေ ခရီးသည်တွေဟာ လေသွင်းအရေးပေါ်လျှောဆင်းလှေကားနဲ့ ဆင်းပြီး မီးခိုးတွေ လိမ့်တက်နေတဲ့ လေယာဉ်ကနေ ဝေးရာ ထွက်ပြေးကြတာကို မြင်တွေ့ရပါတယ်။

ဒီ ဖြစ်ရပ်မှာ လူပေါင်း ၄၁ ဦး သေဆုံးတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ “လေယာဉ်ပေါ်မှှာ အမှုထမ်းတွေ အပါအဝင် လူ ၇၈ ဦး လိုက်ပါခဲ့တာပါ။ အရှေ့မြောက်ပိုင်း မာမန်စကီမြို့ကနေ ပျံသန်းလာတဲ့ လေယာဉ်ဖြစ်ပါတယ်။”လို့ ရုရှား ထောက်လှမ်းရေးကော်မတီက ထုတ်ပြန်ပါတယ်။

“ခုချိန်ထိ စုံစမ်းစစ်ဆေးချက်အရ အသက်ရှင်ရစ်သူ ၃၇ ဦး ရှိပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒဏ်ရာရသူက ၁၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဒီမီထရီမတ်ဗိုင်းယက်က ပြောပါတယ်။

“လေယာဉ်ဟာ ညနေ ၆ နာရီ ၂ မိနစ်မှာ လေဆိပ်ကနေ ပျံတက်ခဲ့တာပါ။  ပျံတက်ပြီး အချိန်ပိုင်းမှာပဲ အရေးပေါ်အချက်ပြ ပေးပို့ပြီး ထွက်ခွာခဲ့ရာ လေဆိပ်ဆီပဲ ခြောက်နာရီခွဲမှာ အရေးပေါ် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။”လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နည်းပညာချွတ်ယွင်းချက်ကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပြီး လေယာဉ်ရဲ့ အင်ဂျင်မီးလောင်မှု ဖြစ်ခဲ့တာလို့ Aeroflot လေကြောင်းလိုင်းက ထုတြ်ပန်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly