လီဗာပူးလ် v ဘာစီလိုနာပွဲမှာ ဆာလာ ကစားနိုင်ဖွယ်ရှိပြီး ဖာမီနို လွဲချော်မယ်

လီဗာပူးလ် v ဘာစီလိုနာပွဲမှာ ဆာလာ ကစားနိုင်ဖွယ်ရှိပြီး ဖာမီနို လွဲချော်မယ်

နယူးကာဆယ်နဲ့ ပွဲမှာ ဦးခေါင်းဒဏ်ရာရသွားတဲ့ ဆာလာဟာ လာမယ့် အင်္ဂါနေ့မှာ ဘာစီလိုနာနဲ့ ပွဲမှာ ကစားနိုင်လိမ့်မယ်လို့ လီဗာပူးလ်အသင်းက မျှော်လင့်နေပေမယ့် တိုက်စစ်မှူး ဖာမီနိုမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ကို လွဲချော်လိမ့်မယ်လို့ ဆိုပါတယ်။

ဆာလာဟာ နယူးကာဆယ်ကို ၃-၂ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမားနဲ့ တိုးတိုက်မိခဲ့ပြီး ဒဏ်ရာရရှိခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ ၃-၀ အရှုံးကို ပြောင်းပြန်လှန်ပြီး အန်ဖီးလ်မှာ ဗိုလ်လုပွဲတက်ရောက်ဖို့အတွက် ဘာစီလိုနာကို အနိုင်ယူဖို့ လိုအပ်နေပါတယ်။

"သူက အိုကေပါတယ်။"လို့ ကလော့ပ်က ဆာလာနဲ့ပတ်သက်လို့ ပြောပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ ကွင်းထဲကနေ ထွက်သွားရတဲ့ ဆာလာဟာ လက်ကျန်ပွဲချိန်တွေကို အဝတ်လဲခန်းထဲကနေ ကြည့်ရှုနိုင်ခဲ့တယ်လို့ ကလော့ပ်က ပြောပါတယ်။

"မိုက ပြိုင်ဘက်ဂိုးသမားရဲ့ ပုခုံးနဲ့ သူ့ခေါင်းနဲ့ ဆောင့်မိခဲ့တာပါ။ အဲဒီနောက် မြေပေါ်ကျခဲ့ပါတယ်။ ဆရာဝန်က သူ့ကို ကွင်းထဲကနေ သယ်ထုတ်ဖို့ ဆုးဖြတ်ခဲ့ပါတယ်။ ဒီအခြေအနေကို ကျနော်တို့ လက်ခံပါတယ်။”

ဖာမီနိုဟာ ကြွက်သားဒဏ်ရာကြောင့် ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် အင်္ဂါနေ့ ဆီမီးဖိုင်နယ်ကို လွဲချော်ပါလိမ့်မယ်။ သူဟာ ပထမအကျော့က လူစားထိုးပါဝင်ကစားခဲ့ပြီး နယူကာဆယ်နဲ့ပွဲမှာ အသင်းလူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။

"သူ (ဖာမီနို) က အင်္ဂါနေ့ပွဲအတွက်နဲ့ ရာသီကုန်အထိ အဆင်သင့်ဖြစ်မသေးပါဘူး။ ကျနော်တို့ စောင့်ကြည့်ရဦးမှာပါ။"လို့ ကလော့က ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် လာမယ့်အပတ် တနင်္ဂနွေနေ့မှာ ဝုဗ်စ်အသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ စနေနေ့က နယူးကာဆယ်ကို အနိုင်ရရှိခဲ့တာကြောင့် တနင်္လာနေ့မှာ လက်စတာစီးတီးနဲ့ ပွဲကျန် ကစားရမယ့် ပြိုင်ဘက် မန်စီးတီးကို (၂)မှတ် ဖြတ်ထားလိုက်နိုင်တာလည်းဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly