ခွေးရူးပြန်ရောဂါအတွက် လမ်းဘေးခွေးလေခွေးလွင့်များကို လျှော့ချစေချင်တယ်လို့ ကလေးဆေးရုံအုပ်ကြီး ဆို

ခွေးရူးပြန်ရောဂါအတွက် လမ်းဘေးခွေးလေခွေးလွင့်များကို လျှော့ချစေချင်တယ်လို့ ကလေးဆေးရုံအုပ်ကြီး ဆို
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ မေလ ၄ ။      ။ ယခုရက်ပိုင်းအတွင်း ခွေးရူးပြန်ရောဂါကြောင့် လူအချို့အသက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ခွေးရူးပြန်ရောဂါ မဖြစ်စေရန် ခွေးလမ်းဘေးရှိ ခွေးလေခွေးလွင့်များကို လျော့ချစေချင်တယ်ဟု ရန်ကုန် ကလေးဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။

မေလ ၃ ရက်နေ့က ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ ရန်ကုန်ကလေးဆေးရုံကြီးတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ခွေးရူးပြန်ရောဂါနှင့် ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဆေးရုံအုပ်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"၁၀၀ ရာခိုင် နှုန်းထိခိုက်မှုပါ ။ သေမှာပါ။ ဘယ်မှာကုကု သေမှာပါ ။ ခွေးရူးပြန်ရောဂါ မဖြစ်အောင်လို့ အစ်မတို့က အဓိကတော့ ကုစားတဲ့နည်းက ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးတယ်ဆိုပြီးတော့ လုပ်နေ တာပေါ့။ တကယ်တမ်းက အစ်မတို့ကတော့ လမ်းဘေးခွေးလေခွေးလွင့်တွေကို များနေတာကို လျော့ချစေတယ်။ ဘယ်လိုများ လုပ်မလဲ ။ ခွေး ကိုခွေး တွေနဲ့ပဲ ထားမလား ။ အစ်မသိသလောက်တော့ အစ်တို့ရဲ့ ကျန်းမာရေး ဝန်ကြီးနဲ့ ဒီဘက်က တိမွေးကုဆရာဝန်ကြီးတွေနဲ့ အစည်းအဝေးတွေလုပ်ပြီးတော့ ဒီကိစ္စ ကို တိုင်ပင်နေ ပါတယ်။ ခွေးရူးကာကွယ်ဆေးထိုးပေးပေမယ့် ခွေးရူးကာကွယ်ဆေးဖိုးက တော်တော်ကို ကုန်နေတယ် လို့ပြောတယ်။ တစ်နှစ်ကို ၄ ဘီလီယံလောက်အထိ ကုန်နေတယ် " ဟုဒေါက်တာ စုစုဒွေးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ က အသက် ၁၂ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး ခွေးရူးပြန်ရောဂါ ဖြင့် ရန်ကုန် ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည့်ကိစ္စအတွက် ပြည်တွင်းရှိ လူမှုကွန်ရက်အသုံးပြုသူများ အကြားတွင် ဝေဖန်မှုများရှိခဲ့သည်။

" အကောင်းဆုံးက အကိုက်မခံရတာအကောင်းဆုံးပဲ ။ ဘယ်ဆေးမှသည်လည်း ၁၀၀ ရာခိုင်နှုန်းအပြည့် ကာကွယ်ပေး နိုင်တယ်ဆိုတာ မရှိပါဘူး ။ နောက်ကျသွားတာရှိနိုင်တယ်။ နောက်ပြီး ခွေးရူးကာကွယ်ဆေး ထိုးတဲ့နေရာမှာလဲ ကိုက်တဲ့ခွေးပေါ်လည်း မူတည်သေးတယ်။ ကိုက်တဲ့ခွေးက ရိုးရိုးခွေးဆိုရင် ပုံမှန်ခွေးရူး ကာကွယ်ဆေး ၊ ဆေးရုံက လက်မောင်းတွေမှထိုးတဲ့ ဆေးနဲ့ကာကွယ်နိုင်တယ်။ ဒါပေမဲ့အဲလိုမပာုတ်ပဲ ခွေးက ခွေးရူးနေတာ အစ်မတို့က မြင်ယုံနဲ့ ဒီခွေးက ရူးနေတယ်ဆိုတာ မသိနိုင်ပါဘူး။ တစ်ချို့ခွေးတွေက သယ်ဆောင် နိုင်တဲ့ ခွေးတွေ ခွေးရူးပိုးကို သယ်ထားနိုင်တဲ့ခွေး တွေ  ဥပမာ-ခွေးရူး လက္ခဏာမပြဘူး ၊ခွေးကိုက်ပြီး ၇ ရက် အတွင်း ဖြစ်သွားမှာလည်းမဟုတ်ဘူး။ တော်တော်ကို နှစ်ပေါင်း ၁၀ နှစ်ကျော်လောက်ကြာမှ ဖြစ်တာလည်း ရှိတယ် ။ တစ်ချို့ဆို အစ်မကြားဖူးတယ် နှစ်ပေါင်း ၅၀ လောက်မှ ဖြစ်တယ်။ တော်တော်ကိုပြောရခက်တယ် နှစ်ကိုအကြာကြီး ရောဂါပိုးကို သယ်ထားနိုင်တယ်။ အမှန်တိုင်းပြောရရင်အစ်မတို့ နိုင်ငံအတွက် အရမ်းကို အန္တရာယ်ကြီးတယ်။  " ဟုဒေါက်တာ စုစုဒွေးက ဆက်ပြောသည်။

ရန်ကုန်မြို့ ရပ်ကွက်၊ မြို့နယ်များ၌ ခွေးလေခွေးလွင့်များသောင်းကျန်းမှု ရှိပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စည်ပင်သာယာရုံးများမှ တဆင့် ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ကြောင်း YCDC က အသိပေး ထားသည်။
မြန်မာနိုင်ငံတွင် ခွေးကောင်ရေ ၄ သန်းရှိပြီး ရဝ ရာခိုင်နှုန်းမှာ ခွေးလေခွေးလွင့်များဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ် မှတ်တမ်းများအရ လူဦးရေ ၆,၂ဝဝဝ သည်ခွေးကိုက်ခံခဲ့ရပြီး ခွေးကိုက်ခံရသူ ၁ဝဝဝ ခန့်တွင် ခွေးရူးရောဂါပိုး တွေ့ခဲ့ရကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ခန့်မှန်းတွက်ချက်မှုအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required