ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအကြီးဆုံးအသင်းအဖြစ် မန်စီးတီးရဲ့ ကျော်ဖြတ်ခြင်းကို ခံလိုက်ရတဲ့ မန်ယူ

ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအကြီးဆုံးအသင်းအဖြစ် မန်စီးတီးရဲ့ ကျော်ဖြတ်ခြင်းကို ခံလိုက်ရတဲ့ မန်ယူ

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ တန်ဖိုးအကြီးဆုံးအသင်းအဖြစ် မြို့ခံပြိုက်ဘက် မန်ယူအသင်းကို ကျော်ဖြတ်ကာ ရပ်တည်နေကြောင်း စီပွားရေးဆိုင်ရာ လေ့လာမှုစစ်တမ်းသစ်တစ်ခုအရ သိရပါတယ်။

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ စီးတီးဟာ အသင်းတန်ဖိုး ပေါင် (၂.၃၆၄) ဘီလီယံရှိပြီး ပေါင် ၃၈၅ သန်းအထိ မြင့်တက်ခဲ့ပါတယ်။ မန်ယူအသင်းကတော့ တန်ဖိုး ပေါင် (၂.၀၈၇) ဘီလီယံရှိပြီး "မြင့်မားတဲ့ လစာပေးချေတွေနဲ့ အမြတ်ငွေ နိမ့်ပါး"မှုကြောင့် ပေါင် (၃၇၆) သန်းအထိ လျော့နည်းသွားပါတယ်။

အသင်းတစ်သင်းချင်းစီရဲ့ ဝင်ငွေ၊ အမြတ်ငွေ၊ ပြီးခဲ့တဲ့ (၃)နှစ်အတွင်း ကစားသမားရောင်းချမှုကနေ ပျမ်းမျှအမြတ်အစွန်း၊ ကစားသမား ပိုင်ဆိုင်မှု၊ လစာငွေနဲ့ ကွင်းဝင်ကြေး၊ လက်မှတ်ရောင်းချရမှုတွေအပေါ်မှာ အခြေခံပြီး လီဗာပူးလ်တက္ကသိုလ်ရဲ့ အားကစား စီပွားရေးစင်တာက တွက်ချက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါစစ်တမ်းရဲ့ ဖော်ပြချက်အရ ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများရဲ့ တန်ဖို့း စုစုပေါင်းမှာ ပေါင် (၁၄.၇) ဘီလီယံအထိ ရှိနေပြီး (၁.၆) ရာခိုင်နှုန်းခန့် လျော့နည်းသွားပေမယ့် ထိပ်ဆုံး (၆)သင်းရဲ့ တန်ဖိုးမှာမူ ပိုမိုမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ထိပ်ဆုံး (၆) သင်းရဲ့ တန်ဖိုးမှာ ပေါင် (၁၀.၉) ဘီလီယံအထိရှိနေပြီး လိဂ်တစ်ခုလုံးတန်ဖိုးရဲ့ (၇၄) ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ အဆင့် (၇)မှာ ရပ်တည်နေတဲ့ ဘန်လေအသင်းရဲ့ တန်ဖို့းက ပေါင် (၃၉၈) သန်း ရှိပါတယ်။

မန်ချက်စတာ နှစ်သင်းကတော့ ၂၀၁၇-၁၈ ရာသီမှာ တန်ဖိုး ပေါင် (၂)ဘီလီယံကျော်တဲ့ တစ်ခုတည်းသော အသင်းနှစ်သင်းဖြစ်ပါတယ်။

စပါး (ပေါင် ၁.၈၃၇ ဘီလီယံ)၊ လီဗာပူးလ် (ပေါင် ၁.၆၁၅ ဘီလီယံ)၊ ချယ်လ်ဆီး (ပေါင် ၁.၆၁၅ ဘီလီယံ)တို့က တန်းဖိုး ကြီးကြီး မြင့်တက်လာပေမယ့် အာဆင်နယ်အသင်းရဲ့ တန်ဖိုးမှာ ပေါင် (၁.၃၆၈)သန်းဖြင့် လျော့နည်းသွားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly