အာရှဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင်  မြန်မာမှ နေသွေးဦး ချန်ပီယံဖလား ရရှိ

အာရှဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင်  မြန်မာမှ နေသွေးဦး ချန်ပီယံဖလား ရရှိ
ဓာတ်ပုံ-မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်

မေ ၃ ။       ။ အိန္ဒိယနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၁၉ ခုနှစ် အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနှင့်အာရှစနူကာ ယူ၂၁ ပြိုင်ပွဲတွင်  မြန်မာကစားသမား နေသွေးဦးက ပြိုင်ဘက်ကစားသမား ထိုင်းနိုင်ငံသားအသက် ၅၆ အရွယ် ပရာပွတ်ကို အနိုင်ရကာ ချန်ပီယံဆုဖလား ရရှိခဲ့သည်။

မေ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က အိန္ဒိယနိုင်ငံ Chandigarh မြို့တွင် ၂၀၁၉ ခုနှစ်အာရှဘိလိယက်ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှစနူကာ ယူ၂၁ ပြိုင်ပွဲ ၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာကစားသမား နေသွေးဦးက ၆ ပွဲ နိုင် ၂ ပွဲရှုံးဖြင့် ထိုင်းမှ ပရာပွတ်ကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဆီမီးဖိုင်နယ်အဆင့်တွင် မြန်မာကစားသမား နှစ်ဦးဖြစ်သည့် နေသွေးဦး နှင့် ချစ်ကိုကိုတို့ ထိပ်တိုက် တွေဆုံခဲ့ပြီး နေသွေးဦးက အနိုင်ရရှိခဲ့သည်။

အခြားအုပ်စု၏ ဆီမီးဖိုင်နယ်အဆင့်တွင် အိမ်ရှင် အိန္ဒိယကစားသမား အက်ဗာနီ နှင့်ထိုင်းကစားသမား ပရာပွတ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာပရာပွတ်က အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်လာခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မြန်မာကစားသမား ချစ်ကိုကိုက တတိယဆု ရရှိခဲ့သောကြောင့် မြန်မာကစားသမား ၂ ဦး ဆုရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာကစားသမား အာရှချန်ပီယံဆုရှင် နေသွေးဦးမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် ကမ္ဘာဘိလိယက်နှင့် စနူကာ ပြိုင်ပွဲတွင် ဒုတိယဆု ရရှိထားသူ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly